ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
မြူနစ် (NSS) - အောက်တိုဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းနယ်မြေ အထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)/ပအိုဝ်း အမျိုးသားတပ်မတော် (PNA) ကပြောသည်။
လက်ရှိတွင် KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပင်လောင်း မြို့နယ်၊တောင်ဘက်ခြမ်းရှိ ကျေးရွာ အချို့နှင့် ညောင်ရွှေမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာအချို့တို့တွင် ဝင်ရောက်ကျူးကျော် နေထိုင်မှု များရှိနေကြောင်း PNO ထိပ်ပိုင်းအရာရှိတစ်ဦးက NSS ကို ပြောသည်။
“အဓိကတော့ သူတို့ (KNDF ပူးပေါင်းအဖွဲ့)က နယ်မြေကျူးကျော်လာတယ်ပေါ့နော်။ ကျွန်တော် တို့ နယ်ထဲမှာ လောလောဆယ် ကျန်နေတဲ့နေရာတွေကတော့ ညောင်ရွှေမြို့နယ် တောင်ဘက်ခြမ်း အစပ်ပေါ့။ ကျွန်တော်တို့ အထူးဒေသ (၆) နယ်မြေ နဲ့ ကယားနယ်မြေ အစပ်ထဲမှာပေါ့။ အဲဒီမှာ တစ်နေ ရာ ကျန်တယ်။ နောက်တစ်ခုက ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းက တောင်မဲသင်းမှာ ရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ မရှိတော့ဘူးပေါ့။ အဓိကတော့ ရှိတဲ့နေရာတွေကို ထုံးစံအတိုင်းပဲ နယ်မြေလုံ ခြုံရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်မယ်။ သူ့ နယ်မြေ သူ ပြန်သွားတဲ့အထိတော့ တိုက်ရမှာပေါ့။ တိုက်ထုတ်သွားမှာပေါ့ ” ဟု PNO ထိပ်ပိုင်းအရာရှိက ပြောသည်။ ထို့ပြင် KNDF ပူးပေါင်းအဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် ( PNLA ) ၏နယ်မြေအတွင်းသို့ ဝင်ရောက်နေထိုင်ကာ PNLA ယူနီဖောင်းဝတ်ဆင်ပြီးနောက် အသွင်ယူ နေထိုင်မှုများလည်းရှိနေကြောင်း ၎င်းက ထပ်မံ ပြော သည်။ ၎င်း KNDF ပူးပေါင်းအဖွဲ့ဝင်များကို KNDF အဖွဲ့ကခွင့်ပြုပေးထားသည့်အတွက် ဝင်ရောက်နေထိုင်ခြင်းမျိုးလည်းဖြစ်ကြောင်း သိရသည်။
KNDF နှင့် PDFပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃) ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ (၆) ရှိ ပင်လောင်းမြို့နယ်တစ်ဝိုက်တွင် တိုက်ပွဲများကို အပြင်းအထန်ကို ဖော်ဆောင်ခဲ့ဖူးသည်။
အဆိုပါတိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ် နန်းနိန် ရွာဘုန်းကြီးကျောင်းတွင်ရှိနေသည့် သံဃာတော်များအပါအဝင် အရပ်သားပြည်သူများမှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။ ထို့အတူ PNLA ၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၄) ခုနှစ် ဇန်နဝါရီ လပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) ရှိ ဆီဆိုင်မြို့နယ်ကိုလည်း တိုက်ပွဲများ အပြင်းအ ထန်ဖော်ဆောင်ခဲ့ဖူးသည်။ ယင်းဆီဆိုင်မြို့တိုက်ပွဲအတွင်း၌ အရပ်သားပြည်သူများစွာသေဆုံးခဲ့ရသ ကဲ့သို့ ဒေသခံပြည်သူလူထု၏ နေအိမ်များစွာမှာလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ