Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်

မြူနစ် (NSS) - အောက်တိုဘာ ၂

အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ် ရှိ သဖြင့် ဒေသခံပြည်သူများက သတိပြုရှောင်ရှားကြရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်း မှုများရှိ နေသည်။


မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာရှိသည့်အနက် ကိုးကန့်လက်နက်ကိုင် အဖွဲ့  MNDAA ၊ တအာင်းလက်နက်ကိုင်အဖွဲ့TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည့် စစ်ဆင် ရေးများကို ပူးပေါင်းဖော်ဆောင်ကာ နစကအ စိုးရ၏မြို့အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အနေ အထားတွင် ရှိနေသည်။ MNDAA နှင့် TNLA အဖွဲ့တို့သည် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ လောက်ကိုင်မြို့၊ ကျောက်မဲမြို့၊ နောင်ချို မြို့အပါအဝင် မြို့ပေါင်း(၁၀)မြို့ထက်မနည်းကို ထိန်းချုပ်နေသကဲ့သို့ AA အဖွဲ့သည်လည်း ရခိုင် ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း အပါအဝင် မြို့အချို့ကို ထိန်းချုပ်ထားသည်။

နစကအစိုးရအဖွဲ့သည်MNDAA၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့ များ အဖြစ် စက်တင်ဘာ (၂)ရက်တွင် သတ်မှတ်ကြေ ညာခဲ့သည်။ ယင်းပြင် နစကဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေ အနေ အရပ်ရပ်အပေါ်မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ (၃)ရက်တွင် သတိပေးထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာမှုနှင့်အတူ နစကဥက္ကဋ္ဌက သတိ ပေးထုတ်ဖော်ပြောဆိုမှုများ အပြီးတွင် တပ်မတော်ဘက်က MNDAA အဖွဲ့ ထိန်းချုပ်ရာမြို့များကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဆိုသကဲ့သို့ ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရသည်။ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ထိန်းချုပ်ရာမြို့များကို တပ်မတော်က စက်တင်ဘာ (၈) ရက်၊ (၉) ရက်၊ (၁၀) ရက်၊ (၁၃) ရက်၊ (၂၁) ရက်၊ (၂၄) ရက်နှင့် (၂၅) ရက်တို့ တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ TNLA အဖွဲ့ ထိန်းချုပ်ရာမြို့များနှင့် ဗဗ အဖွဲ့ထိန်းချုပ်ရာမြို့များကိုလည်း တပ်မတော် က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ကိုတွေ့ ရှိရသည်။ ယခုကဲ့သို့ တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အကြမ်းဖက်သမားများ သေဆုံးမှုအပြင် အရပ်သားထိခိုက် သေဆုံးမှု များရှိနေသကဲ့သို့ အဆောက်အအုံထိခိုက်ပျက်စီးမှု များလည်း ရှိနေကြောင်းသိရသည်။

ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့် အကြမ်းဖက်သမားများရှိရာနေရာများတွင် မနေထိုင်ဘဲ ရှောင်ရှားရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာအဖွဲ့မှအမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က NP News  ကို အကြံပြုပြောကြား သည်။

“ အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဌာနချုပ်တို့၊ စခန်းချတဲ့နေရာတွေနဲ့ နည်းနည်းလေးတော့ ဝေးအောင် နေကြဖို့လိုအပ်တယ်။ ကိုယ်တိုင်က သူတို့နဲ့တွဲနေရင်တော့ ဒါမျိုးက ရှောင်လွှဲလို့မရနိုင် တဲ့ပြဿနာတွေ အများကြီးဖြစ်နိုင်တယ်။ တချို့ကျတော့လည်း လူသား တံတိုင်းလုပ်ဖို့အတွက် အမိန့် အာဏာနဲ့ လက်နက်ပြ ခြိမ်းခြောက်ပြီးတော့ နေရာတစ်နေရာမှာ စုထားတာ မျိုးလည်းဖြစ်နိုင်တယ်။ ဒါမျိုးကျတော့လည်း မရှောင် လွှဲနိုင်တဲ့ကိစ္စတွေ။ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးပဲ။ အဲဒါတွေတော့ မပြောနိုင် ဘူးပေါ့နော်။ ဒါပေမဲ့ အခုန ကပြောသလို ဥပမာ-လားရှိုးလိုနေရာမျိုးမှာ လွတ်လွတ်လပ်လပ်နေ လို့ရတယ်ဆိုရင်တော့ အကြမ်းဖက် အဖွဲ့ရဲ့ လှုပ်ရှားတဲ့နေရာ၊ သူတို့စုဝေးတဲ့နေရာတွေကို တော့ အတတ်နိုင်ဆုံးရှောင်ပေါ့။ ဒါဆိုရင်တော့ မလိုလားအပ်တဲ့ဆိုးကျိုးတွေ ရှောင်ပြီးသားဖြစ်လာ ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ များ အဓမ္မဝင်ရောက်နေထိုင်သည့် မြို့ ရွာများတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကိုကာကွယ်ရန် ပြည် သူများ၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများကို အသုံးပြု မှုများရှိနေသည့်အပြင် လူသားတံတိုင်းအဖြစ် အသုံး ပြုရန်အတွက်လည်း နေရပ်စွန့်ခွာနေရသူများကို ပြန်လည်ခေါ်ဆောင်မှုများရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုံ့ ပြန်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသော မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး သတိပြုကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ထုတ်ဖော်အသိပေး ထားသည်။

“ တပ်မတော်က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အခါမှာ ပြည်သူတွေအနေနဲ့လည်း ဆက်သွယ်ရေး ကွန်ရက်က ကောင်းမွန်နေတဲ့အခါမှာ ဒီဟာ တွေကို ပြည်သူတွေလည်း သိနေရ တယ်လေ။ နေ့စဉ် ဘယ်မှာက ဘယ်လိုဖြစ်တယ်ဆိုတာကို သိနေရတဲ့ အတွက် ဒီအကြမ်းဖက် သမားတွေဝင်ရောက်ပြီးတော့ စီးနင်းထားတဲ့ မြို့ ရွာတွေမှာရှိတဲ့ ပြည်သူတွေအနေ နဲ့ကတော့ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အကြမ်းဖက် သမားတွေနဲ့ ဝေးဝေးနေတာအကောင်းဆုံးပေါ့။ ဒါ ဟာ ကိုယ့်အသက် အန္တရာယ်အတွက် လုံခြုံဖို့အရေး ကြီးတယ်။ ဖြစ်နိုင်ရင် အကြမ်းဖက်သမားတွေ အုပ် စီးထားတဲ့ နေရာတွေ ကနေ စွန့်ခွာနိုင်ရင် အကောင်းဆုံးပဲပေါ့။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကလည်း ကြိုတင်သတိပေးထားတာ ရှိပြီးသားဆိုတော့လေ။ ရှောင်ရှားသင့်တယ်” ဟု အမျိုးသားဒီမိုကရေစီပါတီ သစ်မှ ဒုဥက္ကဋ္ဌဦးခိုင်မင်းကလည်း  ပြောသည်။

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် တပ်မတော်၏ လေကြောင်းထိုးစစ်ဆင်မှုများကို ပိုမို မြင်တွေ့ရဖွယ်ရှိနေကြောင်းလည်း သုံးသပ်မှုများ ရှိ နေကြသည်။ "တပ်မတော်ကတော့ သူလုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်နေတယ်လို့ပဲ မြင်ရတယ်လေ။ ဆက်ပြီးတော့လည်း တပ်မတော်က အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်ကို အကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်မှုကနေ ပြည် သူလူထုတွေ လွတ်မြောက်ဖို့အတွက်ကို တပ်မတော် က လုပ်မှာပဲလေ။ ဒါသူ့ရဲ့ အဓိကတာဝန်ပဲလေ။ ဆိုတော့ ရှေ့လျှောက်ပြီး တော့လည်း ဒီထက်မက ပိုလုပ်လာမယ်လို့ပဲ မြင်ပါတယ်။ တပ်မတော်က ထိုးစစ်တွေ ပိုလုပ်လာမယ်လို့ပဲ မြင်ပါတယ်"ဟု ဦးခိုင် မင်းက ဆက်လက်သုံးသပ်ထားသည်။

ယခုကဲ့သို့ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသကဲ့သို့ အရပ်သား ပြည်သူများလည်း ပဋိပက္ခ ကြားတွင်ညပ်၍ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သက်ဆိုင်ရာဒေသခံများက ဆိုကြသည်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved