မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ

ယွန်း (NSS) - အောက်တိုဘာ ၂
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် Myanmar Airways International(MAI)မှ BCIM ဆုရရှိခဲ့ကြောင်း MAI မှ အသိပေး ထုတ်ပြန်ထားသည်။
Jobnet.com.mm မှ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အကောင်းဆုံး ကုမ္ပဏီစစ်တမ်းတွင် ဝန်ထမ်းများမှ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ကျေနပ်မှု နှင့် ကုမ္ပဏီ နှင့် ဝန်ထမ်းများအကြား ချိတ်ဆက်ထားရှိမှုများကို ပါဝင်ဖြေဆိုအဆင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့အဆင့်သတ်မှတ်ပေးခဲ့ရာ MAI အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်သတ်မှတ်ချက်အများဆုံးရရှိသည့် ကုမ္ပဏီများတွင် တစ်ခုအဖြစ်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၎င်းသည် MAI လေကြောင်းလိုင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် BCIM(Best Companies To Work In Myanmar) စာရင်းဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် BCIM ဆုရရှိသည့် ပထမဆုံးလေကြောင်းလိုင်းအဖြစ်ပါ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ BCIM ဆုကို အဓိကလုပ်ငန်းခွင်ဆိုင်ရာ နယ်ပယ်(၇)ခုဖြစ်သည့် ကုမ္ပဏီ၏ရည်ရွယ်ချက်နှင့် နည်းဗျူဟာဆိုင်ရာပေါင်းစပ်ကိုက်ညီမှု၊ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုအပါအဝင် အခြားအချက်များအပေါ်တွင် ဝန်ထမ်းများ ၏သုံးသပ်ချက်များကိုအခြေခံ၍ စစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
RELATED POSTS
22 Apr 2025 | အထွေထွေ,ပြည်တွင်း
08 Apr 2025 | အထွေထွေ,ပြည်တွင်း
02 Apr 2025 | အထွေထွေ,နိုင်ငံတကာ