Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)

သုတကျော် (NSS) - အောက်တိုဘာ ၁

  ထိုနေ့က စက်တင်ဘာလ (၁၁) ရက်ဖြစ်သည်။ မိုးက သည်းကြီးမည်းကြီးရွာနေသောကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်က ဆင်သေရွာ တစ်ရွာလုံး မိုးစက်များ၏အောက်တွင် ငြိမ်ကုပ်နေကြ၏။ မကြာမီဖြစ်ပေါ်လာမည့်ဘေးကို မသိကြသေးပေ။

ရေကြီးနိုင်သော်လည်း အနည်းငယ်သာ ပုံမှန်ဖြစ်နေကျအတိုင်း ရေတက်မည်ထင်သောကြောင့် ရွာသားများအားလုံး စိတ်ချလက်ချရှိနေကြသည်။ သို့သော် သတင်းများကိုတော့ နားစွင့်နေကြ၏။ ဖေ့စ် ဘွတ်ခ်သုံးသူအချို့ကလည်း လိုင်းပေါ်တွင်တက်လာ သော မိုးလေဝသသတင်းများကိုဖတ်ရင်း မိသားစု ကို သတင်းပြန်ပေးနေကြသည်။

ရေက တက်မည်။ အခြားနေရာများတွင်လည်း ရေတက်လာသည်။ သို့သော် ဆင်သေရွာအတွက် အလွန်အမင်းရေကြီးမည်မဟုတ်ဟုပင် အားလုံးက ထင်မှတ်ထားကြသည်။ 

“ ပထမ ညောင်ပင်သာရွာဘက်မှာ ရေဝင်တယ် လို့သတင်းစကြားတယ်။ သတင်းစကြားတော့ အဝေ ရာဆည်ကနေမှ တုပ်ထားတဲ့တမံကို ည (၇) နာရီခွဲ လောက်မှာသွားပြီး အခြေအနေကိုသွား စောင့်ကြည့်ပါတယ်။ ကြည့်တဲ့အခါမှာ တမံကို ရေကျော်ဖို့ သုံးပေ လောက်လိုသေးတယ်။ လိုသေးတဲ့ အနေအထားဆိုတော့ ကျွန်တော်တို့ရွာကို ကျော်ကျနိုင်လိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ မထင်ခဲ့တော့ ရွာကို လည်း သတိပေး နှိုးဆော်တာတွေ မလုပ်ဖြစ်ခဲ့လိုက်ရဘူး” ဟု ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော် ဌေးလွင်က ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြောပြသည်။

ရေကာတမံကိုကျော်ပြီးနောက် ကျဆင်းလာသော ရေအလျဉ်သည် ဆင်သေချောင်းရေ၊ တောင်ကျရေ တို့နှင့်အတူ ဆင်သေရွာသို့ လျင်မြန်သောအဟုန်ဖြင့် ညပိုင်း (၈) နာရီကျော်တွင် စတင် ဝင်ရောက်လာခဲ့ရာ နာရီဝက်ပင်မပြည့်သောအချိန်အတွင်း တစ်ရွာလုံးကို လွှမ်းခြုံသွားတော့၏။ 

လယ်ယာကိုင်းကျွန်းဖြင့် လုပ်ကိုင်စားသောက်ရသော လယ်သမားတို့အတွက် ကျွဲ၊ နွားတို့မှာ ကျေးဇူးရှင်များ ဖြစ်သကဲ့သို့ မရှိမဖြစ်သောအရာများလည်း ဖြစ်သည်။ မွေးထားသော ကြက်၊ ဘဲ အစရှိ သည့် တိရစ္ဆာန်တို့မှာလည်း ရေတက်လာလျှင် ပိတ်လှောင် သေကုန်ရန်သာရှိတော့မည်။ ဆုံးရှုံးရလျှင် လည်း ပြန်လည်ဝယ်ယူရန်မှာ မလွယ်ကူ။ ထို့ကြောင့် ကနဦးအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုကို အလျင် အမြန် ချလိုက်ကြရ၏။ ကံကောင်းလျှင် ပြန်ရပေလိမ့်ဦးမည်ဆိုသော မျှော်လင့်ချက်လည်းပါသည်။ 

“ ရောက်လာတာနဲ့နေလို့ မဖြစ်တော့ဘူး။ အိမ် အမြင့်တောင် ရေတက်ဖို့က နည်းနည်းပဲကျန် တာ။ ဒါနဲ့ လူတွေလည်း ဘယ်လိုမှမတတ်နိုင်တော့ဘူး ဆိုပြီး ရှိတဲ့တိရစ္ဆာန်တွေကို ကြိုးဖြတ်ထုတ် လိုက်ရတာ” ဟု ဆင်သေရွာမှ ဒေသခံ ဦးမောင်ပုကဆိုသည်။

ရုတ်တရက်တက်လာသောရေဘေး၌ ရပ်ရွာ တွင်နေထိုင်သူတို့၏စည်းလုံးမှုကိုလည်း ဆင်သေရွာ ဖြစ်စဉ်တွင် မြင်ရ၏။ အိမ်အမြင့်တွင်နေထိုင်သူများက အနီးပတ်ဝန်းကျင်ရှိ အနိမ့်ပိုင်းမှနေထိုင်သူများကို ခေါ်ယူနေရာပေးခြင်းများရှိခဲ့သည်။ 

“ မြင့်တဲ့အိမ်တောင် အပေါ်ထပ်ကိုထိဖို့ တစ်ပေ လောက်ပဲကျန်တယ်။ အဲဒီညကမအိပ်ရဘူး” ဟု ဦးမောင်ပုကဆိုသည်။

အသက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ခင်မမကလည်း ယခုကဲ့သို့ တစ်ဟုန်ထိုး ရေ တက်လာမည်ဟု မထင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့ပြင် ဆင်သေရွာအနိမ့်ပိုင်းသို့ ရေဝင်သော်လည်း အမြင့် ပိုင်းအထိ ရေမတက်ဟု ထင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ 

“ ရေတက်တာ ကြားတော့ကြားနေရပေမယ့် ကိုယ့်ဘက်ကတော့ ရေမတက်လောက်ပါဘူးပေါ့။ ရေလာတယ်ဆို မြောက်ဘက်ခြမ်းမှာနေလိုက်တာ။ ဟိုးတုန်းကတော့ မိုးရေလောက်ပဲရှိတာပေါ့။ အဲဒီ လောက်ကြီး မများဖူးဘူး” ဟု ၎င်းကဆိုသည်။ 

အချိန်က ည။ ရေကလည်း တစ်ဟုန်ထိုး တက်နေသည်။ ရေပြည့်သွားခဲ့လျှင် အားလုံးမျောပါ သွားကြရတော့မည်။ ထို့ကြောင့် ဘုရားသာ တနေကြရသည်။ ကံကောင်းသည်က စက်တင်ဘာ (၁၂) ရက် နံနက် အစောပိုင်း (၂) နာရီခန့်တွင် ရေတက်ရပ်သွားသည်။ “ဒီညတော့ သေတော့မလားဆိုပြီး တွေးမိပါတယ်။ တကယ်တမ်း မနေနိုင်လောက်မှ အိမ်ကလည်း တစ်တောင်လောက် ကျန်တော့မှ ရေနည်းနည်းလျော့တော့ ပြေးပါတယ်။ ရေလာတော့ ဝေါဝေါနဲ့လာပါတယ်။ လေယာဉ်ပျံဆင်းနေသလား တောင် အောက်မေ့ရပါတယ်။ နွားလည်း ကြိုးဖြတ်လိုက်ရတယ်။ တန်းလျား၊ စားပွဲလည်း အကုန်ပါပါ တယ်။ ကိုယ့်မှာ ရင်ထုမနာဖြစ်ရတယ်” ဟု ဒေါ်ခင်မမကဆိုသည်။ ဆင်သေရွာ ရေဘေးအတွက် ဒေသခံ များ၏ စိုးရိမ်မှု ကို သိသိသာသာဖော်ပြပေးနိုင်သည့် ပြယုဂ်တစ်ခုမှာ ဆင်သေရွာ စာသင်ကျောင်း ခေါင်မိုးသွပ်ပြားမှ အပေါက်ပင်ဖြစ်သည်။ ရေအလွန်အမင်းမြင့်ချိန်တွင် စိုးရိမ်စိတ်ကြီးမားသူများက ကျောင်းခေါင်မိုးသွပ်ကို ပင်ဖောက်ကာ အပေါ်ထိတက်နေကြသည်။ 

“ သူတို့ပြောစကားအရတော့ ဒီကျောင်းတွေရဲ့ အပေါ်မှာ သွပ်တွေကိုဖောက်ပြီး အပေါ်ထပ်အထိ တက်နေခဲ့ရတာတွေရှိခဲ့တယ် ပြောပါတယ်။ ဒီကျောင်းတွေက နှစ်ထပ်အဆောက်အအုံလည်းဖြစ်တော့ သူတို့ အားကိုးရာနေရာတော့ဖြစ်ခဲ့မှာပေါ့။ ဘာလို့လဲဆိုတော့ ဖြတ်ကြည့်လိုက်ရင် ရွာထဲကအိမ်တွေ က ဒီကျောင်းထက်စာရင်တော့ နိမ့်ကြတယ်ပေါ့။ ဒီကျောင်းမှာလာနေတာတော့ ရှိခဲ့တယ်လို့သိရတယ်” ဟု ဆင်သေရွာမှရေဘေးသင့်ပြည်သူများကို ကူညီနေသော ကာကွယ်ရေးနှင့်အပူပိုင်းဆေးပညာမှ အထူးကု သမားတော် ဒေါက်တာပြည့်ထူးက ဆိုသည်။

ပြင်ထန်သောရေစီးက အချို့အိမ်များကို ပြိုစေသည်။ ရေစီးသန်သောနေရာတွင် အုတ်နံရံကို ပြို သည်အထိ ရေကတွန်းတိုက်သည်။ အချို့အိမ်များကို ယိုင်နဲ့သွားစေသည်။ အချို့အိမ်များကမူ အလုံး လိုက် ပင်ကျွတ်သော ဖြစ်စဉ်များလည်းရှိခဲ့သည်။ 

ရွာသူ၊ ရွာသား အများစုမှာ ရေဘေးမှ အသက် ချမ်းသာရာရခဲ့သော်လည်း အချို့က ပိတ်မိခဲ့ကြ  သေး၏။ အချို့က သစ်ပင်တွင် တွယ်ကပ်နေသူများလည်း ရှိ၏။ ပိုဆိုးသူများမှာမူ ရေနှင့်အတူမျောပါ ပျောက်ဆုံးသွားကြပြီး အချို့က အလောင်းပင် ပြန်မရတော့ချေ။ ဆင်သေရွာတွင် သေဆုံးပြီဟု အတည် ပြုနိုင်သူ (၇) ဦးနှင့် လက်ရှိအချိန်အထိ ရှာမတွေ့သေးသူ (၇) ဦး ခန့်ရှိသည်။ 

“ ဆင်သေက ရေတက်တုန်းမှာ သွားရခက်တာ။ တော်တော်လေးကယ်ရတယ်။ တချို့ဆို ပိတ်မိနေလို့ နှစ်ရက်လောက်ကြာမှ ကယ်နိုင်တာမျိုးလည်းရှိတယ်။ သစ်ပင်မှာတွယ်နေရင်း ငိုပြီးအကူအညီတောင်းတာ လည်းရှိတယ်” ဟု ဆင်သေရွာကို ကိုယ်တိုင်ကယ် ဆယ်ရေးသွားခဲ့သူ ပရဟိတ သမားတစ်ဦးကဆိုသည်။

ရေစီးကြောင့် မျောပါသွားသူများအနက် အချို့ကိုကယ်နိုင်သည်။ အချို့ကို ကယ်ရန်ကြိုးစားသော် လည်း လက်လွတ်သွားသောကြောင့် ရင်နာနာဖြင့် ကြည့်လိုက်ရသောအခြေအနေလည်းရှိသည်။ ဆင်သေရွာမှရွာခံများသည် သေဆုံးသူများအကြောင်း စကားစလျှင် မှိုင်တွေသွားကြ၏။ အချို့က ပြော ရင်း ဆို့နင့်သွားပြီး ဆက်မပြောနိုင်တော့။ ဒေါ်ခင်မမ ကတော့ ၎င်းနှင့်နီးစပ်သူအချို့ ရေစီးနှင့်မျောပါသွား သည့် အကြောင်းဇာတ်လမ်းကို ပြောပြနိုင်သေးသည်။ သို့သော် ဝေသီသောမျက်လုံးဖြင့် ဖြစ်သည်။ 

“ သားမက်က သွားကယ်ပါတယ်။ သူ့ကြီးကြီးနဲ့ တူပေါ့။ ကုန်းပိုးပြီးသွားကယ်သေးတယ်။ မရတော့ လှေနဲ့သွားကယ်ပါတယ်။ ရေလုံးကတိုက်လာတော့ လှေက လူးပြီးပြုတ်ကျတယ်တဲ့။ နောက်တစ်ခါ ပြန်ဆယ်တယ်။ သုံးခါဆယ်တာကို သုံးခါလုံးမရခဲ့ပါဘူး။ ရေလုံးကြီးက သူတို့အပေါ်ကို ကျော်သွားတယ်။ ကြီးကြီးရော တူရော မကယ်လိုက်နိုင်ဘူး။ တူက ကျောင်း သားလားမသိဘူး။ ရှာလို့ မတွေ့သေးပါဘူး။ သူက ဆွမ်းသွတ်ပြီးပြီ။ ကြီးကြီးက မသွတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။ 

အလားတူ ကယ်ဆယ်ရင်း အသက်ဆုံးရှုံးရသူများ ရှိသကဲ့သို့ ပြေး၍မလွတ်သောကြောင့် မျောပါ သွားသူများလည်း ရှိနေသည်။ “ ရေတွေလာမယ်ဆိုတော့ ပြေးရင်းနဲ့ ရေနောက်ပါ သွားတာ။ ကြီးတွတ် ဆိုရင် ပြေးရင်းနဲ့မှ လှည်းကနေ ပြုတ်ကျပြီး ရေနောက်ပါသွားတာ” ဟု အခြား ဆင် သေရွာခံ အမျိုးသမီး တစ်ဦးကဆိုသည်။ 

အားလုံးက တညီတညွတ်တည်းဆိုကြသည့် အချက်မှာ ဆင်သေရွာတွင် ယခုကဲ့သို့ ရေမတက်ခဲ့ ဖူးဘူး ဆိုသော စကားပင်ဖြစ်သည်။ ထို့ကြောင့်လည်း  ရေ အလုံးအရင်းဖြင့်တက်လာမည်ဟု မမျှော်လင့် မိခဲ့ကြ ခြင်းဖြစ်သည်။ သို့သော် ဆင်သေရွာ တစ်ရွာတည်းက သာထင်ခြင်းမဟုတ်။ ယခုတစ်ကြိမ် ရေ ကြီး နစ်မြုပ်ခဲ့ရာ နေရာအတော်တော်များများကလည်း အလားတူပင် သဘောထားရှိနေသည်။ 

တိုက်ဖွန်းမုန်တိုင်း ရာဂီနောက်ဆက်တွဲ အရှိန် ကြောင့် မြန်မာနိုင်ငံအတွင်းက တောင်ပေါ်မြို့ အချို့ အပါအဝင် မြို့နယ်ပေါင်း(၅၀)ကျော် ရေဘေးသင့်ခဲ့ ပြီး လူသိန်းနှင့်ချီရေဘေးရှောင်ခဲ့ရကာ သေဆုံးသူများ လည်းရှိခဲ့သည်။ ဆင်သေရွာ၏ဖြစ်စဉ်မှာ အဆိုပါ ဖြစ်စဉ်များထဲမှတစ်ခုသာဖြစ်သည်။ ဆင်သေရွာ တစ် ရွာတည်းတွင်ပင် ပျက်စီးမှုကမနည်းလှပေ။ 

“ ကျွန်တော်တို့ ပြန်စိစစ်လိုက်တဲ့အချိန်မှာ လုံးဝပျက်စီးသွားတဲ့အိမ်က အိမ်ရှစ်ဆယ်လောက် ရှိပါတယ်။ တစ်ဝက်တစ်ပျက်ပျက်စီးတဲ့အိမ်က သုံးရာ လောက်ရှိပါတယ်။ တစ်ရွာလုံးမှာ အိမ်ခြေက ခြောက် ရာ့ရှစ်ဆယ်လောက်ရှိပါတယ်” ဟု ကိုယ်တိုင် ရေဘေးကြောင့် ပိုင်ဆိုင်မှုများကိုဆုံးရှုံးခဲ့ရသူ ဆင်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဌေးလွင်ကဆိုသည်။

ရေဘေးကြုံပြီးနောက် နေအိမ်မှစွန့်ခွာသူများကို ရေဘေးရှောင်စခန်းများတွင် နေရာချထား သည်။ အသက်ဘေးမှလွတ်မြောက်သောကြောင့် စိတ်ချမ်း သာရသော်လည်း အခက်အခဲက မကုန်သေး ပေ။ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ကြရဦးမည်ဖြစ် သည်။ သို့သော် စားရေး၊ သောက်ရေး အတွက်လည်း လိုအပ်ချက်များ ရှိနေသည်။ 

“ ကျေးရွာအနေနဲ့ လိုအပ်တာကတော့ လောလောဆယ်တော့ စားဖို့ပေါ့ဗျာ။ ဆန်အလှူရှင်တွေ လည်းလာပို့ထားပါတယ်။ ရွာမှာဆို အိမ်ထောင်စု (၆၈၀) ရယ်၊ နောက်တိုး အိမ်ထောင်စု (၇၀) ရယ်ကို တစ်အိမ်ထောင် ခြောက်ပြည်နှုန်းနဲ့တော့ ခွဲဝေ ပေးထားပါတယ်” ဟု ဆင်သေရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးလွင်ကဆိုသည်။

ဆင်သေရွာသားများအနက် အချို့က ရွာတွင် ပြန်နေကြပြီဖြစ်သော်လည်း နေအိမ်သို့ မပြန်ရသေးသော ရွာသူရွာသားများလည်း ရှိသေးသည်။ 

“ ကြုံနေရတဲ့ အခက်အခဲကတော့ ရေရှည်ပေါ့။ ရေရှည်ကြည့်ရတာပေါ့။ အလှူရှင်တွေက စစဦး ချင်း ဆိုရင်တော့ အုန်းဒိုင်းအုန်းဒိုင်း ရောက်လာကြတာပဲ။ ရေရှည်ဖြစ်လာတဲ့အခါကျတော့ နည်းနည်း လေး ခက်ခဲလာတယ်။ ဘာတွေလိုအပ်လဲလို့မေးရင်တော့ ဆန်၊ ဆီ၊ ဆား၊ ဆေး ဆိုတာက လိုအပ်တယ်။ နေ့စဉ် အလှူရှင်မရှိလည်းပဲ ဦးဇင်းတို့က ချက်ကျွေးရမှာ ဖြစ်တဲ့အတွက် ဒါတွေက အဓိကလိုအပ်နေ တာဖြစ်ပါတယ်” ဟု ဆင်သေရွာမှ ရေဘေးရှောင်ပြည်သူများ ကိုစောင့်ရှောက်ပေးနေသော ပုရွက် ဆိတ်ကုန်းရွာ၊ ကျွန်းတောကျောင်းတိုက်မှ ကျောင်းတိုင်ဆရာတော် ဦးပဏ္ဍိတက မိန့်ကြားသည်။

ဆင်သေရွာသို့ဝင်လာသောရေသည် သူ့ချည်း လာခြင်းမဟုတ်။ နုန်းများကိုပါသယ်ယူလာခဲ့သည်။ ထို့ကြောင့် ဆင်သေရွာသည် ရေကျသွားသော်လည်း နုန်းများတင်ကျန်ခဲ့သည်။ ရိုးရိုးရေကြီးပြီး ရေကျ သွားသည့် မြင်ကွင်းမျိုးမဟုတ်ဘဲ အိမ်အတော်များများတွင် နုန်းများဝင်ရောက်နေရာ ရှင်းလင်းရေးမှာ ခက်ခဲနေ သည်။ 

“ စားဝတ်နေရေးကတော့ တော်တော် ခက်ခဲသွားတာပေါ့။ ဘုန်းဘုန်းကလည်း မပြန်နဲ့ဦး။ တော် တော်လေးပြည့်စုံမှပြန်ပါလို့ တားပါတယ်။ ဒီလိုလေး နဲ့ပဲနေရပါတယ်။ လာလှူတဲ့သူတော့ များပါတယ်။ စီး ပွားရေးကတော့ ပြန်ထူထောင်နိုင်မယ်မထင်တော့ ဘူး။ အိမ်ပြန်တော့လည်း သွားမယ်ဆို နုန်းက ဒူး လောက်ရှိတယ်။ နုန်းကလည်း နုန်းပျစ်။ သဲမြေမဟုတ် ဘူး။ ရဲဝါဝါကြီးတွေ။ ဆေးလိုက်ရင်လည်း တော် တော်နဲ့မပြောင်ဘူး” ဟု ဒေါ်ခင်မမကဆိုသည်။ 

ရေကျသွားပြီဖြစ်သော်လည်း ဆင်သေရွာတွင် ဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကို ဂရုစိုက်ရန် လိုအပ်နေသေးသည်။ ထို့ပြင် ရွှံ့ပုပ်အနံ့ကလည်း ပြန်လည်ဝင်ရောက်သူများကို စိတ်အနှောင့် အယှက်ပေးနေသည်။ 

“ အခု လိုက်ပြီးတော့ကြည့်ပေးနေတဲ့ ရေဘေး ရှောင်တဲ့နေရာတွေမှာတော့ ဝမ်းရောဂါမဖြစ် သေးပါဘူး။ မဖြစ်အောင်တော့ လုပ်နေတယ်။ ကျန်းမာရေး ဌာနကလည်း အားထည့်ပြီးလုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သောက်သုံးရေကိစ္စ စီမံခန့်ခွဲမှု မလုပ်နိုင်ရင် ဝမ်းရောဂါတို့ သွေးလွန်တုပ်ကွေး ရော ဂါတို့ဖြစ်နိုင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန် ကြားချက်တွေကို သေချာလိုက်နာပြီး ဆောင်ရွက် သင့်တယ်” ဟု ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာမှ အထူးကု သမားတော် ဒေါက်တာပြည့်ထူးကဆိုသည်။ 

နေအိမ်ထိခိုက်သွားသူများအတွက်မူ ရွာသို့ ပြန်ရန် ရက်က ဝေးနေဦးမည်ဖြစ်သည်။ ရေဘေး ရှောင်စခန်းတွင် ယာယီနေထိုင်နေရသူများက အလှူရှင်များ ၏လှူဒါန်းမှုကြောင့် စားရေးသောက်ရေး အဆင်ပြေသော်လည်း အိမ်သို့ပြန်လိုကြ၏။ ရွာတွင် ပြန်လည် အခြေချနေထိုင်သူများအတွက်မှာမူ လတ် တလော စားရေးသောက်ရေးမှာ အဓိကဖြစ်လာနေသည်။ 

“ ကျွန်မကတော့ ပျက်စီးသွားတဲ့သူတွေကို ပြန်ပြီးကူညီထောက်ပံ့ပေးစေချင်ပါတယ်။ ဒါလေးကိုပဲ တောင်းဆိုချင်တာပါ” ဟု ဆင်သေရွာမှ ဒုက္ခသည် တစ်ဦးကဆိုသည်။ 

ယခုအခါ ဆင်သေရွာသည် တစ်ကြိမ်မျှ မကြုံဖူး သောရေဘေးကို ဆိုးဆိုးရွားရွားကြုံရပြီးသည့် နောက် ရေနှင့်ပတ်သက်၍ စိတ်ဒဏ်ရာပင်ရနေသည့် အခြေအနေဖြစ်သည်။  

“ ရေကြီးတာကိုမြင်ရင် ကြောက်နေပြီ။ မကြုံမှ မကြုံဖူးတာကိုး” ဟု ဒေါ်ခင်မမက မျက်ရည်ဝဲ သော မျက်လုံးဖြင့်ဆိုသည်။ ဒေါ်ခင်မမသည် စကားပြောရင်း အသံတိမ်ဝင်သွားသည်။ အနာဂတ်ကို တွေးပြီး ပိုရင် လေးနေဟန်လည်းတူလေသည်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved