အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို

သုတကျော် (NSS) - အောက်တိုဘာ ၁
ရခိုင်ပြည်နယ်ရှိ ၎င်းတို့ထိန်းချုပ်ရာဒေသသို့ အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏ အမိန့်သည် ဒေသတွင်းနေထိုင်သူများအတွက် အရည် အသွေးနိမ့်အရက်များသောက်သုံးကာ သက်တမ်း တိုစေ ခြင်းသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော ရခိုင်အရေးကျွမ်းကျင်သူတစ်ဦးက NSS သို့ ပြောသည်။
ရခိုင်ပြည်နယ်သို့ ပြည်ပနှင့်ပြည်မဘက်မှ အရက်၊ ဘီယာတင်သွင်းခွင့် ကန့်သတ်ပိတ်ပင် ကြောင်း AA က စက်တင်ဘာလ (၁၉)ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ကာ လက်ကျန် အရက်၊ ဘီယာများကို (၃) လအတွင်း အပြီးရောင်းချရမည်ဖြစ်ကြောင်း ဆိုထားသည်။
ထိုသို့ အမိန့်ထုတ်ခြင်းသည် ဒေသအတွင်းတွင် ဈေးနှုန်းသက်သာစွာ သောက်သုံးနိုင်ရန်လည်း မျှော်လင့်ခြင်းဖြစ်ကြောင်း AA နိုဗာ(၁) စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးကပြောသည်ဟု ပြည်ပရောက် မီဒီယာတစ်ခုက ရေးသားထားသည်။
“ ရင်နာစရာကောင်းတာတွေ ဖြစ်လာလိမ့် မယ်လို့ပဲပြောချင်တယ်။ ဘာလို့လဲဆိုတော့ အရက် ဆိုတာမျိုးက ပိတ်ထားရင် ပိတ်လို့ရမယ်။ သူတို့က ကိုယ်တိုင်က ဥပဒေဖြစ်နေတဲ့သူတွေဆိုတော့ အရမ်း တင်ကြပ်မှာပေါ့။ ဒါပေမဲ့ သေချာတယ်ဗျ။ မှောင်ခိုသမားအတွက်က ထွက်ပေါက်ဆိုတာ ရှိကို ရှိတယ်။ ဟုတ်ပြီ မှောင်ခိုကြောင့် အရက်ဈေးတက်မယ်ထား။ အခုလည်း ရခိုင်မှာအရက်ဈေးက မိုးလောက်မြင့်နေ တာ။ မှောင်ခိုကြောင့်လည်း ဈေးကတက်နေဦးမှာပဲ။ အဲဒီတော့ ဒေသထဲမှာချက်တဲ့တောအရက်တွေ ရတာသောက်ကြတော့မှာ။ တောအရက်က ဘယ်သူက အရည်အသွေးလိုက်စစ်နိုင်မှာလဲ။ အဲဒီတော့ အရည်အသွေးက လုပ်ချင်သလိုလုပ်မှာ။ စီးပွားရေး သမားလေ။ အဲဒါသောက်ရင် သေမှာပဲ။ သက်တမ်းတိုအောင် တမင်လုပ်သလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် လက်ရှိ ရခိုင်ပြည်နယ်တွင် ဒေသအတွင်း အစေ့ချေဟုခေါ်သော WY ဆေးပြားများ ယခင်ထက် ပိုမိုတွင်ကျယ်လာနေရာ မူးယစ်ဆေး သုံးစွဲသူများလည်း ပိုမိုတိုးပွားလာဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“ ရန်ကုန်မှာ သုံးထောင်လောက်ရှိတာက သူတို့ဆီ သောင်းကျော်ချင်ကျော်နေတာ။ ဝယ် သောက်နေကြတာပဲ။ နိုင်ငံခြားအရက်ကို မဝယ်ရဘူး ဆိုရင် အဲဒီကလူတွေ၊ အောက်ခြေကလူတွေက ချက်အရက်သောက်ဖို့ပဲ ရှိတော့တယ်။ ချက်အရက် သောက်ရင် မြန်မြန်သေမယ်။ နောက်တစ်ချက်က နိုင်ငံခြား အရက်လိုချင်ရင် ပါမစ်ပေါ့။ အခုသွားနေတဲ့ ကားတွေဆိုရင်လည်း ပစ္စည်းတွေသယ် နေကြတာ ပဲ။ သယ်ကြတဲ့အခါကျတော့ ဒီပစ္စည်းရောက် လာတယ် ဘယ်လောက်ပေးဆိုပြီး သူတို့နဲ့ လက်သိပ်ထိုး ထား ရင်ကောပေါ့။ ခေတ်ပျက်မှာ အဲဒီလို သူဌေးတွေက အများကြီးဖြစ်သွားမှာ။ အစဦးဆုံး ချချချင်းမှာ ဒီဥစ္စာ တွေထက် လုပ်ရမယ့်ဟာတွေက အများကြီးပဲ}ဟု ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့တွင် ပြောင်းရွှေ့ အခြေချနေထိုင်သူတစ်ဦးက ဆိုသည်။
NSS က စုံစမ်းသိရသော ကနဦးသတင်းအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် WY စိတ်ကြွဆေးပြားကို AA ထိန်းချုပ်ရာနယ်မြေများတွင် လက်သိပ်ထိုးနည်းဖြင့် သယ်ယူမှုပိုမိုများပြားလာသည်ဟုသိရကာ အဆိုပါ အချက်ကို သီးသန့်အတည်ပြုနေဆဲဖြစ်သော်လည်း ဆက်သွယ်ရေး အခြေအနေကြောင့် ခက်ခဲနေသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
RELATED POSTS
19 May 2025 | မှုခင်း,ပြည်တွင်း
18 May 2025 | မှုခင်း,နိုင်ငံတကာ