Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ

သန့်ဇင် (NSS) - အောက်တိုဘာ ၁

နိုင်ငံတစ်ဝန်း၌ PDF အကြမ်းဖက်သမားများ သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေသည်။


မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်၊ဖေဖော်ဝါရီလမှစ ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီး နောက် ပြည်တွင်း၌ PDF လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာပေါ်ပေါက်လာခဲ့ပြီး ပဋိပက္ခမျိုးစုံ ဖြစ်ပွားခဲ့သည်။ ထို့ပြင် အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ်များသည်လည်း နိုင်ငံအတွင်း၌ ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနေလျက်ရှိရာ အကြမ်းဖက်သတ်ဖြတ်ခံရသူပေါင်း (၈၁၀ဝ) ဦး ထိရှိပြီဖြစ်ကြောင်း နစကမှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံရေးအရ ၎င်းတို့၏ရပိုင်ခွင့်များ မရှိတော့ ကြောင်း ထင်မြင်သိရှိလာသည့်အတွက် မထူးဇာတ်ခင်း၍ ယခင်ထက်အကြမ်းဖက်မှုများကို ပိုမိုပြုလုပ် လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NSS သို့ သုံးသပ်ပြောကြားသည်။

“ အခု နစကဘက်ကသွားတာတော့ နိုင်ငံရေး အရလည်း ဖွင့်ပေးထားတယ်။ တစ်ဖက်က ဘယ် လို ဖြစ်လာလဲဆိုတော့ သူတို့ဟာသူတို့ နယ်မြေတွေ သိမ်းတာတွေ၊ ချတာတွေ ဘယ်လိုပဲလုပ်လုပ် လက် ရှိမှာ တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်တဲ့ အစိုးရအနေအထားကို ရောက်ဖို့လည်း မဖြစ်နိုင်ဘူး။ ဖြစ်လာစရာ အကြောင်းကလည်း ရှိမှာမဟုတ်တဲ့အတွက် သူတို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးအရ အဲဒီ ရည်ရွယ်ချက်မပြည့်မြောက်ဘူးဆိုရင် အကြမ်းဖက်မှုကို ပိုပြီးတော့ တိုးလုပ်လာနိုင်ခြေရှိတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုများသည် နစကအစိုးရ၏ အာဏာသက်ရောက်မှုနည်းပါသည့် ဒေသများတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “ အထင်ရှားဆုံးဆိုရင်တော့ အခြေခံနယ် မြေတွေဖြစ်တဲ့ အစွန်အဖျားတွေပေါ့။ ပြောရရင်တော့ ဗဟိုအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတဲ့နေရာ ပေါ့။ အဲဒီနေရာကျရင်တော့ ဖြစ်လာနိုင်ခြေရှိတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့ရဲ့စိုးမိုးမှုနဲ့နောက် တစ်ခါကြတော့ အာဏာသည် သေနတ်ပြောင်းဝက ထွက်သည် ဖြစ်လာတာကိုး။ သေချာတာသည် သူတို့ ပိုပြီးတော့ လှုပ်ရှားသွားလာမှုများတဲ့နေရာ၊ ဗဟိုအစိုး ရရဲ့ အာဏာမထိရောက်တဲ့နေရာ၊ နည်းနည်းအား ပျော့ တဲ့နေရာ။ အဲဒီလိုမျိုးတွေမှာ ပိုပြီးဖြစ်နိုင်မယ်” ဟု ၎င်းက ထပ်မံပြောသည်။

အကြမ်းဖက်သတ်ဖြတ်မှုများ အင်အားကြီးမား လာပါက ပြည်သူလူထုက အကြမ်းဖက်သမား များကို ယခင်ကထက် ပိုမိုရွံမုန်းလာနိုင်ပြီး ထိုမှတစ်ဆင့် လူထုနှင့်အကြမ်း ဖက်အဖွဲ့အစည်းများအကြား တင်းမာမှုများပိုမိုဖြစ် ပေါ်လာနိုင်ကြောင်းလည်း ဦးသိန်းထွန်းဦးက သုံးသပ်ပြောဆိုထားသည်။ “ အကြမ်းဖက်မှုက အရမ်းရေရှည်ဖြစ်လာလို့ လူတွေ ကြောက်ရတာအရမ်းများသွားပြီး ထုံသွားရင် အကြမ်း ဖက်မှုကမထိရောက်တော့ဘူး။ မထိရောက်တော့ရင် အဲဒီအကြမ်းဖက်မှုဟာလည်း ကျဆုံးတာပါပဲ။ လက် နက်ရှိနဲ့ လက်နက်မဲ့မှာ လက်နက်မဲ့က ကြောက်ရတာ ထုံးစံပါပဲ။ ဒါပေမဲ့ အကြမ်းဖက်တာတို့ အနိုင်ကျင့် တာတို့ ရမ်းကားတာတို့ ဆက်တိုက်ခံလာရလို့ ပေါက် ကွဲလာတဲ့အခါကျရင် အဲဒီအခါကျရင် ဆန့်ကျင် ဘက် အကျိုးရလဒ်တွေ ထွက်တက်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲတွင် ရဟန်းသံဃာ တော်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆရာ/ဆရာမများ၊ နိုင်ငံ့ဝန် ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ အုပ်ချုပ်ရေးမှူးများ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတစ်ဝန်း လူ(၃)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်းမှာ(၈၀)ဝန်းကျင်ထက် မနည်းရှိနေပြီဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

‘ထုံးစံကတော့ အကြမ်းဖက်မှုကို ဦးတည်ခြင်းသည် ပြောရရင်တော့ အကြမ်းဖက်မှုကနေ တစ်ဆင့် သူတို့ ဩဇာအာဏာကို ပြချင်တာ။ အကြမ်း ဖက်မှုကို လုပ်ပြီဆိုတာနဲ့ ရပ်ရွာမှာ ဩဇာရှိတဲ့ လူတွေ၊ ပြောရရင်တော့ ဦးစီးခေါင်းဆောင်လုပ်နေတဲ့လူတွေ ပြည်သူ လူထုနဲ့ပတ်သက်ပြီး အသိ ပညာပေးနိုင်တဲ့လူတွေ ရပ်ကွက်အုပ်ချုပ်ရေးတို့ဘာတို့နဲ့ အစိုးရဝန်ထမ်းတွေ ပေါ့။ အဓိကတော့ ဘာကိုပြချင်တာလဲဆိုရင်တော့ အစိုးရဝန်ထမ်းတွေ ဩဇာရှိတဲ့လူတွေကို ငါတို့ဒီလို လုပ်နိုင်တယ်။ အဲဒီတော့ ငါတို့က ပိုပြီးတော့ အင် အားရှိတယ်။ ငါတို့နောက်ကို လိုက်ဆိုတဲ့ message ကိုပေးချင်တာ။ သေချာတာကတော့ ရပ်ရွာတွေမှာ ဩဇာရှိတဲ့လူတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ စပ်ဆက်နေ တဲ့ လူတွေနဲ့ပတ်သက် နေတဲ့လူတွေ က အဓိကအားဖြင့် ပိုပြီးတော့ပစ်မှတ်ဖြစ်ကြတာပေါ့”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက NSS သို့ သုံးသပ်ပြောကြားသည်။

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက် သတ်ဖြတ်နေမှုများကို နိုင်ငံတာဝန်ရယူထား သည့် လက်ရှိ နစကအစိုးရက အပြည့်အဝ ကာကွယ်ပေး နိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့များကလည်း ၎င်းတို့ လုပ်ကြံသတ်ဖြတ်နေမှုများကို ရပ်တန့်သွားခြင်း မရှိသေးပေ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို

RECENT POSTS
ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
19 Mar 2025
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
19 Mar 2025
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
19 Mar 2025
ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
19 Mar 2025
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
19 Mar 2025
ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ
19 Mar 2025
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
19 Mar 2025
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
19 Mar 2025
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
19 Mar 2025
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ
19 Mar 2025
အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ
18 Mar 2025
ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်
18 Mar 2025
မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား
18 Mar 2025
သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား
18 Mar 2025
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
18 Mar 2025
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
18 Mar 2025
ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို
18 Mar 2025
အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း
18 Mar 2025
VOA/RFA နဲ့ USAGM ကို ရိုက်ခတ်လာတဲ့ ထရမ့်ရဲ့ အမိန့်တစ်ချက်၊ AA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူ လွှဲပြောင်းဆက်ဆံမှု၊ တောင်ကြီး ရွှေဘုန်းပွင့် တောမီး၊ ရွှေစာရံ ဘုရားဖူးရင်း အသက်ဆုံးရှုံးခဲ့ရသူများ (၁၆-၃-၂ဝ၂၅)
18 Mar 2025
အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ
14 Mar 2025
FOLLOW US

Copyright © News Services Station | All Right Reserved