MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ

သုတကျော် (NSS) - အောက်တိုဘာ ၁
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံများ တိမ်းရှောင်မှုပမာဏ များပြားလာပြီး မြို့ ၏ စီးပွားရေးလည်း ကျဆင်းနေကြောင်း အဆိုပါ မြို့ မှ ထွက်ခွာလာခဲ့သော အမည်မဖော်လိုသည့် သတင်း ရင်းမြစ်တစ်ဦးထံ NSS က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လောက်ကိုင်မြို့ကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် ဗမာများ ကို MNDAA က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သေးသည်။ လက်ရှိ လောက်ကိုင်မြို့တွင် ဗမာအများစုမရှိတော့ဘဲ မြို့ခံများကိုယ်တိုင်ပင်လျှင် တိမ်း ရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော့် သူငယ်ချင်းတွေ ပြောပြချက်အရပေါ့။ နယ်ခံတွေတောင် လောက်ကိုင်ထဲမှာ မနေကြတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ မြို့က ပြောမယ်ဆိုရင် ရှေ့လျှောက် လုပ်ငန်းလည်း မရှိဘူး၊ ရပေါက်ရလမ်းလည်းမရှိဘူးဆိုတော့ ဒီမြို့ကြီးက လုံးဝကို ခြောက်ကပ်သွားတဲ့ပုံစံကြီးပါ။ တဖြည်း ဖြည်းနဲ့ ပိုဆိုးသွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
မြို့၏အခြေအနေက ခြောက်ကပ်သွားသော်လည်း လောက်ကိုင်သည် နယ်စပ်မြို့ဖြစ်သောကြောင့် MNDAA အနေဖြင့် ပိုက်ဆံရမည်ဟုဆိုပါက ကျားဖျန့်များကိုလည်း တိတ်တဆိတ် လက်ခံဖွယ် ရှိပြီး မူးယစ်ဆေးဝါးလုပ်ငန်းလည်း လုပ်လာဖွယ် ရှိကြောင်း ကာလရှည်နေထိုင်ခဲ့သူ ၎င်းအနေဖြင့် သုံးသပ်ပြောကြားသည်။
“ အခု လက်ရှိ ငြိမ်နေတာက သူတို့ MNDAA က ကြောက်နေတာလည်းပါမယ်။ တကယ်လို့ လုံးဝ ငြိမ်သွားပြီဆိုရင် နောက်လာမယ့် အဆောက်အအုံတွေကို လိုင်စင်သဘောမျိုးအသစ်တွေ ပြန်လုပ်ခိုင်း မယ်။ အခွန်တွေကောက်မယ်၊ ရေကြေး၊ မီးကြေး ကောက်တာလည်း လာမယ်။ ဒီကောင်တွေက အဲဒီက စားရမှာလေ။ ပြန်မလာခင်ကတောင် လုပ်ငန်းလုပ် မယ့်သူတွေကို လိုင်စင်လျှောက်တာတွေရော၊ ဆောက်ပြီးသား လက်စတွေကို မီတာထပ်တိုးကောက် တာရော၊ လူအခွန် ထပ်ကောက်တာတွေ လုပ်နေတာ” ဟု ၎င်းကပြောသည်။
လောက်ကိုင်မြို့၏ စီးပွားရေးမှာ လက်ရှိ အနေ အထားအရ လုံးဝကျဆင်းနေသည့် အနေအထား ဖြစ်ကြောင်း ၎င်းကထပ်မံ အတည်ပြုပြောကြားသည်။ “ သွားပြီ။ သွားပြီ။ (လောက်ကိုင်) မြို့က ဘာမှလုပ်လို့ မရတော့ဘူး။ အဆင်ကမပြေတော့ဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
RELATED POSTS
22 Apr 2025 | စီးပွားရေး,ပြည်တွင်း
02 Apr 2025 | စီးပွားရေး,ပြည်တွင်း