ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
NSS - စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲခံရမှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၃ဝ ရက်)၊ မွန်းလွဲ ၁၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်း အုပ်ချုပ်ရေးမှူးရုံး နှင့် စက်ဆန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခွဲတို့တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်တာတော့ဟုတ်ပါတယ်။ အလတ်ချောင်းအုပ်ချုပ်ရေးမှူးရုံးမှာဖြစ်တာပါ” ဟု ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။
အလတ်ချောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရေဘေးသင့်များလှူဒါန်းရန် ပေးပို့ထားသည့် ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်အိတ်များအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Smart card လုပ်ရန် ရောက်ရှိနေသူ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၇)ဦးမှာ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အလားတူ စက်ဆန်းရပ်ကွက်ရှိ၊အုပ်ချုပ်ရေးမှူးရုံးခွဲတွင်လည်း ရေဘေးအလှူခံရရှိထားသည့် ဆီပုံးများကြားမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား(၃)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရှိသူစုစုပေါင်း(၁၁)ဦးကို အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) သို့ ပို့ဆောင်ထားရှိပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူအား စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
RELATED POSTS
03 Oct 2024 | မှုခင်း,ပြည်တွင်း