Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”

အိဖြူ (NSS) - စက်တင်ဘာ ၂၉


ကွယ်လွန်သွားပြီးသည့်တိုင် ရေဘေးအတွက် တန်ဖိုးရှိနေဆဲ သရုပ်ဆောင်   

သရုပ်ဆောင်ဇွဲနိုင်ဝင်းက သရုပ်ဆောင်အကယ်ဒမီဒွေး ဝတ်ဆင်ခဲ့တဲ့အင်္ကျီကို လေလံတင်ရောင်းချ ခဲ့ပြီး ရရှိခဲ့တဲ့ငွေကြေးများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့ပါတယ်။ လေလံတင်ခဲ့တဲ့ Adidas အင်္ကျီကို ဒွေးက အဆိုတော်သီရိဂျေမောင်မောင်နဲ့အတူ City FM နှစ်ပတ်လည် ဆုပေးပွဲမှာ “ ပေးဆပ်ခြင်းများစွာ ” သီချင်းဖျော်ဖြေစဉ် ဝတ်ဆင်ခဲ့တာပါ။ အချိန်အားဖြင့် အင်္ကျီသက်တမ်းက (၂၃) နှစ်ရှိပြီဖြစ်ပါတယ်။ 

ဇွဲနိုင်ဝင်းက အဆိုပါ Adidas  အင်္ကျီကို ကျပ်နှစ်သိန်းနဲ့ လေလံကြမ်းခင်ဈေး စတင်ဖွင့်ခဲ့ရာ ဒွေးရဲ့အင်္ကျီကိုရရှိဖို့အပြိုင်အဆိုင် ဈေးပေးခဲ့ကြပါတယ်။ လေလံဆွဲသူတွေထဲ အဆိုတော်လွှမ်းပိုင်က ကနဦး ကျပ်(၈)သိန်းပေးခဲ့ရာ နောက်ဆုံးမှာတော့ ကျပ် (၃၂)သိန်းနဲ့လေလံအောင်သွားခဲ့ခြင်း ဖြစ်ပါ တယ်။အဆိုတော်လွှမ်းပိုင်က “ ငယ်ငယ်ကတည်းက ကိုသားကြီးကို အရမ်းကြိုက်ခဲ့တာ။ ကိုယ်သဘော အကျဆုံးဘဲကြီး (ဒွေး)ရဲ့အင်္ကျီကိုရတော့ အရမ်းလည်းပျော်သလို ဒီပိုက်ဆံကို ရေဘေးသင့်ပြည်သူတွေ အတွက်လှူဒါန်းမှာဆိုတော့ ပိုပြီးတော့ ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ဆိုထားပါတယ်။ လွှမ်းပိုင်က လေလံအောင်ပြီးရရှိထားတဲ့ ဒွေးဝတ်ဆင်ခဲ့တဲ့အင်္ကျီကို ဓာတ်ပုံရိုက်ကူးချိန်နဲ့ တစ်ကိုယ်တော်ရှိုးပွဲ ကျင်းပချိန် နှစ်ကြိမ် ဝတ်ဆင်ပြီးတာနဲ့ မှန်ပေါင်နဲ့သေချာသိမ်းဆည်းထားမှာဖြစ်တယ်လို့လည်း လေလံအောင် အင်္ကျီပေးအပ်ပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ဒုတိယအကြိမ်အဖြစ် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ‌ဒွေး (ခ) ကိုသားကြီး “ အဆုံးအစ ”ဇာတ်ကားထဲမှာ ဝတ်ဆင်ခဲ့တဲ့အင်္ကျီကို လေလံတင်ခဲ့ရာ ကချင်ပြည်နယ်၊ဗန်းမော်မြို့(ခေတ္တ ကန်ပိုင်တီ)မှ ဦးသန်းဇော်လတ်က ကျပ် (၃၅) သိန်းပေးကာ လေလံအောင်မြင်ရရှိခဲ့ပါတယ်။ “ ကိုသားကြီး(ခ) ဒွေးရဲ့အဝတ်အစားက တန်ဖိုးအလွန် ကြီးတာမရှိသလို ကိုသားကြီးကလည်း ကမ္ဘာမကျော်ပါဘူး။ တန်ဖိုးရှိဖို့ကလည်း ကမ္ဘာကျော်ဖို့ မလိုအပ်ပါ။ အဲဒီအဝတ်အစားနဲ့အဝတ်အစားပိုင်ရှင်ဖြစ်ခဲ့ဖူးသူအပေါ် မြတ်နိုးတန်ဖိုးထားလို့သာ တန်ဖိုးမြင့်တက်သွားခဲ့တာပါ။ တန်ဖိုးထားသူတွေအတွက် တန်ဖိုးရှိနေခြင်းဖြစ်ပါတယ်။  ပြန်မရနိုင် တော့တဲ့အရာတွေဆို ဈေးစကားပြောလို့တောင် မရနိုင်တော့ပါ။ ဘယ်အရာကိုမဆို လူကသာ သတ် မှတ်ခြင်းပါ” ဆိုတဲ့ ပရိသတ်တစ်ဦးရဲ့မှတ်ချက်စကားကိုဖတ်ရှုမိပါတယ်။ ဇွဲနိုင်ဝင်းက “ ကိုသားကြီးကို ချစ်တဲ့စိတ်နဲ့ ကိုသားကြီးရဲ့ရေဘေးအလှူ လေးမှာ အခုလိုပါဝင်ကုသိုလ်ပြုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရရှိလာသောအလှူငွေများအားလုံးကို မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများအတွက် တကယ်လိုအပ်တဲ့နေရာတွေဆီ လှူဒါန်းပေးမှာဖြစ်ပါတယ်”လို့ အသိပေး ထားပါတယ်။ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီဒွေး (အသက် ၄၂ နှစ်)က (၂၀ဝ၇) ခုနှစ် ဇူလိုင်လ (၁၁) ရက် ညနေ (၅) နာရီ အချိန်မှာ နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး သူ့မိသားစုနဲ့ သူမြတ်နိုးတန်ဖိုးထားတဲ့အနုပညာအလုပ်တွေကို အပြီးတိုင်စွန့်ခွာ သွားခဲ့တာ (၁၇) နှစ် ပြည့်ခဲ့ပြီးဖြစ်ပါတယ်။


ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာမရလို့  အသနားခံနေရတဲ့ မင်းမော်ကွန်းရဲ့အဖြစ်

ပြည်ပြေး သရုပ်ဆောင်မင်းမော်ကွန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်မယ့်ရန်ပုံငွေပွဲကို သွားဖို့စီစဉ်ထားပေမယ့် ထိုင်းအစိုးရရဲ့ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချခံခဲ့တာပါ။ ''ကျွန်တော်ကြိုးစားသမျှ အရာမထင်တာကို တောင်းပန်ပါတယ်။ ထိုင်းဗီဇာမရပါဘူး''လို့ မင်းမော်ကွန်းက အသိပေးထားပါတယ်။ 

မင်းမော်ကွန်းက စက်တင်ဘာလ (၂၅) ရက်မှာတော့''ကျွန်တော်ရဲ့စိတ်အခြေအနေကိုက ကျရင် ဖုတ်ခနဲ တက်ရင်ဖြတ်ခနဲဖြစ်နေတာ ဒီသုံးနှစ်အတွင်းမှာပါ။ အခုပြန်ပြီး တည်ငြိမ်အောင်ကြိုးစားနေပါတယ်။ ရှေ့ဆက်လုပ်ရမယ့်ကိစ္စတွေအတွက် ဆက်ကြိုးစားပါမယ်''လို့  Kyaw Kyaw Htay Lwin ဖေ့စ်ဘွတ်ခ် အကောင့်မှာ ထပ်မံတင်ခဲ့ပါတယ်။

စာအရ သူ့အနေနဲ့ စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ပိုင်းဆိုင်ရာဂနာမငြိမ်ဖြစ်မှု၊ စိတ်အားငယ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို သိသာနေပြီး၊ ဆေးပညာ ရှုထောင့်အရ စိတ်ရောဂါဝေဒနာ အစပြုလက္ခဏာ တွေလို့ ကောက်ချက်ချနိုင်နေပြီဖြစ်ပါတယ်။ သူရဲ့ပို့စ်အာက်မှာ တော်လှန်ပုန်ကန်သူအချင်းချင်း စိတ်ဓာတ်မကျဖို့ အားပေးစကားတွေဆိုထားကြသလို CDM ဆရာမဖြစ်သူ အမျိုးသမီးတစ်ဦးက မင်းသားဖြစ်တဲ့အတွက် နိုင်ငံခြားကိုထွက်ပြေးနိုင်သေး။ ကျွန်မတို့ဆိုရင် နိုင်ငံခြားလည်းထွက်မပြေးနိုင်၊ အလုပ်အကိုင်လည်းမရှိ အခြေအနေမျိုးနဲ့ရင်ဆိုင်နေရကြောင်း ရင်ဖွင့်ထားတာကိုတွေ့ရပြန်ပါတယ်။ 

လက်ရှိမှာ ထိုင်းအစိုးရအနေနဲ့ တရားမဝင်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံ သားတွေကိုပါ ဖမ်းဆီးထိန်းသိမ်းတာမျိုးတွေ တင်းကြပ်စွာလုပ်ဆောင်နေကြတာကြောင့် နိုင်ငံရေး ဖြစ်စဉ်နဲ့ငြိစွန်းသူတွေအနေနဲ့ နေ့စဉ်ပူပန်နေကြရတယ်လို့ သတင်းတွေအရသိရပါတယ်။ 

မင်းမော်ကွန်း၊ ကိုပေါက်တို့အနေနဲ့ ကနဦး တိုင်းရင်းသားနယ်မြေမှာ ခိုလှုံနေထိုင်ခဲ့ကြပြီး ထိုင်း-မြန်မာ နယ်စပ်တွေကတစ်ဆင့် တတိယနိုင်ငံသို့ ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ခွင့်ရရှိအောင် လုပ်ဆောင်ခဲ့ကြတာပါ။ ကိုပေါက်တို့မိသားစု၊ မင်းမော်ကွန်းတို့မိသားစုက နိုင်ငံခြားမှာ အေးအေး‌ ဆေးဆေးနေထိုင်နိုင်နေပြီလို့ဆိုကြပေမယ့်လည်း ၎င်းတို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရက ဘယ် အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမှုတွေရှိလာမလဲဆိုတာကို စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတာ မျိုးဖြစ်ပါတယ်။


ရေဘေးသင့်ပြည်သူတို့အတွက်  NP News နဲ့ Statesman Journal မိသားစုရဲ့အလှူ

ရေဘေးသင့်ပြည်သူတို့အတွက်ရည်ရွယ်ပြီး NP News သတင်းဌာနနဲ့ Statesman Journal အဖွဲ့သားတွေက စက်တင်ဘာလ (၂၂) ရက်နဲ့ (၂၃) ရက်တို့မှာ နေပြည်တော် ဆင်သေရွာ၊ ပေါဆန်ခေါရွာ အစရှိတဲ့ရွာတွေအထိ သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

ရေဘေးသင့်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို သတင်းမီဒီယာတစ်ခု အနေနဲ့ တတ်အားသရွေ့ တိုက်တွန်းကူညီမှုအပြင် NP News နဲ့  Statesman Journalအနေနဲ့ လူလေးယောက် အိပ်ခြင်ထောင်နဲ့ ခေါင်းအုံးတွေကို ရေဘေးသင့် အိမ်ထောင်စု (၂၀ဝ)စာ ကျပ်သိန်း (၆၀) ဖိုးနီးပါး ဝယ်ယူ လှူဒါန်းခဲ့ပါတယ်။ အဆိုပါအလှူခရီးစဉ်မှာ ရန်ကုန်မြို့နေ စေတနာရှင် အလှူရှင်တစ်ဦးမှ  T-Shirt အသစ် အထည် (၂၀ဝ)၊  စေတနာအလှူရှင်တစ်ဦးက ဆန် (၂) ပြည်အိတ် အလုံး (၅၀ဝ)နဲ့ စားသုံးဆီ ငါးဆယ်သားဘူး (၅၀ဝ)၊ ရေသန့်ဘူး (၅၀ဝ)(အိမ်ထောင်စု ၅၀ဝ စာ) အတွက် ပါဝင်လှူဒါန်းခဲ့ကြ ပါတယ်။ ငွေငါးသိန်းကျပ် အလှူရှင်လည်း ရှိခဲ့သလို ကားနှင့် ကားမောင်းသမား အလှူလည်း ပါဝင် ခဲ့ကြပါတယ်။ NP News သတင်းဌာန၊ Statesman Journal  အနေနဲ့ အလှူငွေကောက်ခံခြင်းမျိုး လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ မိမိတို့တတ်နိုင်တဲ့ဝန်ကိုထမ်းကာ ကူညီဆောင်ရွက်ခဲ့ပြီး ဒေသခံတွေရဲ့ ရင်တွင်းစကားသံတွေနဲ့ ကျေးရွာတွေရဲ့မြေပြင်အခြေအနေကို ရိုက်ကူးတင်ဆက်မှုတွေ လုပ်ဆောင်ခဲ့ကြ ပါတယ်။  လက်ရှိမှာ အနုပညာရှင်တွေအပါအဝင် စေတနာရှင်အလှူရှင်တို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ ကလည်း ကိုယ်စီပါဝင်လာကြကာ ဝိုင်းဝန်းကူညီဖေးမလှူဒါန်းမှုတွေ လုပ်ဆောင်နေကြတာကို တွေ့မြင် နေရပါတယ်။ အလားတူ တည်ဆဲအစိုးရအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ထောက်ပံ့ ရေးပစ္စည်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင် နေကြပါ တယ်။ ရေဘေးသင့်မြန်မာနိုင်င်ငံသားများအတွက် မြန်မာနိုင်ငံသားအချင်းချင်း ဝိုင်းဝန်းကူညီလှူဒါန်း မှုပုံရိပ်တွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူများအတွက် စိတ်ခွန်အားတက်စရာမြင်ကွင်းအဖြစ် ဆိုရှယ် လူမှုကွန်ရက်ပလက်ဖောင်းမှာ ဒီကနေ့ထိတိုင် နေရာယူထားဆဲပဲဖြစ်ပါတယ်။  

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ....

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved