Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း

NSS - စက်တင်ဘာ ၂၉

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား (၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ နစကမှ ယနေ့(စက်တင်ဘာ ၂၉)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်နှင့် မန္တလေးတို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား (၂ဝ) ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသော ချန်တာဝေ့ အပါအဝင် တရုတ်နိုင်ငံသား (၂ဝ) ဦးတို့ကို တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာ(၁၉)ရက်တွင် တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်‌ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved