ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
NSS – စက်တင်ဘာ ၂၉
ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့်အရေး ယူခြင်းခံထားရသည့် ဇေကမ္ဘာဦးခင်ရွှေ အင်းစိန်ထောင်မှ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) ညနေပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
“ကိုဇေသီဟကတော့ မလွတ်သေးပါဘူး၊ ဦးခင်ရွှေကိုဘဲ ကျန်းမာရေးအရ သက်ညှာမှုနဲ့ လွတ်ပေးလိုက်တာပါ။ တရားဆက်စွဲထားတုန်းဘဲရှိပါတယ်” ဟု သတင်းအရင်းအမြစ်က ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြရိပ်ညိုဟိုတယ်နှင့်ခြံဝင်းငှားရမ်းမှုတွင် သဘောတူညီချက်ဖောက်ဖျက်မှု၊ အဆိုပါ ဟိုတယ်ခြံဝန်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံ(၂)ခုကို ဖြိုဖျက်မှုတို့ဖြင့် ဦးခင်ရွှေ နှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် မတ်လက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြရိပ်ညိုဟိုတယ်ဝင်း မြေတိုင်းအမှတ် ၃၆-J၊ မြေကွက် အမှတ် ၁၁၁၊ ၁၁၂ A၊ ၁၁၂ B ၊ ၁၁၂ C နှင့် ၁၁၂ D မြေဧရိယာ ၆ ဒသမ ၉၃၇ ဧကနှင့် မြေတိုင်းအမှတ် ၃၆ L၊ မြေတိုင်းအမှတ် ၁၁၂ B၊ ၁၁၆ C မြေဧရိယာ ၆ ဒသမ ၈၅၇ ဧက စုစုပေါင်း မြေဧရိယာ ၁၃ ဒသမ ၇၉၄ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အအုံများကို ကာကွယ်ရေးဝန်ကြီးဌာနက ဇေကမ္ဘာကုမ္ပဏီထံ ငှားရမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငှားရမ်းခြင်း သဘောတူစာချုပ်ပါ အချက်များကို ဖောက်ဖျက်သည့်အပြင် ရှေးဟောင်းအဆောက်အအုံ (၂) လုံးဖြစ်သည့် မြို့တော်ဝန်အိမ်ဟောင်းနှင့် မြို့တော်ဝန်ဧည့်ဂေယာတို့ကို ဖြိုချခဲ့သည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးခင်ရွှေနှင့် သားဖြစ်သူတို့အား ၂၀၂၂ ခုနှစ် မတ်လ (၂၂) ရက်က ဖမ်းဆီးထိန်းသိမ်းကာ ရှေးဟောင်း ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရစဉ်က သတင်းများအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
RELATED POSTS
03 Oct 2024 | မှုခင်း,ပြည်တွင်း