Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်

ပြည့်ဖြိုး (NSS)  - စက်တင်ဘာ ၂၉

လက်ရှိတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်၏ ခွင့်ပြုဘဏ်ခွဲပေါင်း (၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း  သိရသည်။


 အငြိမ်းစားများအနေဖြင့် Centralized e-Pension စနစ် ဆောင်ရွက်နေသည့် မည်သည့်ဘဏ်ခွဲတွင်မဆို e-Pension ကတ်များဖြင့် ဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ပင်စင်လစာများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

 “Centralized e-Pension စနစ် ဆောင်ရွက်နေတဲ့ဘဏ်ခွဲတွေမှာ ထုတ်ယူနေတဲ့ ပင်စင်စားတွေအနေနဲ့ ဘဏ်ခွဲ(၂) ရန်ကုန်မှာ ပင်စင်ထုတ်ယူလိုတယ်၊ ဒါမှမဟုတ် အခြားဘဏ်တစ်ခုခုမှာ ပင်စင်ထုတ်ယူလိုတယ် ဆိုရင် e-Pension ကတ်ပြားကို တင်ပြပြီးတော့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါတယ်။ Centralized e-Pension စနစ်မှာ ကိုယ်စားလှယ်နဲ့ ထုတ်ယူလိုသူတွေဟာ ကိုယ်စားလှယ် (၃)ဦးအထိကို အမည်စာရင်းတင်သွင်းနိုင်ပါတယ်”ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပင်စင်ထုတ်ယူမှုတွင် သက်ရှိပင်စင်စားဖြစ်ကြောင်း လူတွေ့စစ်ဆေးမှုကိုကိုယ်တိုင်ပင်စင်လစာ ထုတ်ယူနေသည့် ပင်စင်စားဖြစ်ပါက တစ်နှစ်လျှင် တစ်ကြိမ်၊  မိသားစုပင်စင်လစာခံစားနေသည့် ပင်စင်စားများအနေဖြင့် ၆ လတစ်ကြိမ်၊ စာရင်းပြောင်းနည်းလမ်းဖြင့် ပင်စင်လစာထုတ်ယူနေသည့် ပင်စင်စားဖြစ်ပါက ၆ လ တစ်ကြိမ် လူတွေ့စစ်ဆေးမှုများ ခံယူရမည်ဖြစ် ကြောင်းသိရသည်။ 

“အခုလိုစနစ်တွေပေါ်လာတော့ ရောက်တဲ့အရပ်က အနီးဆုံးဘဏ်မှာ ထုတ်လို့ရတော့ ပိုအဆင်ပြေတာပေါ့၊ အရင်ကဆို ကိုယ်က နယ်ရောက်နေတယ်၊ ရန်ကုန်မှာပဲထုတ်လို့ရတော့ ရန်ကုန်တစ်ခေါက်ပြန်လာနေရတယ်။ အခုကပိုအဆင်ပြေပါတယ်”ဟု  ပင်စင်စားဝန်ထမ်းတစ်ဦးက ပြောသည်။

Centralized e-Pension စနစ်အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ဘဏ်ခွဲပေါင်း ၁၄၉ ဘဏ်တွင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ဘဏ်ခွဲများ၌ Centralized e-Pension စနစ်ကို အဆင့်လိုက် ဆက်လက်အ ကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ

RELATED POSTS
RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved