ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
ဒေါက်တာအေးမောင် (NSS)- စက်တင်ဘာ ၂၇
စစ်ဆင်ရေး (၁၀၂၇) (ဒုတိယလှိုင်း)၏ နိဂုံးနှင့် (တတိယလှိုင်း)ရှမ်း-မန်းစစ်ဆင်ရေး ပျက်ပြယ်ခြင်း
၂၂။ မြောက်ပိုင်း(၃)ဖွဲ့၏ စစ်ဆင်ရေး (၁၀၂၇ ဒုတိယ လှိုင်း)သည် NUG ၊ PDFs တို့၏ စစ်ဆင်ရေး ဖြစ်သော(ရှမ်း-မန်း) တစ်နည်း (၁၀၂၇ တတိယလှိုင်း)နှင့်ဆက်စပ်နိုင်မှသာ စစ်ဆင်ရေးကြီး တစ်ခုလုံး၏ အဂ္ဂမဟာဗျူဟာသည် အောင်မြင်နိုင် မည်ဖြစ်၏။ (၁၀၂၇ ပထမလှိုင်း) သည် နစက၏တပ်ရင်း၊ တပ်ဖွဲ့၊ ဗျူဟာ၊ တပ်မများကို အငိုက်မိ စေခဲ့၏။ သာလွန်သော နည်းပညာ၊ စုဖွဲ့မှု၊ နည်းဗျူ ဟာမြောက်လက် နက်များ၊ ကြိုတင်အသွင်ယူ စစ်ဆင်ရေး လေ့ကျင့်မှုများတို့ဖြင့် အချိန်တိုအတွင်း မြန်မာ့ တပ်မတော်ကို အငိုက်မိစေကာ နယ်မြေများစွာကို အရယူသိမ်းပိုက်နိုင်ခဲ့၏။
(၁၀၂၇ ဒုတိယလှိုင်း)သည် မြေပြန့်လွင်ပြင် ရောက်သည်နှင့် (တတိယလှိုင်း)ဖြစ်သော (ရှမ်း-မန်း) အဖြစ် အသွင်မပြောင်းမီ ရပ်တန့်ပြိုပျက်သွားနိုင်ခြေ ပိုများ၏။ ကုန်းမြင့်ဒေသအခြေပြုထိုးစစ်သည် မတူကွဲပြားသည့် မြေပြန့်လွင်ပြင်အညာဒေသ၌ နိဂုံး ချုပ်ရဖွယ်ရှိ၏။ မြေပြန့်လွင်ပြင်အညာဒေသတွင် ကြည်းတပ်သည် တင့်ကား၊ သံချပ်ကာယာဉ်၊ မစ်ဇိုင်း တင်ယန္တရားကြီးများနှင့်အတူ လေကြောင်း အုပ်ဖွဲ့ ချီ ထိုးစစ်ကြီးတို့ဖြင့် (၁၀၂၇ တတိယလှိုင်း )ထိုးစစ်ကို ဟန်ချက်ညီညီ ဟန့်တားနိုင်ခြေပိုရှိသလို (ဒုတိယ လှိုင်း)၏ မြားဦးကိုရိုက်ချိုးမှုသည် တောင်ပေါ်ဒေသ နောင်ချို၊ ကျောက်မဲ၊ လားရှိုးတို့၌ ယခုကာလကပင် စတင်နေပြီဟု သုံးသပ်မိရ၍ဖြစ်၏။ ထို့ပြင် ရှမ်း မြောက်မှသည် မန္တလေးအထိ ရှည်လျားကျယ်ဝန်းသော စစ်ဆင်ရေးထောက်ပို့လမ်းကြောင်းကို လက်ရှိ မည်သည့်လက်နက်ကိုင်အဖွဲ့မှ နိုင်ငံကြီးများ၏ ငွေကြေး၊ လက်နက်၊ နည်းပညာ၊ လူအင်အား အကူအညီ မရဘဲ ရေရှည်စစ်ဆင်နွှဲရန် လုံးဝမဖြစ်နိုင်၍ဖြစ်၏။ နေလာနှင်းပျောက်သလို ရေရှည်စစ်၌ နစက၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ချီနှိမ်နင်းမှုကို လက် နက်ကိုင်အဖွဲ့များသည် အပြင်းထန်ဆုံးခံရနိုင်ခြေပို များ၏။
ထို့ပြင် စစ်ဒဏ်ခံ မြို့ပျက်မြင်ကွင်းများ၊ မြို့ပျက် အိမ်ပျက်ကြား ခိုးဝှက်လုယူနေကြပုံများ၊ ထိန်း ချုပ် နယ်မြေ၌ လက်နက်ကိုင်အဖွဲ့များ၏ အုပ်ချုပ်ရေး ယန္တရား မပီပြင်မှုများ၊အချင်းချင်းနယ်မြေလု နေ ကြပုံများနှင့် မြို့ပြအုပ်ချုပ်ရေးအာဏာကို အဖွဲ့ချင်း အပြိုင်လုနေကြမှုမြင်ကွင်းနှင့် သတင်းတို့သည် စစ်ဒဏ်သင့်ဒေသနေလူထုအပြင် စစ်ဒဏ်ကင်းဒေသ နေ ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှုကိုပါ ရိုက် ချိုးသလိုဖြစ်စေခဲ့ပြီဖြစ်သည်ကိုတွေ့ရ၏။ စစ်ပွဲဒေ သ၏ ပြင်ပနိုင်ငံခြားရောက်မိသားစုများ၊ နိုင်ငံခြား ရောက်အလုပ်သမားများမှလွဲ၍ လူထုထောက်ခံမှု အလျော့နည်းဆုံးအခြေအနေနှင့် အချိန်အခါ ဖြစ်သည်ဟု သုံးသပ်နိုင်၏။ အောက်ပါ ဖြစ်ပြီး၊ ဖြစ်ဆဲနှင့် ဖြစ်လတ္တံ့သောဖြစ်စဉ်အကြောင်းအရာ၊ ဖြစ်ရပ်များကို ဆင်ခြင်သုံးသပ်ကာ အထက်ပါကောက်ချက်များ ကိုချရခြင်းလည်းဖြစ်၏။
(က) ပထဝီနိုင်ငံရေး၏ အလှုပ်အခတ်သည်ကြီး၏။ ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်သည် လစ်ဘရယ်ဒီမိုကရေစီ၏ ခြေရှုပ်မှု၊ အထိုးအခုတ်ဖြစ်၏။ နိုင်ငံရေးမတည်ငြိမ် သော လစ်ဘရယ် ဒီမိုကရေစီနှင့် နိုင်ငံရေးတည်ငြိမ် သော ဆိုရှယ်ဒီမိုကရေစီတို့၏ ထိပ်တိုက်တွေ့မှုတို့ ဖြစ်၏။ Mr. Wang Yi ခရီးစဉ်သည် တရုတ်၏ အိမ်နီးချင်း မြန်မာကို ထိုကဲ့သို့ အလှုပ်အခတ်မခံနိုင် ကြောင်း သွယ်ဝိုက်မနေတော့ဘဲ တိုက်ရိုက်ဖော်ပြ ကာ လုံခြုံမှုစည်းရိုးကာပေးသည့် လက်ဦးမှုယူ ခရီးစဉ်ဟု ပြော၍ရ၏။ အမေရိကန် လစ်ဘရယ် ဒီမို ကရက် တို့၏ အင်ဒို-ပစိဖိတ်အရွေ့၊ ထိုင်ဝမ်တည်ကြက်နှင့်အတူ ဘင်္ဂလားဒေ့ရှ်ဖြစ်စဉ်တို့သည် အမေရိ ကန်၏ China Containment Policy ၏ ဗျူဟာမြောက်ရိုက်ခတ်မှု ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပေါ်၌တည်ရှိ သောမြန်မာသည် အခရာကျသလို ရခိုင်ဒေသ ကျောက်ဖြူသည် BRI ၏ Choke Point လည်း ဖြစ်၏။
(ခ) တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ တရားမဝင် နယ်စပ်ကုန်သွယ်မှုဂိတ်မျိုးစုံသည် အထူးကိုယ်စား လှယ် Mr. Deng Xijun ၏ ဩဂုတ်လ (၈) ရက်နေ့ ခရီးစဉ်နှင့် Mr. Wang Yi ၏ ဩဂုတ်လ (၁၄-၁၅) ရက်အထိ ခရီးစဉ်ပြီးနောက် နှစ်နိုင်ငံတရားဝင် နယ် စပ်ကုန်သွယ်ရေးဂိတ်များမှလွဲ၍ ပိတ်သွားနိုင်ခြေပို များ၏။ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကင်းရှင်းအောင် နှစ်နိုင်ငံလုံခြုံရေးအဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု များသည်လည်း ပိုများလာနိုင်ခြေရှိ၏။ မူးယစ်ဆေးဝါး၊ ကျားဖျန့်၊ တရားမဝင်ကုန်စည်ကူးသန်းမှုနှင့် ရာဇ ဝတ်သားများအပေါ် အဓိကဦးတည်နိုင်၏။ သို့ဖြင့် တရားမဝင်ဂိတ်များပိတ်ခြင်း၏ အကျိုးဆက်အဖြစ် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ၏ အဓိက ထောက်ပို့လမ်းကြောင်းသည် များစွာထိခိုက်ကာ ရေရှည် စစ်၌ရပ်တည်ရန် ခက်ခဲနိုင်ခြေပိုများ၏။
(ဂ) စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)၌ တစ်ဖွဲ့ ချင်း၏ စစ်ဆင်ရေးဦးတည်ချက်အတိုင်း သီးခြားစီ ထိုးစစ်ဆင်ခဲ့ကြသည့် မြောက်ပိုင်း(၃)ဖွဲ့သည် (ပထမလှိုင်း)ထက် အထိအခိုက်အကျအဆုံးများခဲ့ကြ သည်ဟု ယူဆ၍ရ၏။ အငိုက်မိခဲ့သည့် (ပထမလှိုင်း) ထက် နစကသည် ခံစစ်ကြောင်းကို ပိုမိုပြင်ဆင်နိုင် ခဲ့ ပုံရ၏။ ကြည်းတပ်သည် လေတပ်နှင့်ဟန်ချက်ညီစွာ ညှိနှိုင်းထိုးစစ်ဆင်နိုင်ခဲ့ပုံလည်းပေါ်၏။ နည်းတူ မြောက်ပိုင်း(၃)ဖွဲ့သည် တစ်ဖက် နစက တပ်ဖွဲ့များ၏ စစ်သည်များ စိတ်ဓာတ်ယိုင်နဲ့အောင် ယုတ္တိမဲ့ ဝါဒဖြန့် PSY WAR ကို ကိုယ်တိုင်တိုက်ရိုက်သော်လည်း ကောင်း၊ထိန်းချုပ်မီဒီယာများမှသော် လည်း ကောင်း တွင်ကျယ်စွာဖြင့်(ပထမလှိုင်း)မှသည် (ဒုတိယလှိုင်း) အထိ သုံးနိုင်ခဲ့ကြသော်လည်း မြန်မာ့ တပ်မတော်သည် နိုင်ငံတော်အား ကိုယ်စားပြုသဖြင့် ဂုဏ်သိက္ခာအရ ဖက်ပြိုင်တုံ့ပြန်နိုင်ခဲ့ပုံမရသလို တုံ့ပြန်နိုင်ခြေလည်း နည်း၏။
(ဃ) လားရှိုး(ရမခ)သိမ်းပိုက်ရေးထိုးစစ်၌ သောင်းချီ ကျဆုံးမှုနှင့်အတူ ထောင်ချီထိခိုက်နိုင်ဖွယ်ရှိသည့် MNDAA နှင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ ထိုးစစ် တွင် ကျဆုံးမှုနှင့်အတူ ထောင်ချီထိခိုက်နိုင်ဖွယ်ရှိ သည့် TNLA တို့သည် ထိခိုက်လူနာများကို နောက် တန်းရှိ သိန္နီနှင့်ကွတ်ခိုင်မြို့များ၌ ကုသဖွယ်ရှိ၏။ ထောက် ပို့လုပ်ငန်းအတွက်လည်း စုရုံးကြဖွယ်ရှိရာ နစက၏ လေကြောင်းချီထိုးစစ်တွင် သိန္နီနှင့် ကွတ်ခိုင် မြို့၏ သတ်မှတ် နေရာသို့ ဗုံးကြဲမှုကြောင့် ထိခိုက်မှုများ ခဲ့ပုံရ၏။ သို့ဖြင့် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၈) ရက် နေ့ Mr. Deng Xijun ၏ နေပြည်တော်ခရီးစဉ်အမီ ထုတ်ပြန်ချက်၌ “နစကအစိုးရက အပြစ်မဲ့ ပြည်သူများကို ဗုံးကြဲခြင်း ရပ်တန့်ရန်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရသို့ အလေးအနက်ထားတောင်းဆိုမှု” သည် အချိန်ကိုက်ဖြစ်ရာ ထူးခြား၏။ သို့ဖြင့် (၁၀၂၇ ဒုတိယလှိုင်း)၏ထိုးစစ်သည် MNDAA၊ TNLA နယ်မြေ အတွင်း ၌ ရပ်တန့်နေပုံရ၏။
(င) Mr. Deng Xijun ၏ခရီးစဉ်နှင့်အပြိုင် တရုတ်-မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ် ရှိသည့် မူဆယ်နယ်စပ်ကုန်သွယ်မှုမြို့ကို သိမ်းပိုက် မည်ဟုခြိမ်းခြောက်ခြင်း၊ ယခင် တပ်မ (၉၉) တပ်မ မှူးနှင့် ရမခ တိုင်းမှူး(ခန့်ထား)ကို လက်နက်ချရေး ဖိအားပေးခြင်း၊ မူဆယ်မြို့ကို ဝိုင်းပတ်ထားသည့် နေ ရာစုံမှ သေနတ်သံများဖြင့် စစ်မြှူခြင်း၊ လားရှိုးမြို့တွင်း သို့ တန့်ယန်းမြို့မှ ဝ တောင်ပိုင်းတပ်များ ဒုတိယအ ကြိမ် စစ်သည်အင်အားရာချီ အင်အားဖြည့်ခြင်းတို့သည် လာရှိုးမြို့ကိုကာကွယ်ခြင်းလား၊ ပန်လုံနှင့် ဟိုပန်ကဲ့သို့ လွှဲယူရန်အစီအစဉ်လား၊ လားရှိုးစစ်ဆင် ရေး၌ အသွင်တူဖြင့် စစ်ကူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မည်မျှပါဝင်ခဲ့ပြီး၊ မည်မျှသေဆုံးခဲ့ရ သည်ကို ဖုံးကွယ်လို၍လား၊ စိစစ်လို၍လား ဟူသော ဒွိဟပါသည့်မေးခွန်းတို့ကိုလည်း အပြိုင်ကြားကြရ၏။ သို့သော် နစက၏ NSPNC မတက် ရောက်ခဲ့သည့် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ ကူမင်း၌ Mr. Deng Xijun နှင့် မြောက်ပိုင်း (၃) ဖွဲ့တွေ့သည့်သတင်းနှင့် သူ၏ နေပြည်တော်ခရီးစဉ် ဩဂုတ်လ (၈) ရက်နေ့မတိုင်မီ FPNCC အဖွဲ့ဝင်များ နှင့် တွေ့ခဲ့သည့်သတင်းတို့သည် သူ၏ ဩဂုတ်လ (၈) ရက်နေ့ ခရီးစဉ်အပေါ် ပို၍အဓိပ္ပာယ် ပြည့်ဝစေ မည်ဖြစ်ရာ ကျယ်ပြန့်စွာ အတွေးနယ်ချဲ့နိုင်ကြဖွယ်ဖြစ်၏။
(စ) ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi၏ ခရီးစဉ်ရလဒ်များသည်လည်းကောင်း၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်း တပ်တော်၏ တယ်ဟုန်တိုင်း (ရွှေလီ)၌ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ အသွင်ယူ စစ်ရေးလေ့ကျင့်မှုကို ကျည်အစစ်ဖြင့် ပစ်ခတ် လေ့ကျင့်မှု၊ လေကြောင်းရန်ကာကွယ်မှု၊ စစ်ဆင် စစ်ထိုးမှု၏ပုံရိပ်များသည်လည်းကောင်း မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်အေးချမ်းရေးကို တရုတ်အစိုးရသည် မည်မျှလိုလားကြောင်းနှင့် ချမှတ်ထားပြီး ဖြစ်သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော စည်းကြီး (၃)ရပ်ကို စတင်အကောင်အထည်ဖော်သည့် ပထမ ခြေလှမ်း လည်းဖြစ်ပုံရ၏။
(ဆ) (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် Mr. Wang Yi၏ နေပြည်တော်ခရီးစဉ်နှင့်အပြိုင် အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ Mr. Jake Sullivan သည် ဩဂုတ် လ (၁၅) ရက်နေ့၌ NUG မှ တာဝန်ရှိသူများ K3C တို့မှတာဝန်ရှိသူများနှင့် Zoom Meeting မှတစ်ဆင့် တွေ့ဆုံပြီး Burma Act ၊ NDAA fund နှင့် ဆက်နွှယ်သည့် ကိစ္စများဆွေးနွေးခြင်းသတင်းသည် မြန်မာ့ နိုင်ငံရေးစစ်ရေး၌ အမေရိကန်၏ တိုက်ရိုက် စွက်ဖက်မှုကို ထင်ရှားစွာပြသပြီး နစက၏ဆန့်ကျင်ဘက် အင်အားစုအပေါ်ထောက်ခံကြောင်း မြန်မာပြည်သူသို့ သိစေလိုပုံရ၏။ ယင်းနောက် Mr. Wang Yi သည် ကုလသမဂ္ဂ၏ မြန်နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Julie Bishop နှင့် ဩဂုတ်လ (၂၀) ရက်နေ့ တွင် Beijing ၌ မြန်မာ့အရေးတွေ့ဆုံ ဆွေးနွေးကြခြင်း၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mrs. Marsudi ၏ Mr. Wang Yi နှင့်တွေ့ဆုံရန် Beijing ခရီးစဉ်သတင်းတို့ကို ကြားရပြန်၏။ Mr. Jake Sullivan သည် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၇) ရက် မှ (၂၉) နေ့အထိ ခရီးစဉ်ဖြင့် Beijing သို့ရောက်ရှိပြီး အဆိုပါနေ့တွင် ပင် Mr. Wang Yi နှင့်တွေ့ဆုံခဲ့သလို၊ သမ္မတကြီး Mr. Xi jinping နှင့် တွေ့ဆုံမှုတို့တွင်လည်း မြန်မာ့ အရေးသည် တစ်စိတ် တစ်ပိုင်းပါဖွယ်ရှိရာ နိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေး ဆက်ကြောင်းအပေါ် မည်မျှ အာရုံဖြန့်ကြက်သည်ကို သုံးသပ်နိုင်ကြမည်ဖြစ်၏။
(ဇ) AA ၏မောင်တောမြို့ ထိုးစစ်သတင်းနှင့်အတူ ဘင်္ဂါလီအရေးလှုပ်ရှားသည့်အဖွဲ့ (၂၈) ဖွဲ့နှင့် အရပ် ဘက်အဖွဲ့အစည်း (၁၁၅)ဖွဲ့တို့က (၂၀၂၄) ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့တွင် “ AA အဖွဲ့၏ တိုက်ခိုက်မှု ကြောင့် ဘင်္ဂါလီ (၂၀ဝဝ)ကျော်သေဆုံးခဲ့ရ ကြောင်းနှင့် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု များ ဆက်လက်ကျူးလွန်ပါက နိုင်ငံတကာအနေဖြင့် AA အဖွဲ့ကို ပိတ်ဆို့မှုများချမှတ်မှုကို စဉ်းစား ပေး ရန်” တောင်းဆိုသည့်ထုတ်ပြန်ချက်သည်လည်းကောင်း၊ သံတွဲမြို့ သဗြုချိုင်ရှိ မော်ရွှေလေး ရေတပ် စခန်း သိမ်းပိုက်ပြီးဖြစ်ကြောင်းနှင့် မောင်တောကို သိမ်းပိုက်ရရှိပြီဟု ထိန်းချုပ်မီဒီယာများမှ မမှန် သတင်းဖြင့် ဝါဒဖြန့်ရေးသားချက်တို့သည်လည်း ကောင်း၊ ရခိုင်ဒေသ၌ AA ၏ ထိုးစစ်အခြေအနေ ရပ်တန့်နေပြီဖြစ်သည်ကို သုံးသပ်နိုင်၏။ နစကသည် ပြင်းထန်ပြီး ပြည့်စုံသည့် ရခိုင်ဒေသ ထိုးစစ်ကြီး တစ်ရပ်အတွက် မာန်အောင်ကျွန်း အခြေပြုစုဖွဲ့မှုနှင့် စစ်တွေအခြေပြု တုံ့ပြန်ထိုးစစ်သတင်းတို့၏လားရာ သည် ရခိုင်ဒေသ၌လည်း AA ၏ထိုးစစ် (၁၀၂၇ ဒုတိယလှိုင်း)သည် ရပ်တန့်နေပြီဖြစ်သည်ဟု သုံးသပ် ကြရဖွယ်ဖြစ်၏။
(ဈ) (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၉) ရက်စွဲဖြင့် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီမှ ထုတ်ပြန်ချက် သည် မြန်မာတအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို တိုက်ရိုက်ရည်ညွှန်း၏။ တိုက်ပွဲ များကို ချက်ချင်းရပ်တန့်ကာ တရုတ်-မြန်မာ နယ်စပ်တည် ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရန်၊ မဟုတ်ပါ က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများ ကို ပိုမိုလုပ်ဆောင်မည်ဟု ပါသည့် ထုတ်ပြန်ချက်စာ တစ်စောင်ကိုဖတ်ကြရ၏။ အဆိုပါ ထုတ်ပြန်စာသည် အစစ်ဖြစ်နိုင်ခြေနည်း၏။ နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို လေးစားစောင့်ထိန်းသည့် တရုတ် နိုင်ငံသည် ဤကဲ့သို့စာမျိုးကို မည်သည့်နည်းနှင့်မျှ ထုတ်ပြန်ဖွယ်မရှိပေ။ ရုံးတံဆိပ်တုံး မပါသကဲ့သို့ ရေးသားပုံသည်လည်း နိုင်ငံတော်အဆင့် ရုံးစာမဟုတ်သည်ကိုတွေ့ရ၏။
သို့သော်လည်း TNLA သည် ထိုစာအပေါ်၌ အရေးတယူ စည်းဝေးခြင်းပြု၏။ NUCC သည် TNLA သို့ထုတ်ပြန်သည့်စာအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဩဂုတ်လ (၃၁)ရက်နေ့ သဘောထားထုတ်ပြန် ချက်မှာ ထူးခြား၏။ TNLA သိမ်းပိုက်ထားသည့် နယ်မြေအားလုံးသည် CNPC ရေနံနှင့် သဘာဝ ဓာတ် ငွေ့ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် ထူးခြားစွာတည်ရှိနေ၏။ ဤထုတ်ပြန်ချက်ကို TNLA သည် မည်သည့်အဖွဲ့အစည်းက ထုတ်ပြန်သည်ကိုသိ၏။ သူတို့အပေါ် မည်မျှတုံ့ပြန်နိုင်သည်ကို ခန့်မှန်းမိပုံရ ၏။ အဆိပ်ပြင်းပုံရသလို စကားနောက် ဓားပါပုံလည်းရ၏။ တရားပါပုံလည်းရ၏။ မည်သို့ပင် ဆိုပါစေ အတုနှင့်အစစ်သည် ပြဿနာမဟုတ်သော်လည်း စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)သည် ရှေ့ဆက် ရန်ခက်ခဲ့သည့် အကြောင်းတရားများစွာအနက် မှ အကြောင်းရင်းတစ်ခုအဖြစ် တာဝန်ရှိ အဖွဲ့အစည်း များကိုယ်တိုင် သုံးသပ်မိကြပုံရ၏။ (၁၀၂၇ တတိယ လှိုင်း) ရှမ်း-မန်း စစ်ဆင်ရေးသည် ရုပ်လုံးပေါ်လာ ဖွယ် မမြင်သလို (ဒုတိယလှိုင်း)ကိုနိဂုံးချုပ်စေမည့် အချက်များစွာအနက်မှ အဓိကပင်မ အချက်ဖြစ်ဖွယ် ရှိ၏။(ည)နည်းတူ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မ တီမှထုတ်ပြန်ချက်ထွက်ပြီးနောက် ယူနန်ပြည်နယ် ထိန်ချုံးမြို့၌ မြောက်ပိုင်းလက်နက် ကိုင်(၄)ဖွဲ့ဖြစ်သော UWSA၊ KIA၊ MNDAA၊ TNLA တို့နှင့် Mr. Deng Xijun ၏ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ တစ်ဖွဲ့ချင်းစီနှင့်တွေ့ဆုံ မှုပြုခဲ့သည့်သတင်းသည်လည်း PLA ၏ တောင် ပိုင်းစစ်နယ်ဝန်း၌ အသွင်ယူစစ်ရေးလေ့ကျင့်မှုသတင်း နှင့်အပြိုင် ထွက်ပေါ်လာ၏။ KIA မှ ဒုတိယ ဥက္ကဋ္ဌ ဒူးဝါးဂမ်ရှောင်ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ သည်ဟုလည်း KIA ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု၏။ အထက်ပါဖြစ်စဉ်များသည် Mr. Wang Yi ခရီးစဉ် ၏ရလဒ်များအဖြစ် ကျယ်ပြန့်စွာ ဆက်စပ် သုံးသပ်ပါက ရှမ်းမြောက် (အရှေ့မြောက်ဒေသ) စစ်ရေးနိုင်ငံ ရေး အခြေအနေ၏လားရာသည် ပိုမိုကောင်း မွန်သည့်ဘက်သို့ ဦးတည်နေပြီဖြစ်သည်ဟု သုံးသပ် ၍ရ၏။
ရှမ်းမြောက်(အရှေ့မြောက်ဒေသ)စစ်ဆင်ရေးမှသည် မြန်မာ့နိုင်ငံရေးကိုရှေ့သို့မျှော်ကြည့်ခြင်း
၂၃။ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့ တွင်စခဲ့သည့် မြောက်ပိုင်း(၃)ဖွဲ့၏စစ်ဆင်ရေး (၁၀၂၇)သည် အရှိန်အဟုန်ပြင်းစွာဖြင့် မြန်မာနိုင်ငံ အပေါ်ရိုက်ခတ်ခဲ့၏။ ဖြေရှင်းရခက်ခဲသည့် မြန်မာ့ စစ်ရေး၊ နိုင်ငံရေးပဋိက္ခအပေါ် ထပ်ဆင့်ထိုးနှက်မှုပြု၏။ အကျိုးသည် အကြောင်းကြောင့်ဖြစ်၏။ အ ကြောင်းအရင်းကိုရှာဖွေကာ အကျိုးရလဒ်ကိုရနိုင်မည့်ဖြေရှင်းမှုသည် လိုအပ်၏။
စစ်ဆင်ရေး (၁၀၂၇ ပထမလှိုင်း)နှင့် (၂၀၂၄) ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင်စသည့် ( ဒုတိယ လှိုင်း) တို့၏ပြင်းအားသည် တရုတ်-မြန်မာနယ်စပ်မှ အိန္ဒိ ယ-မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၊ လာအို-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တို့အ ထိရိုက်ခတ်၏။ အိမ်နီးပါးချင်းနိုင်ငံများက မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရန် ဝိုင်းဝန်းကူညီမှဖြစ်မည့် စစ်ရေးနိုင်ငံရေး အရွေ့ခပ် ကြမ်းကြမ်းကိုသုံးသပ်မိကြပုံရသလို နိုင်ငံကြီးတစ်ခု၏ ဝင်ရောက်စွက်ဖက်မှုမှတစ်ဆင့် ဒိုမီနို သီအိုရီ ကဲ့သို့ တစ်နိုင်ငံပြီး တစ်နိုင်ငံယိုင်လဲသွားမည်ကို နမူနာအဖြစ် ထင်ရှားစွာမြင်တွေ့ခဲ့ကြပြီဖြစ်ရာ အချင်းချင်း စည်းလုံးမှု ယုံကြည်မှုပိုမိုရှိနေကြရမည့်ကာလဟု သုံးသပ်ပုံရ၏။ ပြည်တွင်းလက်နက်ကိုင် အဖွဲ့ကြီးများကလည်း အိမ်နီးချင်းနိုင်ငံကြီးများနှင့်အတူ ဦးတည်ချက်တူလာကြပုံရ၏။ အောက်ပါ အချက်တို့သည် မြန်မာ့နိုင်ငံရေး၏ ရှေ့သို့ရွေ့စပြုနေသည့် ကောင်းမွန်သော အနာဂတ်လားရာ များ ဖြစ်ရာ ကျွန်ုပ်တို့ လက်ကမ်းကြိုဆိုသင့်သလို ပူးပေါင်းပါဝင် အတူလက်တွဲ တည်ဆောက်သင့်သည်ဟု မှတ်ချက်ပြုလို၏။
(က) (၂၀၂၄) ခုနှစ် ဩဂုတ်လ (၁၀) ရက် ကချင် အာဇာနည်နေ့မိန့်ခွန်းတွင် FPNCC ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သော KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က “ နိုင်ငံရေးဆွေးနွေးမှုရောင်ခြည် ပြန်ရှိလာနိုင်ခြေ” ကိုဖွင့်ဟသည်ဟုကြားရခြင်းသည် အပေါင်း လက္ခဏာဆောင်၏။ သူက “နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးလာဖို့အတွက်၊ နိုင်ငံရေးတည်ငြိမ်ရမှာဖြစ်ပြီး၊ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးမှုရှိလာခဲ့ရင်၊ တိုင်ပင် ဆွေးနွေးတဲ့နည်းလမ်းနှင့်လည်း လုပ်ဆောင်လာမှာ ဖြစ်” ဟုပြောခဲ့သည့်သတင်းကိုကြားရရာ ကြိုဆိုအပ် ဖွယ်ဖြစ်၏။
(ခ) NSPNC နှင့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့ (၁၆) ပါတီတို့ (၂၀၂၄) ခုနှစ် ဩဂုတ်လ (၂၁) ရက်မှ (၂၃) ရက်နေ့အထိ ဆွေးနွေးပွဲများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းများ၊ လာမည့် (၂၀၂၅) ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိစ္စရပ်တို့ပါသည်ဖြစ်ရာ NSPNC၊ 7-EAOs Alliance နှင့် နိုင်ငံရေးပါတီတို့သည် သမားရိုးကျဆွေး နွေးပွဲလမ်းကြောင်းမှဖောက်ထွက်ပြီး လမ်း ကြောင်းသစ်ကို ရွေးချယ်နိုင်ခြေရှိ၏။ တစ်နည်းအားဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း နည်းလမ်း မှ “အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသို့ အားလုံးကိုဖိတ်ခေါ်ခြင်း” တစ်နည်း “(၂၀ဝ၈)ခုနှစ် ဖွဲ့စည်းအခြေခံဥပဒေကို ပြန်လှန်သုံးသပ်ခြင်း နှင့် အခြေခံမူဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ” တစ်ရပ် ကို နစကသည် ဖိတ်ခေါ်လာနိုင်ခြေရှိခြင်းပင်ဖြစ်၏။ သို့တည်းမဟုတ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို (၂၀၂၅)ခုနှစ် နှစ်ဦးပိုင်း၌ ကျင်းပပြုလုပ်နိုင်ခြေရှိပြီး ရွေးကောက်ခံအစိုးရတစ်ရပ်သို့ မြန်နိုင်သမျှ မြန်မြန် အာဏာလွှဲနိုင်ခြေရှိသည့် နိုင်ငံရေးအ ရွေ့ကိုလည်း ရှာနိုင်ခြေရှိခြင်းပင်ဖြစ်၏။
(ဂ) အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လက်ရှိ ASEAN ဥက္ကဋ္ဌတို့သည်လည်းကောင်း၊ ASEAN ၏ ထင်ရှားသည့် ယခင်ခေါင်းဆောင်များသည်လည်း ကောင်း၊ ASEAN ၏ ယခင်၊ ယခုနှင့် နောင်တာဝန်ယူ မည့် ဥက္ကဋ္ဌတို့သည်လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေး ကို စိတ်ပူပင်ကြသလို ပူးပေါင်းပါဝင်ကူညီလို သည့် ဆန္ဒသည်လည်း ယခင်ကထက် ပိုများကြသည့်ကာလဖြစ်၏။
(ဃ) ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်တောင်း သည့် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Mr. Hun Sen ထံ နစက ဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ဝန်ကြီး ဦးကိုကိုလှိုင်အား စေလွှတ်ခြင်းသည် အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်နိုင်ခြေ၏ ခြေ လှမ်းဖြစ်နိုင်သလို Mr. Deng Xijun ၏ (၈) ကြိမ် မြောက် ခရီးစဉ်တွေ့ဆုံမှုနှင့် Mr. Wang Yi ၏ ခရီး စဉ်တို့သည်လည်း မြန်မာ့နိုင်ငံရေး ရှေ့ခရီး၏ အနာ ဂတ် တံခါးပေါက်သို့ ပူးပေါင်းချီတက်ခြင်းဖြစ်ရာ၊ ငြိမ်း ချမ်းမှုရောင်ခြည်နှင့် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံသစ်အဖြစ် အနာဂတ်၌တည်ဆောက်ကြရန် ရည်မျှော် သည့်ခြေလှမ်းများဖြစ်သည်ဟု သုံးသပ်၍ရ၏။
သို့ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးစစ်ရေး အကျပ်အတည်းကို ကျော်လွှားအနိုင်ယူနိုင်ခြေသည် ရာခိုင်နှုန်းများသည်ဟု သုံးသပ်၍ရ၏။ နည်းတူ မြန်မာနိုင်ငံ သည် ယခု ကြုံတွေ့နေရသည့် နိုင်ငံရေး စစ်ရေး အကျပ်အတည်းမှ သင်ခန်းစာကောင်းများရယူကာ ယခုထက် ပိုမိုညီညွတ်စည်းလုံးသော တွဲလက်ပိုမို ခိုင်မြဲသော အနာဂတ်နိုင်ငံတော်သစ်ကို အတူတည်ဆောက်နိုင်ကြလိမ့်မည်ဟုလည်း ခိုင်မာစွာယုံကြည်မှု ဖြစ်မိပါ၏။ နိုင်ငံရေးတည်ငြိမ်ပြီး အေးချမ်းဖွံ့ ဖြိုးကာ ပြည်သူလူထု၏မျှော်လင့် ချက်များ အမြန်ဆုံးပြည့်ဝနိုင်ပါစေဟု ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်အား ရည်မျှော်ကာ ဆုတောင်းဖြစ်မိရပါ၏။ (ဤတွင် ပြီး၏။ )
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
RELATED POSTS
04 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ
03 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ
03 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ