Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု

ယွန်း (NSS) - စက်တင်ဘာ ၂၆

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။  


ယခုကာလများတွင် ပြည်တွင်း၌ ဆေးဝါး အပါအဝင် စက်သုံးဆီ၊ စားသုံးဆီနှင့် အချို့ကုန်စည်များ မကြာခဏ ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံခြားငွေရှားပါးမှု ယခင်ကထက် ပိုမိုဆိုးရွားလာသည့်အတွက် သွင်းကုန်လိုင်စင်များကို လည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြုလျက်ရှိသည်။

ထို့ကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်းရှားပါးမှုပြဿနာများ သက်သာစေရေးနှင့် နိုင်ငံခြားငွေ အခက်အခဲများ ပြေလည်စေရေးအတွက် လူသုံးကုန်ပစ္စည်းများအပါအဝင် စားသုံးကုန်များ၊ ဆေးဝါးနှင့် ပြည်ပမှ တင်သွင်းမည့် သွင်းကုန် များအားလုံးကို အပ်ကုန်စနစ်ဖြင့် တင်သွင်းရောင်းချခွင့် ပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကို ပြောသည်။ 

“တကယ်ဆိုရင် ပစ္စည်းတင်သွင်းမယ့် ကုမ္ပဏီတွေကို မင်းတို့တာဝန်ယူပြီးသွင်းဆိုပြီး လွတ်လွတ်လပ်လပ် ပေးသွင်းလိုက်သင့်တာ။ အဲဒါဆိုရင် ပစ္စည်းတွေပိုပြီး မြန်မြန်ရောက်လာမယ်။ အဲဒီလို လုပ်ဖို့ဆိုတာကလည်း  နိုင်ငံခြား မှာဆိုရင် အပ်ကုန် စနစ်ဆိုတာရှိတယ်။  earning တို့ဘာတို့ကို ‌ခေါင်းစားခံမနေနဲ့  အပ်ကုန်စနစ်နဲ့သာ ရမယ်ဆိုရင် ယူ ရောင်းခိုင်းလိုက်။ တစ်ခုခုဆို သူတို့ကအလွယ်နည်းနဲ့ရှင်းကြတယ်။ အလွယ်နည်းနဲ့ရှင်းမယ်ဆိုရင် ကျွန်‌တော်ပြောသလို အပ်ကုန်စနစ်နဲ့ သွင်းလာပြီးရင် ပြန်ပေးပေါ့။ အဲဒီလိုလုပ်လိုက်ရင် လတ်တလော ဒီမှာလည်း ပစ္စည်းတွေ ပြည့်သွားမယ်၊ သူလည်းဒေါ်လာ မပေးရတော့ဘူး။ နိုင်ငံခြားကနေ ဟွန်ဒီနဲ့လွှဲပြီး ယူလာကြမှာ။ ပြီးရင် နိုင်ငံခြားမှာရှိတဲ့ သူဌေးတွေရဲ့ ဒေါ်လာတွေကလည်း အသက်ဝင်ပြီး ပြန်ဝင်လာလိမ့်မယ်’’ ဟု ၎င်းကပြောသည်။ အပ်ကုန်စနစ်ကို ပြည်ပနိုင်ငံများတွင် လည်း ကျင့်သုံးလျက်ရှိပြီး အဆို ပါ စနစ်ကြောင့် ပြည်ပမှကုန်ပစ္စည်း တင်သွင်းရန် ဒေါ်လာကို ချက်ချင်းပေးရန်မလိုဘဲ  နိုင်ငံခြား ငွေရှားပါးမှု ပြဿနာကိုလည်း အထိုက်အလျောက် ဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

‘‘အပ်ကုန်စနစ်ဆိုတာက ရောင်းပြီးမှ ပြန်ပေးရတဲ့စနစ်ပေါ့။ အဲဒီတော့ လတ်တလောမှာ အပ်ကုန်စနစ်နဲ့ လက်ခံရင် ဘာဖြစ်မလဲဆိုတော့ ဒေါ်လာကို ချက်ချင်းချပေးစရာမလိုဘူး။ ဝင်လာလိမ့်မယ်။ ပြီးရင် သူတို့ဟာသူတို့ ရောင်းလိမ့်မယ်။ ရောင်းပြီးတဲ့အချိန်ကျမှပြန်ပေးဆိုပြီး ပစ္စည်းတွေအများ ကြီးဝင်လာမယ်။ အပ်ကုန်စနစ် ဆိုတာကလည်း နိုင်ငံခြားကုမ္ပဏီတွေကလည်း လုပ်ချင်ကြတယ်” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ထို့ပြင် အဆိုပါစနစ်ကို ခွင့်ပြုပေးလိုက် ခြင်းအားဖြင့် နိုင်ငံခြားငွေရှားပါးမှုကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်း တင်သွင်းရန် အခက်အခဲဖြစ်ပေါ်နေသည့် လုပ်ငန်းရှင်များ၏ အကျပ်အတည်းများကို အခိုက်အတန့်အားဖြင့် ဖြေရှင်းပေးနိုင်ကြောင်း သိရသည်။ ယင်းပြင် ပြည်သူလူထုကြား၌ ကုန်စည်ရှားပါးမှုကြောင့် ကုန်ဈေးနှုန်းတက်ခြင်းပြဿနာကိုပါ   ဖြေရှင်းပြီးသားဖြစ်သွားနိုင်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနအနေဖြင့် သွင်းကုန်တင်သွင်းမှုကို ယခင်အတိုင်း FESC မှ စိစစ်ပြီး လိုင်စင်ခွင့်ပြုချက်များအရ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၆) ဘီလျံအထိ ခွင့်ပြုပေးနေကြောင်း သိရ သည်။

ယခု (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ(၁၆) ဘီလျံကျော်ရရှိရန် မျှော်မှန်းထားပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ (၁၆) ဘီလျံဝန်းကျင် ပြန်လည် သုံးစွဲသွားရန် လျာထားကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။    

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ

RELATED POSTS
RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved