‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
အိဖြူ (NSS) - စက်တင်ဘာ ၂၃
ရေဘေးသင့်ပြည်သူတွေအတွက် အင်တိုက်အား တိုက်ပါဝင်လာကြတဲ့ အနုပညာရှင်များ
ရေဘေးအန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ ပြည်သူသိန်းချီရဲ့ဆုံးရှုံးနစ်နာမှုတွေအပေါ် အများပြည်သူတွေက ကိုယ်ချင်းစာနာခဲ့ကြပြီး ဖေးမကူညီကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် စုပေါင်းပြင်ဆင်ခဲ့ကြပါတယ်။ အဲဒီလိုပြင် ဆင်မှုတွေထဲမှာ အနုပညာရှင်တွေလည်း ထိပ်ဆုံးကနေ ပါဝင်လာခဲ့ကြပါတယ်။
ရေဘေးအတွက် သရုပ်ဆောင် ခိုင်နှင်းဝေက ထိပ်ဆုံးနေရာမှာ ရပ်တည်လုပ်ဆောင်နေ လျက်ရှိနေပြီး အနုပညာ ရှင်တွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ပြည်ပရောက်မြန်မာနိုင်ငံ သားတွေ၊ အလှူရှင်တွေက ခိုင်နှင်းဝေထံ ဗဟိုပြု လှူဒါန်းလျက်ရှိပါတယ်။ ခိုင်နှင်းဝေက စက်တင်ဘာ လ (၁၈)ရက်အထိ လက်ခံရရှိထားတဲ့ အလှူငွေအရ ကျပ်သိန်း (၁၁,ဝဝဝ) ကျော်ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ သူပေးအပ်လှူဒါန်းခဲ့တဲ့ ပရဟိတ အသင်းအဖွဲ့တွေနဲ့ ရေဘေးသင့်ဒေသခံတွေအတွက် လှူဒါန်းမှုပစ္စည်းစာရင်းအပါအဝင် ငွေသားလှူဒါန်းမှုတွေကို ခိုင်နှင်းဝေ ဖေ့စ်ဘွတ် ပေ့ချ်မှာ နေ့စဉ် ဖော်ပြပေးလျက်ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။
ခိုင်နှင်းဝေက ရေဘေးအလှူအတွက် သိန်း(၃၀ဝ)မတည်ခဲ့ရာ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံက သိန်း (၁၀ဝ)၊ ပိုင်တံခွန်က သိန်း (၁၀ဝ)၊ သူချစ်ခင်ရုပ်ရှင်အဖွဲ့သားများက သိန်း(၁၀ဝ)၊ ခိုင် သင်းကြည်မိသားစုက သိန်း(၉၀)၊ ဂရေဟမ် မိသား စုက သိန်း(၆၀)၊ မိုးဟေကို သိန်း (၅၀)၊ မေလသံစဉ် သိန်း(၅၀)၊ စိုင်းစိုင်းခမ်းလှိုင် သိန်း(၃၀)၊ ယုသန္တာတင် သိန်း(၃၀)၊ သက်မွန်မြင့် (၁၀)သိန်း၊ နေဝင်း (၁၀)သိန်း၊ ရဲလေး (၁၀)သိန်း၊ ယွန်းမြတ်သူ (၁၅)သိန်း ကျော်၊ ပိုးမမှီသာ (၁၀)သိန်း၊ စမိုင်းလ်တို့ ဇနီးမောင်နှံက သိန်း(၃၀ဝ) အစရှိတဲ့ အနုပညာများစွာ ပါဝင်လှူဒါန်းထားကြတာကို တွေ့ရပါ တယ်။
ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မိသားစုက ပရဟိတအသင်းတစ်ဖွဲ့ထံ ရေဘေးအတွက် သိန်း (၃၀) လှူဒါန်းထား ကြောင်း မှတ်တမ်းတစ်ခုပျံ့နှံ့ခဲ့ပေမယ့် စက်တင်ဘာလ (၁၉)ရက်အထိ ရေဘေးအလှူအတွက် တရားဝင်အသိပေး ထားခြင်း မရှိသေးတာပါ။ အလားတူပါပဲ လူမင်း၊ ဇင်ဝိုင်း၊ ဒါရိုက်တာဝိုင်း၊ ဖွေးဖွေး၊ မေ၊ အလင်းရောင်တို့တွေ CDM လှုံ့ဆော်မှုမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြသလို ရေဘေးကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် တစ်ကျော့ ပြန်ရှေ့ထွက်ပြီး ထိပ်ဆုံးကနေ ရပ်တည်လှူဒါန်းမှုများ လုပ်ဆောင်ပေးဦးမလားလို့ ပြည်သူလူထုက မျှော်လင့်လျက်ရှိ ကြပါတယ်။
ဖြူဖြူထွေးလည်း ငွေအင်အားသာမက အလှူရှင်များနဲ့စုပေါင်းပြီး နေ့စဉ်ရေဘေးသင့် ဒေသများအထိ သွား ရောက်ကာ လိုအပ်တဲ့အသုံး အဆောင်ပစ္စည်းများ၊ အစားအသောက်များ လှူဒါန်းမှုပြုလုပ်နေတာကိုတွေ့ရပြီး သရုပ်ဆောင်မေပန်းချီ ကိုယ်တိုင်လည်း ရေဘေးသင့်ဒေသတွေအထိ သွားရောက်ကာ လှူဒါန်းလျက်ရှိပါတယ်။ အလားတူ အဆိုတော်နန်းဆုရတီစိုးကလည်း သိန်း (၁၃၀) မတည်လှူဒါန်းခဲ့ပြီး အလှူရှင်များထံမှ ကောက်ခံရရှိငွေ စုစုပေါင်း ကျပ်သိန်း(၃၀ဝ)နီးပါးကိုလည်း ရေဘေးသင့်ဒေသအတွက် လှူဒါန်းဖို့ ပြင်ဆင်နေကြောင်း၊ ပိုးကြာဖြူခင် တို့မိသားစုကလည်း ကနဦး သိန်း(၃၅၀) လှူဒါန်းခဲ့ရာ ထပ်မံပြီး ဆန်အပါအဝင် အစား အသောက်/လူသုံးကုန် ပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ ခင်ဝင့်ဝါနဲ့အလှူရှင်များ စုပေါင်းပြီး သိန်း (၈၂၀)၊ မြတ်သူသူတို့ ဇနီးမောင်နှံက သိန်း (၇၀) နီးပါး၊ သရုပ်ဆောင်ဟိန်းဝေယံကလည်း သိန်း (၃၀) မတည်ပြီး အဝတ်အစား အထည် (၂၀ဝ) အပါအဝင် အလှူငွေကောက်ခံရရှိမှု သိန်း(၁၂၀) တို့ကို လှူဒါန်းခဲ့ပါတယ်။
တခြားတစ်ဖက်မှာလည်း အဆိုတော် ချယ်ရီ သင်းနဲ့အတူ အဆိုတော်တွေ စုပေါင်းအသံ ကုသိုလ်ပြုကာ ရေဘေးသင့် ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ရန်ပုံငွေ ရှာဖွေနေကြသလို ပွင့်၊ ခင်စန်းဝင်း၊ နွေးနွေး ချစ်ဖွယ်၊ မိုးပြည့်ပြည့်မောင်၊ ဆွိ၊ မေမဒီ၊ ကျော်ကျော် နန္ဒ၊ မိတ်ကပ်ပညာရှင်တွေကလည်း ကိုယ်စီ စုပေါင်း ကာ ရန်ပုံငွေပွဲအသီးသီး လုပ်ဆောင် အလှူခံနေကြပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ကလည်း အဖွဲ့ အစည်းအလိုက် အလှူငွေ ကောက် ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဟာသပညာရှင် များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ အပါအဝင် အုန်းသီး၊ ငြိမ်းချမ်းတို့ကိုယ်တိုင် ရေဘေးသင့်ဒေသတွေအထိ သွားရောက်အားပေး လှူဒါန်းမှုတွေ လုပ်ဆောင်နေကြ တာကို တွေ့မြင်ရပါတယ်။
အကယ်ဒမီရန်အောင်၊ မြင့်မြတ်တို့မိသားစု၊ သရုပ်ဆောင် ပိုးမမှီသာ၊ Kညီတို့က ရှမ်းပြည်နယ် ကလောမြို့က ရေဘေးသင့်ပြည်သူတွေအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အရေးပေါ်ဆေးနဲ့ အစားအသောက်တွေကို ကိုယ်တိုင်သွားရောက်လှူ ဒါန်းမှု တွေပြုလုပ်ခဲ့ကြပါတယ်။ နေတိုး၊ ဖြိုးငွေစိုး၊ ခင်လှိုင်တို့မိသားစု၊ တိုင်ရွန်၊ ဖြိုးလေး၊ မိုးမိုး၊ ဝါဆိုမိုးဦး၊ နော်ဖောအယ်ထား၊ တက္ကသိုလ် ဂွမ်းပုံတို့လည်း တပ်ကုန်းမြို့ရှိ ငွေတောင်ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုနေထိုင်တဲ့ ရေဘေးသင့် ပြည်သူတွေ အတွက် အလှူငွေ သိန်း (၂၀) အပါအဝင် သောက်ရေသန့်နဲ့ စားသောက်ကုန်ကြမ်းများကို ကျောင်းထိုင် ဘုန်းကြီးထံသွား ရောက်လှူဒါန်းခဲ့ကြပြီး (၃) ရက်ဆက်တိုက် အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
စိုးမြတ်သူဇာကလည်း ရေဘေးသင့် ဒေသခံတွေကို သွားရောက်အားပေးလှူဒါန်းခဲ့ပြီး၊ ဇာတ်မင်းသား ဖိုးချစ် လည်း ကိုယ်တိုင်သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ မင်းသမီးယဉ်လတ်ကလည်း သူ့ရဲ့ ပန်းချီကားတွေကို ထုတ်ရောင်းကာ ပါဝင်လှူဒါန်းခဲ့ပြီး၊ အဆိုတော်ပိုပိုကလည်း ဦးကျော်သူပရဟိတအဖွဲ့ ထွန်းကိုကို၊ ဒေါ်သန်းမြင့် အောင်တို့နဲ့အတူ ရေဘေးသင့်ဒေသများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
ဒါ့ပြင် ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေ စုပေါင်းပြီး ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် စက်တင် ဘာလ (၂၄) ရက်မှ (၂၇) ရက်အထိ ရန်ကုန်မြို့ရှိ MFF FUTSAL STADIUM မှာ (၄) ရက် တိုင်တိုင် ဘောလုံးပွဲပြုလုပ်ကြမှာဖြစ်ပါတယ်။
ပြည်သူလူထုအားလုံးက ရေဘေးသင့် ပြည်သူတွေအတွက် အင်တိုက် အားတိုက်ဝိုင်းဝန်း ကူညီလှူဒါန်းမှုများ လုပ်ဆောင်နေကြချိန်မှာ အကြမ်းဖက်အားပေးထောက်ခံသူတွေဖြစ်တဲ့ ပြည်ပြေး ကိုပေါက်၊ မင်းမော်ကွန်း၊ အောင်သော်၊ စိန်သီး၊ ပန်ဆယ်လို၊ မောင်မောင်အေး၊ ခါရာ၊ ချစ်သုဝေ၊ လင်းလင်း၊ ကျားပေါက် အစရှိသူတို့က မနာလိုမရှုဆိမ့်ကြီးစွာ ပြည်တွင်းမှာ ကောင်းမှု ကုသိုလ်ပြုလုပ်နေသူတွေကို ပြောဆိုဝေဖန် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြတာကို မြင်တွေ့နေ ရပြန်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
RELATED POSTS
04 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ
03 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ
03 Oct 2024 | ဆောင်းပါး,နိုင်ငံတကာ