Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - စက်တင်ဘာ ၂ဝ 

(၂၀၂၄-၂၀၂၅) ခုနှစ်ရဲ့ အင်္ဂလန်ပရီးမီး ယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၅)ကိုရောက်ရှိလာခဲ့ပြီဖြစ် ပြီး ပြိုင်ဆိုင်မှုတွေဟာလည်း ပိုမိုပြင်းထန်လာပြီဖြစ် ပါတယ်။ ဇယားထိပ်ပိုင်းက ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ မန်စီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို ပိုပြီးမြင်တွေ့လာရဖို့ရှိနေသလို ပွဲစဉ် (၅)အထိရောက်လာချိန်မှာ ပုံမှန်ခြေစွမ်းပြနေတဲ့ အသင်းလေးတွေရဲ့ ခြေစွမ်းခြေစကိုလည်း ဆက် လက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒါ့ပြင် မန်ယူ အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရလဒ်ပိုင်းဆိုးရွား မှုတွေကြောင့် အခုပွဲစဉ်(၅)မှာ မဖြစ်မနေ အနိုင်ကန်သွားရမယ့် ပွဲစဉ်တွေလည်းဖြစ်ပါတယ်။ အထူးခြား ဆုံးအနေနဲ့ကတော့ ပွဲစဉ်(၅)မှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေကြ တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို စောင့်ကြည့်ရမှာဖြစ်လို့ အမှတ်ပေးဇယားထိပ်ဆုံးမှာလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ NSS ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅)သင်းရဲ့ ပွဲစဉ်(၅)ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးသွားချင်ပါတယ်။

မန်စီးတီး Vs အာဆင်နယ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

မန်စီးတီး  ဝ - ဝ အာဆင်နယ် (၃၁-၃-၂၀၂၄)

အာဆင်နယ်  ၁ - ဝ မန်စီးတီး   (၈-၁၀-၂၀၂၃)

မန်စီးတီး  ၄ - ၁  အာဆင်နယ်  (၂၇-၄-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

မန်စီးတီး  ၂ - ၁  အာဆင်နယ်

မန်စီးတီး  ၃ - ၂  အာဆင်နယ်

အာဆင်နယ်အသင်းအတွက် ဒီပွဲစဉ်က အရေးကြီးတဲ့ပွဲစဉ်ဖြစ်သလို မန်စီးတီးအသင်းအ တွက်လည်း ချန်ပီယံလမ်းကြောင်းအတွက် အရေး ကြီးတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ လက်ရှိခြေစွမ်း ပိုင်းအရကြည့်ရင် မန်စီးတီးအသင်းက ရလဒ်ပိုင်း ရော စိတ်ဓာတ်ပိုင်းမှာပါ ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုကာကွယ်ဖို့ အကောင်း ဆုံးအနေအထားမှာရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့ ကစားပုံမှာ ဒီနှစ်ရာသီမှာ ပိုကောင်းလာသလို တိုက် စစ်ပိုင်းမှာလည်း ဟာလန်းက ဟက်ထရစ်(၂)ကြိမ်ရ ရှိထားတဲ့အထိ ဂိုးမြူးနေတဲ့ အနေအထားဖြစ်ပြီး ဒီဘ ရိုင်း၊ ဆေးဗားလ်နဲ့ ဂမ်ဒိုဂမ်တို့အပြင် ဖိုဒန်နဲ့ရိုဒရီသာ ထပ်ပေါင်းထည့်လိုက်ရင် ကွင်းလယ်မှာရော တိုက်စစ် မှာပါ ပြီးပြည့်စုံတဲ့အနေအထားဖြစ်လာနိုင်ပါတယ်။ ဟာလန်းအတွက်လည်း ဒီကစားသမားတွေသာ ပါ လာရင် သွင်းဂိုးရဖို့မခက်ခဲပါဘူး။  အာဆင်နယ်အသင်း မှာကျတော့ ဘေးတောင်ပံနှစ်ဖက်မှာ ဆာကာနဲ့ မာ တင်နယ်လီအပြင် နောက်ထပ်ရွေးချယ်စရာ ထရော ဆက်တို့ရှိနေပေမယ့် ကွင်းလယ်ပိုင်းမှာ အိုဒီဂတ်က ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ရင် ဂျော် ဂျင်ဟို၊ ရိုက်စ်နဲ့ သောမတ်ပါတေးတို့ ပွဲထွက်လာခဲ့ရင် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းကိုယှဉ်ထိန်းဖို့ ဖြစ် နိုင်ပါ့မလားဆိုတဲ့မေးခွန်းအပြင် ဖန်တီးမှုပိုင်းမှာပါ အားနည်းသွားနိုင်တာကြောင့် အာဆင်နယ်အသင်းအ တွက် မလွယ်ကူပါဘူး။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာလည်း အထောင်တိုက်စစ်မှူး စစ်စစ်မရှိတာကြောင့် သွင်းဂိုး ရရှိဖို့ခက်ခဲနေတတ်တဲ့ အာဆင်နယ်အသင်းအတွက် ဒီတစ်ကြိမ် မန်စီးတီးကို ရင်ဆိုင်နိုင်ဖို့က ခက်ခဲလာ နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှု(၂)ကြိမ်မှာတော့ အာဆင်နယ်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေကျအောင် ကစားထားနိုင်ခဲ့တာကိုတွေ့ ရပြီး ခြေစွမ်းကလည်း ဒီနှစ်ရာသီထက် ပိုကောင်းနေ တဲ့အချိန်ဖြစ်ပါတယ်။ ဒါ့ပြင် နောက်တန်းခံစစ်မှာဆို ရင်လည်း မန်စီးတီးအသင်းက ပေးဂိုးပိုနည်းပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ နောက်တန်းခံစစ်က ပိုကောင်းတာကိုတွေ့ရပြီး ဘရိုက်တန်အသင်းကို တစ်ယောက်လျော့အနေအ ထားနဲ့ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ခံစစ်ပိုင်းမှာ အာဆင်နယ်အသင်းက ပိုပြီး ကောင်းမွန် နေပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက ပွဲစဉ်တိုင်းမှာ အမှားကင်းကင်းနဲ့ အကောင်းဆုံးကျော်ဖြတ်ပြနေပြီး မနှစ်ကရာသီထက် ပိုပြီးတည်ငြိမ်တဲ့ ခြေစွမ်းလို့လည်း ပြောလို့ရနေပါတယ်။  အာဆင်နယ်အသင်းကတော့ မနှစ်ကရာသီရဲ့ ခြေစွမ်းကိုမီဖို့ အနည်းငယ်အချိန် ပေးရဖို့ရှိနေပြီး ကွင်းလယ်နဲ့တိုက်စစ်မှာ စွမ်းဆောင် ရည်ပိုကောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီနှစ် သင်းရဲ့ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ မန်စီး တီးအသင်းက အိမ်ကွင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာ အာဆင်နယ်အသင်းထက် ပိုကောင်းနေပြီး အာဆင် နယ်အသင်းကတော့ ကွင်းလယ်ပိုင်းအားနည်းသွားမှုအပြင် တိုက်စစ်ပိုင်းမှာလည်း သွင်းဂိုးရဖို့ ရုန်းကန်ရ လာနိုင်တာကြောင့် မန်စီးတီးအသင်းက (၁)ဂိုးအသာ လောက်နဲ့ အနိုင်ယူသွားနိုင်ပါတယ်။ 

ဝက်စ်ဟမ်း Vs ချဲလ်ဆီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီး ၅ - ဝ ဝက်စ်ဟမ်း (၅-၅-၂၀၂၄)

ဝက်စ်ဟမ်း ၃  - ၁ ချဲလ်ဆီး (၁၁-၂-၂၀၂၃)

ဝက်စ်ဟမ်း  ၁ - ၁ ချဲလ်ဆီး (၁၄-၅-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း ၁ - ၃ ချဲလ်ဆီး

ဝက်စ်ဟမ်း ၂ - ၂ ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက စိတ် ဝင်စားစရာကောင်းပြီး လန်ဒန်ဒါဘီဖြစ်တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာသေချာပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုပိုင်းမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အပြင် သွင်းဂိုးတွေလည်း အများအပြား မြင်တွေ့ရ လေ့ရှိပါတယ်။ ဝက်စ်ဟမ်းအသင်းက ဒီနှစ်ရာသီမှာ ခြေစွမ်းပိုင်းမှာ ကောင်းတယ်လို့လည်း ပြောလို့မရသ လို ညံ့တယ်လို့လည်း ပြောလို့မရတဲ့အနေအထားပါ။ ဝက်စ်ဟမ်းအသင်းက နည်းပြသစ်လက်ထက်မှာ ခြေ စွမ်းပိုင်းသိသိသာသာကောင်းမလာသေးတာမှန်ပေ မယ့် ချဲလ်ဆီးအသင်းနဲ့တွေ့တိုင်း ဒုက္ခကောင်းကောင်း ပေးတတ်တဲ့အသင်းဖြစ်တဲ့အပြင် နိုင်ပွဲရအောင်ပါ စွမ်းဆောင်တတ်တာကြောင့် ဒီပွဲစဉ်မှာလည်း ချဲလ် ဆီးအသင်းအနေနဲ့ သတိထားရင်ဆိုင်ရမှာဖြစ်ပါ တယ်။ လက်ရှိခြေစွမ်းအရ ချဲလ်ဆီးအသင်းဟာ လည်း လိုအပ်ချက်များစွာရှိနေသေးတဲ့အသင်းဖြစ် ပြီး နည်းပြနဲ့ကစားသမားတွေရဲ့ အချိတ်အဆက်မီဖို့ ဆိုရင် အချိန်ထပ်ပေးရဦးမယ့်သဘောဖြစ်ပါတယ်။ နိုင်ပွဲရတယ်ဆိုရင်တောင် ခြေစွမ်းပိုင်းမှာ အားရစရာ မရှိသလို ကစားကွက်အရလည်း အဆင်ပြေမနေသေး တာဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်ဦးစားပေးကစား ဟန်ကြောင့် တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ရင်ဆိုင်ရချိန်တိုင်း ဂိုးပေးရဖို့များတဲ့ ကစားကွက် အနေအထားကို ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေသလို ကစားသမားတွေရဲ့ လူမှန်နေရာမှန်ကို နေရာချကစား နိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှုနှစ်ကြိမ်မှာလည်း အိမ်ကွင်းမှာ ကန်ရတဲ့အသင်းက ပိုပြီး ခြေစွမ်းကောင်းသလို ဂိုးပြတ် လည်းနိုင်လေ့ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းကို ခန့်မှန်းရရင် အိမ်ကွင်းအားသာချက်ရှိတဲ့ ဝက်စ်ဟမ်းအသင်းကို နိုင်ဖို့မလွယ်တာကြောင့် ‌ချဲလ် ဆီးအသင်းအနေနဲ့ ခက်ခက်ခဲခဲနိုင်ပွဲရရှိအောင် ရုန်းကန်ရဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်မယ်ဆိုရင်တော့ ချဲလ်ဆီး အသင်းက(၁)ဂိုးအသာလောက်နဲ့သာ နိုင်ပါမယ်။                                                              

လီဗာပူးလ် Vs ဘုန်းမောက်စ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဘုန်းမောက်စ်  ဝ - ၄ လီဗာပူးလ်  (၂၁-၁-၂၀၂၄)

လီဗာပူးလ်  ၃  - ၁ ဘုန်းမောက်စ် (၁၉-၈-၂၀၂၃)

ဘုန်းမောက်စ်  ၁ - ဝ လီဗာပူးလ်  (၃-၁၁-၂၀၂၃)

The Statesman  အကြိုက် ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ်  ၂ - ဝ  ဘုန်းမောက်စ်

လီဗာပူးလ်  ၃ - ၁  ဘုန်းမောက်စ်

လီဗာပူးလ်က ဒီရာသီမှာ မနှစ်ကထက် ပိုကောင်းတဲ့ စတင်မှုတွေနဲ့အတူ ခြေစွမ်းပိုင်း ကောင်း မွန်နေတဲ့အသင်းဖြစ်ပါတယ်။ နည်းပြသစ်လက်ထက် ပထမဆုံးရာသီလို့မထင်ရလောက်အောင် စွမ်းဆောင် ရည်ကောင်းတွေပြသနေပြီး  နိုင်ပွဲတွေလည်း ရယူ ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ လီဗာပူးလ်အသင်း ရဲ့ အဓိကအားသာချက်ကတော့ တိုက်စစ်ပိုင်းနဲ့ကွင်း လယ်အချိတ်အဆက် တော်တော်လေးကောင်းမွန် တာပါ။ တိုက်စစ်ပိုင်းက ဆာလက်၊ လူးဝစ်ဒီရက်ဇ်နဲ့ ဂျိုတာတို့အတွဲက သွင်းဂိုးတွေအတွက်ရော တန်ပြန် တိုက်စစ်အပြင် ဖန်တီးမှုအပိုင်းမှာပါ အကွက်မြင်မြင်နဲ့ ပေးပို့မှုတွေကို မြင်တွေ့ရပါတယ်။ ကွင်းလယ်ပိုင်းမှာ လည်း ဆဘိုးစလိုင်းနဲ့ မက်အလစ္စတာတို့ရဲ့ အတွဲအ ဖက်က ဒီရာသီမှာ မန်စီးတီးကွင်းလယ်ထက်ပိုပြီး တည်ငြိမ်တာကိုတွေ့ရပြီး မန်ယူအသင်းကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရယူခဲ့တဲ့သွင်းဂိုးတွေက သူတို့နှစ်ယောက် ဆီကနေအခြေခံပြီး ဖန်တီးပေးမှုတွေကနေရရှိခဲ့တာ ကိုတွေ့ရပါတယ်။ ဒါ့ပြင် ကွင်းလယ်အဖျက်နေရာ က ဂရာဘန်ဘက်ရဲ့ခြေစွမ်းတွေကလည်း လီဗာပူးလ် အသင်းကို ပိုပြီးမာကျောလာစေကာ ကွင်းလယ်နဲ့ တိုက်စစ်ကို အချိတ်အဆက်ပိုမိစေခဲ့တာဖြစ်ပါတယ်။ ဒီလိုလူစာရင်းနဲ့ ခြေစွမ်းပိုင်းတွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းအတွက် ဒီနှစ်ရာသီမှာ ပရီးမီး ယားလိဂ်ဖလားကိုတောင် စိန်ခေါ်နိုင်ဖို့ အလားအ လာရှိပြီး မန်စီးတီးအသင်းကို အနီးကပ်ဆုံးဖိအား ပေးနိုင်မယ့်အသင်းလည်းဖြစ်ပါတယ်။ ဘုန်းမောက်စ် အသင်းကတော့ ဒီနှစ်ရာသီမှာ ခြေစွမ်းပိုင်း ပြန်တက် လာတဲ့အသင်းလို့ ပြောလို့ရနေပြီး ရာသီအစပွဲစဉ် တွေမှာ မန်ယူနဲ့ချဲလ်ဆီးအသင်းထက်တောင် ရလဒ် ပိုင်းပိုကောင်းတဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ လျှော့တွက် မယ်ဆိုရင် ပေးဆပ်မှုကြီးသွားနိုင်တဲ့အသင်းဖြစ်ပါ တယ်။ ဒါကြောင့် ရလဒ်ပိုင်းကိုပြောရရင် လီဗာပူးလ် က အိမ်ကွင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာရော လူစာ ရင်းပိုင်းမှာပါ အသာစီးရယူသွားနိုင်ပြီး (၂)ဂိုးအသာ လောက်နဲ့ နိုင်ပွဲရယူသွားနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs   မန်ယူ

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ခရစ္စတယ်ပဲလေ့စ် ၄  - ဝ  မန်ယူ  (၇-၅-၂၀၂၄)

မန်ယူ  ၁ - ၂ ခရစ္စတယ်ပဲလေ့စ် (၃၀-၉-၂၀ ၂၃)

မန်ယူ ၁ - ဝ ခရစ္စတယ်ပဲလေ့စ် (၂၇-၉-၂၀ ၂၃)

The Statesman  အကြိုက် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၁ - ၁   မန်ယူ

ခရစ္စတယ်ပဲလေ့စ် ၂ - ၃  မန်ယူ

မန်ယူအသင်းအနေနဲ့ ဒီပွဲစဉ်က နိုင်ပွဲရဖို့ ထက် ရှုံးကြွေးပြန်ဆပ်ရဖို့ အခွင့်အရေးတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာသီမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၂)ပွဲစလုံး မန်ယူ အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို တစ်ပွဲမှ အနိုင်မရခဲ့တဲ့အပြင် တစ်ပွဲက(၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တစ်ပွဲကတော့(၁)ဂိုးသာခွင့်ပြုထားရပါတယ်။ ဒါ ကြောင့် မန်ယူအသင်းအနေနဲ့ ဒီနှစ်ရာသီအစော ပိုင်းမှာ ရလဒ်ပိုင်းကိုမကြည့်ဘဲ ရှုံးကြွေးကို ပြန်ဆပ်ဖို့ အာရုံစိုက်လာနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်း ကိုပြန်ကြည့်ရင် မန်ယူအသင်းက ရလဒ်ပိုင်းအရ ကျေနပ်စရာမရှိပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက ခြေစွမ်းပိုင်းအပြင် အသင်းရဲ့ အဓိက ကစားသမားတွေ ကို လက်လွှတ်ထားရတာကြောင့် ပိုပြီးရုန်းကန်နေရ တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းက ချဲလ်ဆီးအသင်းကို သရေကန်ထားတာ ကြောင့် မန်ယူအသင်းအနေနဲ့လည်း ခက်ခက်ခဲခဲရင် ဆိုင်ရဖို့ရှိနေပါတယ်။ မန်ယူအသင်းဟာ နောက်ပိုင်း မှာ တိုက်စစ်က ဂိုးရဖို့မလွယ်တော့သလို ကွင်းလယ် ပိုင်းနဲ့ နောက်တန်းကစားသမားတွေရဲ့အမှားတွေ ကနေ ဂိုးတွေပေးနေရတာဖြစ်ပါတယ်။ ကတ်စီ မီရိုးနဲ့ကိုဘီမေးနူးတို့ရဲ့ ခြေစွမ်းတွေကလည်း ကတ်စီ မီရိုးက အမှားများလာသလို ကိုဘီမေးနူးအနေနဲ့ လည်း ပွဲထွက်ကစားဖို့ ထိုက်တန်သေးရဲ့လားဆိုတာ ကလည်း မေးခွန်းထုတ်စရာရှိလာပါတယ်။ နည်းပြ တန်းဟတ်အနေနဲ့လည်း ကစားသမားတွေရဲ့ အနိမ့် အမြင့်ကိုသာ မသုံးသပ်နိုင်ခဲ့ရင် ရလဒ်ပိုင်းလည်း ထူးမခြားနားဖြစ်နေဦးမှာပါ။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်ကိုခန့်မှန်းရရင် ခရစ္စတယ်ပဲလေ့စ်အသင်းက အိမ်ကွင်းဖြစ်ပေမယ့် မန်ယူအသင်းက ရလဒ်ပိုင်းဆိုး ရွားမှုတွေကြောင့် ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ကန်ပြီး ရမှတ်(၃)မှတ် အပြည့်ယူသွားနိုင်ပါတယ်။ ဂိုးတော့ မပြတ်ပါဘူး။              

စပါးစ် Vs ဘရန်းဖို့ဒ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

စပါးစ်  ၃ - ၂ ဘရန်းဖို့ဒ် (၁-၂-၂၀၂၄)

ဘရန်းဖို့ဒ်  ၂ - ၂ စပါးစ် (၁၃-၈-၂၀၂၃)

စပါးစ်  ၃ - ၂ ဘရန်းဖို့ဒ် (၂၀-၅-၂၀၂၃)

The Statesman  အကြိုက် ပွဲကြိုသုံးသပ်ချက်

စပါးစ်  ၃- ၂ ဘရန်းဖို့ဒ်

စပါးစ်  ၂ - ၂ ဘရန်းဖို့ဒ်

စပါးစ်အသင်းက မနှစ်ကရာသီနဲ့ယှဉ်ရင် ခြေစွမ်းပိုင်း ကျဆင်းသွားတယ်လို့ ပြောလို့ရပါတယ်။ မနှစ်ကနည်းပြသစ်လက်ထက်မှာ တိုက်စစ်ကစား ဟန်ကောင်းခဲ့တဲ့အပြင် တစ်သင်းလုံးအတက် အ ဆင်းမှန်မှန်ကစားခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ ဒီနှစ်ရာ သီမှာတော့ တိုက်စစ်ပိုင်းမှာ ဂိုးရဖို့မခက်ဘူးဆိုပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုအပိုင်းမှာအား နည်းသလို နောက်တန်းခံစစ်မှာလည်း လိုအပ်ချက် တွေရှိနေပါတယ်။ အဓိကအချက်တော့ နောက်တန်း ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းဖြတ်ထုတ် ကစားတတ်တဲ့အကျင့်က ပွဲတိုင်းမကောင်းနိုင်တဲ့ အ ပြင် တိုက်စစ်အထိလိုက်ပါလွန်းတာကြောင့် တန်ပြန် တိုက်စစ်ကနေ ဂိုးတွေများစွာပြန်ပေးလိုက်ရတာမျိုးတွေရှိလာပါတယ်။ ဘရန်းဖို့ဒ်အသင်းကတော့ စပါးစ် အသင်းထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပိုင်းကို ရာသီအစပွဲစဉ်တွေမှာပြသထားပြီး ကစားပုံကောင်း သလို ဘောလုံးဖြတ်ထုတ်မှုအားကောင်းတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု တွေအရလည်း ဘရန်းဖို့ဒ်အသင်းက စပါးစ်အသင်းကို (၂၀၂၁) ခုနှစ်ကတည်းကနေ လက်ရှိ (၂၀၂၄-၂၀၂၅) ဘောလုံးရာသီအထိ ပွဲပေါင်း(၆)ပွဲတွေ့ဆုံ ရာမှာ တစ်ပွဲသာနိုင်ခဲ့တာကိုတွေ့ရပြီး စပါးစ်အသင်း က (၂)ပွဲနိုင်ထားကာ(၃)ပွဲသရေကျထားတာကိုတွေ့ရ ပါတယ်။  စပါးစ်အသင်းက အိမ်ကွင်းမှာဆိုရင် ဘရန်း ဖို့ဒ်ကို နိုင်ပွဲပိုရတတ်တာကြောင့် ဒီပွဲစဉ်က စပါးစ်အ သင်းကနိုင်ဖို့များပေမယ့် အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ သရေလည်းကျသွားနိုင်ပါတယ်။     

၂၁ -၉-၂၀၂၄ (စနေနေ့ညပိုင်း)

ည (၆းဝဝ)  ဝက်စ်ဟမ်း Vs ချဲလ်ဆီး

ည (၈း၃၀)  လီဗာပူးလ် Vs  ဘုန်းမောက်စ်

ည (၈း၃၀)   စပါးစ် Vs  ဘရန်းဖို့ဒ်

ည (၁၁းဝဝ)  ခရစ္စတယ်ပဲလေ့စ် Vs  မန်ယူ


၂၂-၉-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

ည(၁၀းဝဝ)   မန်စီးတီး Vs အာဆင်နယ်


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved