Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အချင်းချင်း ယုံကြည်မှုကျဆင်းခြင်းက ရန်ကုန်၏ အရေအတွက် မနည်းလှသော အငှားယာဉ်မောင်းများအပေါ် ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိနေ

သန့်ဇင် (NSS) - စက်တင်ဘာ ၅

ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် အချင်းချင်း ယုံကြည်မှုကျဆင်းခြင်းက ရန်ကုန်မြို့ရှိ အရေအတွက် မနည်းလှသော အငှားယာဉ်မောင်းများအပေါ်  ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိနေကြောင်း ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းများထံ NSS က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။


လူဦးရေအထူထပ်ဆုံး နှင့် နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် နေထိုင်သူများသည် ကုန်စျေးနှုန်းမြင့်မားလာသည့်အတွက် ယခင်ပုံမှန် ရုံးသွား၊ ရုံးပြန် နှင့် အခြားကိစ္စများအတွက် အငှားကားအစီးများသူများက ထွက်ငွေကို လျှော့ချသည့်အနေဖြင့် အငှားကားစီးသည့် အကြိမ်ရေကို လျှော့ချလာကြသည်။ ထိုမျှသာမက မဖြစ်မနေ အငှားကားစီးရမည် ဆိုပါကလည်း လုံခြုံရေး အခြေအနေကြောင့် နီးစပ်သော သို့မဟုတ် စိတ်ချရသော အငှားယာဉ်မောင်းကို ရွေးချယ်စီးနင်းခြင်းမျိုး ရှိလာသည်။ 

တဖက်က ပြန်ကြည့်လျှင်လည်း ရန်ကုန်မြို့တွင် ယခုနောက်ပိုင်း နှစ်များအတွင်း ငွေရလွယ်မည်ဟု ယူဆသော အငှားယာဉ်မောင်းများအဖြစ်ပြောင်းလဲလုပ်ကိုင်လာကြခြင်းကြောင့် အငှားယာဉ်များအဆမတန်များပြားလာခဲ့ရာ ယခုကဲ့သို့ ခရီးသည် နည်းပါးသွားချိန်တွင် အကျပ်အတည်း ပိုမို ကြုံနေကြရသည်။ ထို့ကြောင့် လက်ရှိ ခရီးသည် ရှားပါးလာချိန်တွင် အငှားယာဉ်မောင်းအချို့က အုံနာထံ ၎င်းတို့၏ အငှားယာဉ်များကို ပြန်အပ်ခြင်းများ ရှိလာကြောင်းလည်း စုံစမ်းသိရှိရသည်။

“ဘာကြောင့် ခရီးသည်ပါးလာရလဲဆိုတာက အခုနောက်ပိုင်းမှာ စီးပွားရေးအခြေအနေတွေမကောင်းကြတာနဲ့ ကုန်ဈေးနှုန်းကြီးမားလာတာတွေ အပေါ်မှာ ချွေတာလာကြတာ။ မလိုအပ်ရင် တက္ကစီတွေမစီးတော့ဘူးပေါ့။ တချို့ကတော့ ခြေလျင်သွားတာရှိတယ်။ တချို့ကတော့ ဘတ်စ်ကားနဲ့သွား တာရှိတယ်။ တကယ်လို့အရေးပေါ်ကြုံတဲ့အချိန်၊ ညနက်တဲ့အချိန်လောက်ပဲ တက္ကစီ စီးကြတော့တယ်။ အဲဒီလိုဖြစ်လာတယ်ပေါ့”ဟု ရန်ကုန်မြို့မှ အငှားယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ငွေကြေးလျှော့ချသုံးစွဲလိုသည့်အတွက် မဖြစ်မနေ တက္ကစီကားငှားရမ်းစီးနင်းရာတွင်ပင် ရိုးရိုးတက္ကစီများထက် ဈေးသက်သာသည့် CNG(ဂတ်စ်)တက္ကစီများကိုသာ စီးနင်းခြင်းများပြု လုပ်လာကြကြောင်း သိရသည်။

“နောက်တစ်မျိုးတွေ့တာက CNG ကားတွေကို စီးကြတယ်။ CNG က ကြိုက်သလိုမောင်း။ တစ်နေကုန် ပတ်မောင်း ကျပ်၂၈၀၀၊ ကျပ် ၃၀၀၀ အပြင်ပို မကျဘူးလေ။ အဲဒီလောက်နဲ့တစ်နေကုန် ကောင်းကောင်းမောင်းလို့ရတယ်။ ကျွန်တော်တို့ ဆီကားကတော့ အဲဒီလိုမရတော့ဘူး။ အဲဒီလိုလေး တွေ ကွာသွားလို့မလိုက်နိုင်တော့ အများကြီးတော့ ဟာသွားတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် စက်သုံးဈေးနှုန်းများအနည်းငယ်မြင့်တက်လာသောကြောင့်လည်း စက်သုံးဆီ တက္ကစီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရာမှ ပုံမှန်စီးနင်းသူများပင် စီးနင်းခြင်းမရှိတော့သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း အထက်ပါ တက္ကစီယာဉ်မောင်းက ဆိုသည်။ “တချို့ ကီလိုတက္ကစီလေးတွေရှိတယ်။ တချို့ Grab ကားတွေရှိတယ်။ ကီလိုဆော့ဝဲလ်လေးတွေရှိတယ်။ အဲဒီထဲမှာ ဝင်ဆွဲမယ်ဆိုရင်လည်း မကိုက်ပြန်ဘူး။ ဘာလို့မကိုက်လည်းဆိုတော့ သူတို့လိုတာက တစ်ကီလိုကို ကျပ် (၈၀၀)ပေါ့နော်။ အဲဒီတစ်ကီလိုမှာ ကျွန်တော်တို့က ari-con ပါ ဖွင့်ပေးရတယ်။ အဲဒီမှာ မကိုက်တော့ဘူး။ စအတက်မှာ ကျပ်၂၀၀၀ ရှိတယ်၊။ ကျပ် ၃၀၀၀ ရှိတယ်။ စတက် ကျပ်၂၀၀၀ ထားလိုက်။ တစ်ကီလို ကျပ် ၈၀၀၊ ၁၀ကီ လိုဆိုရင် ကျပ်၈၀၀၀၊ ကျပ်၁၀၀၀၀လောက်ပဲရတယ်။ အဲဒီ ကျပ် ၁၀၀၀၀ တောင် အဝေးကြီး သွားရတာ။ အဲဒီလို ခရီးသည်လိုက်မယ်ဆိုပြန်တော့လည်း ကျွန်တော်တို့အတွက်လည်းမကိုက်တော့ပြန်ဘူး။ ဘယ်ဟာဖြစ်ဖြစ် ဆီကားသမားတွေက ရှုံးတာပေါ့ဗျာ။ အဲဒီတော့ မြို့ထဲမှာ ဟိုနားဒီနား ၃၀၀၀၊ ၄၀၀၀ အဲဒီလောက်လေးတွေပဲသွားရတော့တာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိကာလ၌ ရန်ကုန်မြို့တွင် ခိုးဆိုးလုယက်သည့် ဖြစ်စဉ်များ ဖြစ်ပွားမှုများပြားနေသည့်အတွက် တက္ကစီစီးနင်းသူများအနေဖြင့် တက္ကစီနှင့်ယာဉ် မောင်းသူ၏ သွင်ပြင်လက္ခဏာကိုကြည့်ကာ စိတ်ချယုံကြည်မှသာ စီးနင်းခြင်းများလည်းရှိလာကြောင်းလည်း  အခြားတက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

“အခုနောက်ပိုင်းမှာ တချို့က ကားကိုရွေးကြတာပေါ့နော်။ ကိုယ်နဲ့သိတဲ့မိတ်ဆွေတွေလောက်ပဲသွားတယ်။ တချို့ကလည်း ကားမှာ Logo လေးတွေ စတေကာလေးတွေရှိတယ်။ Grab တို့လို တံဆိပ်လေးတွေရှိရင် စစ်ဆေးဖြစ်တယ်။ အဲဒီလိုမျိုးစစ်ဆေးတယ်။ တချို့ကလည်း အရေးပေါ်ကြုံလာရင် ဘယ်ကားဖြစ်ဖြစ်ငှားလိုက်တာမျိုးတွေလည်း တွေ့ရတယ်။ ဒါပေမဲ့ အခုချိန်မှာတော်တော်များကို ကျွန်တော်တွေ့ရသလောက်က ကားကောလူကော အနေအထားကြည့်ပြီး စီးတာတွေများတယ်။ အခုကျွန်တော်တို့ကို ခရီးသည်က တားလိုက်ပြီဆိုရင် လူအနေအထားကြည့်တယ်။ ကားအနေအထားကြည့်တယ်။ လူကော ကားကောကို စိတ်သန့်ပြီဆိုမှ သူတို့လိုက်တယ်။ စိတ်ထဲမှာ သူတို့မသန့်ဘူးဆိုရင် ဈေးကိုပေါက်ကရတွေပြန်ပြောလိုက်တယ်။ ဥပမာ - ဆူးလေကနေ လှည်းတန်းကို ကျပ် ၈၀၀၀ ဆိုရင် ၅၀၀၀ ပါ ၊ ၄၀၀၀ ပါဆိုပြီး ငှားတဲ့သူက မဖြစ်နိုင်တဲ့ စျေးပြောပြီး လျှော်ပစ်လိုက်တယ်။ အဓိကတော့ မလိုက်စေချင်လို့ပါ။ အဲဒီလိုမျိုးတွေလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။

တက္ကစီယာဉ်မောင်းများအနေဖြင့် အထက်ပါအခြေအနေများအပြင် စက်ချို့ ယွင်းမှုတစ်ခုခုဖြစ်ပေါ်ပါက အပိုပစ္စည်းဈေးနှုန်းများကြီးမားခြင်း၊ ပြင်ဆင်စ ရိတ်ကြီးမားခြင်းနှင့် Owner ကြေးမြင့်မားစွာပေးချေရခြင်း စသောအခက်အခဲများနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါပုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၂)လုံးနှင့် တိုက်ခန်းတစ်ခန်းမီးလောင်ပျက်စီးသည့်အပြင် လူတစ်ဦး ထိခိုက်ဒဏ်ရာရ

RELATED POSTS
RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved