ပဲနွယ်ကုန်းမြို့ပေါ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - ဇန်နဝါရီ ၂၄
ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့ပေါ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ နံနက် (၉)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အောင်မြေရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အောင်မြေရပ်ကွက်တွင် နေထိုင်သော ကိုအောင်ကိုကို (၂၉)နှစ်သည် အဆိုပါရပ်ကွက်ရှိ သုဿာန်အနီးသို့ နွားကျောင်းသွားစဉ် အကြမ်းဖက် သမားများ ထောင်ထားသော မိုင်းအားနင်းမိခဲ့ကြောင်း သိရသည်။
"အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းထိပြီးတော့ ခြေတစ်ဖက်ဖြတ်လိုက်ရတယ်။ နွားကျောင်းသွားရင်းနဲ့ဖြစ်တာ။ ဒူးခေါင်း နဲ့ ညာဘက်ခြေထောက် မိုင်းစမှန် ဒဏ်ရာရသွားပြီး ဘယ်ဘက်ခြေထောက်ကတော့ ဖြတ်လိုက်ရတယ်"ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NSS ကို ပြော သည်။
ဖြစ်စဉ်ကြောင့် ကိုအောင်ကိုကိုတွင် ဝဲဘက်ခြေထောက်တွင် ပြတ်ရှဒဏ်ရာနှင့် ယာဘက်ခြေထောက်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်းကလည်း ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၌ တောင်ယာခင်းထဲသွားသည့် အမျိုးသား(၂)ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေဆိပ်ကမ်းမှတဆင့် မြန်မာ- အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ