ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့က ပစ်ခတ်သော လက်နက်ငယ်များ ကြံခင်းအတွင်းသို့ ကျရောက်မှုကြောင့် လူ(၆)ဦးသေဆုံး
စော (NSS) - ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် PDF အဖွဲ့က ပစ်ခတ်သော လက်နက် ငယ်များ ကြံခင်းအတွင်းသို့ ကျရောက်ခဲ့မှုကြောင့် လူ(၆)ဦးသေဆုံးခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ နံနက်(၁၀)နာရီဝန်းကျင်အချိန်တွင် ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀၀) ခန့်အကွာရှိ ကြံခင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြံခင်းအတွင်း၌ ကြံခုတ်နေသည့် အမျိုး သား(၅)ဦး နှင့် အမျိုးသမီး(၁)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ကန့်ဘလူမြို့ရှိ နယ်မြေခံဆေးပေးခန်းသို့ ပိုဆောင်ပေးခဲ့ပြီး ၎င်းဖြစ်စဉ်ဖြစ်ပွားရာ အနီးတစ်ဝိုက်၌ လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်ကလည်း ကန့်ဘလူမြို့နယ်ရှိ ယမနေကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၂)ဦး အပါအဝင် ဒေသခံ (၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲနွယ်ကုန်းမြို့ပေါ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ