မွန်ပြည်နယ်၌ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်
မြူနစ် (NSS) - ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၂၂ ရက်)၊ ည ၇ နာရီအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွဲကလာကျေးရွာတွင် နေထိုင်သူ ဦးဉာဏ်ထွန်းသည် အပြင်မှ ၎င်း၏နေအိမ်သို့ ကားဖြင့် ပြန်လာစဉ်အချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ရွာဘက်ကို ပြန်တဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က သေနတ်အတိုနဲ့ ပစ်သွားတာ။ ဆေးရုံရောက်မှ ဆုံးသွာတာ။ ကျည်ဆံဒဏ်ရာတွေက တော်တော်လေးများတယ်။ သူက အဲဒီရွာက ဒေသခံပါပဲ။ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူလို့တော့ပြောတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဉာဏ်ထွန်းသည် ကျည်ဖောက်ဝင်ဒဏ်ရာ (၅)ချက်ထက်မနည်းရရှိကာ ဆေးရုံသို့ ပို့ဆောင်ကုသပေးစဉ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ PDF အဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ UG က ဦးဉာဏ်ထွန်းအား ပြည်သူ့စစ်ခေါင်းဆောင်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်၊ ထောက်ခံသူနှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်ခန့်ကို အကြမ်းဖက်အဖွဲ့များက လုပ်ကြံသတ်ဖြတ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်နားမှာ မြန်မာစစ်လေယာဉ်တစ်စီး အက်ဆီးဒင့်ဖြစ်ပွားပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရခဲ့ဟုဆို
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ