တကောင်းမြို့ပေါ်ရှိ မီးသတ်ရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရ၍ လုံခြုံရေးအဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရ
မြူနစ် (NSS) - ဇန်နဝါရီ ၁၉
မန္တလေးတိုင်း၊ တကောင်းမြို့ပေါ်ရှိ မီးသတ်ရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရ၍ လုံခြုံရေးအဖွဲ့ဝင်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၁၉ ရက်)၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် တကောင်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မီးသတ်ရုံး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တကောင်းမြို့မီးသတ်ရုံးကို အကြမ်းဖက်အဖွဲ့က ဒရုန်းတစ်စင်းဖြင့် Drop ဗုံးတစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
၎င်းကဲ့သို့ ပစ်ချခဲ့သော Drop ဗုံးသည် မီးသတ်ရုံးအ ဆောက်အဦးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ သွပ်၊ မျက်နှာကြက် နှင့် လေကာမှန်များ ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ယင်းမီးသတ်ရုံး၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်(၂)ဦးသည်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ထပ်မံပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော လုံခြုံရေးအဖွဲ့ဝင် (၂)ဦးကို တကောင်းမြို့ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကုပေးလျက်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရလက်ထက်တွင် မီးသတ်ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ဖူးပြီး မီးသတ်ရုံးအဆောက်အဦးနှင့် မီးသတ်ယာဉ်များသည်လည်း ဖျက်ဆီးခံခဲ့ရမှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး ကလေးငယ်(၉)ဦး အပါအဝင် အနည်းဆုံး လူ(၁ဝ)ဦး သေဆုံး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ