ရုရှားနိုင်ငံက အနောက်အုပ်စုနိုင်ငံများကို မယုံကြည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြော
Pika (NSS) - ဇန်နဝါရီ ၁၉
ယူကရိန်းပဋိပက္ခက အနောက်အုပ်စုနိုင်ငံများကို ယုံကြည်နိုင်သည်ဆိုသည့် လွဲမှားနေသောအယူအဆများကို ကျော်လွှားနိုင်ရန်အတွက် ရုရှားနိုင်ငံကို ကူညီပေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။
ဇန်နဝါရီလ(၁၈)ရက်တွင် ပြုလုပ်သည့် ရုရှား၏ ၂ဝ၂၃ ခုနှစ် သံတမန်ရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ဆာဂေးလာရော့ဗ်က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့သော ရုရှား၏ စစ်ဆင်ရေးများသည် ပြည်သူများအား စည်းလုံးညီညွတ်အောင်ကူညီပေးသည့် အကျိုးသက်ရောက်မှုများ အပါအဝင် ပြည်တွင်းတွင် အပြုသဘောဆောင်သောအကျိုးဆက်များကို ရရှိစေခဲ့ကြောင်း ဆာဂေးလာရော့ဗ်က ပြောခဲ့သည်။
ထို့အပြင် ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဖြစ်ပေါ်စေခဲ့သည့် ယူကရိန်းပဋိပက္ခ သည် ရုရှားနိုင်ငံ၏ စီးပွားရေးအား အရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုများတွင် ပိုမိုကြီးမားသော တိုးတက်မှုများကို ရရှိစေခဲ့ကြောင်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။
ဆာဂေးလာရော့ဗ် က "နယ်ပယ်များစွာကို လွှမ်းခြုံထားတဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ဩဇာလွှမ်းမိုးမှုတွေက ဘယ်လိုပုံစံနေထိုင်ရမယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ကို နားလည်စေခဲ့ပါတယ်။ ၁၉၉ဝ ပြည့်နှစ်တွေကတည်းက ရှိခဲ့တဲ့ လွဲမှားနေတဲ့အယူအဆတွေ ဆက်ရှိနေမယ်ဆိုရင် အနောက်အုပ်စုနိုင်ငံတွေဟာ ကျွန်တော်တို့ကို လုံးဝ ချေမှုန်းပစ်လိုက်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။
ရုရှားသမ္မတပူတင်က ၎င်းသည် နိုင်ငံရေးသက်တမ်းကာလအစောပိုင်းတွင် ရိုးအ ခဲ့ကြောင်း ပြီးခဲ့သည့်လတွင် ဝန်ခံပြောဆိုခဲ့ပြီးနောက် ဆာဂေးလာရော့ဗ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေကြောင်းတိုက်ခိုက်မှုများက ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများအား တိုက်ခိုက်မှုကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတပြော
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ