ရေအောက်သုံးနျူကလီးယားလက်နက်စနစ်ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားစစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၁၉
မြောက်ကိုရီးယားစစ်တပ်သည် အသစ်တီထွင်ဖန်တီးထားသော ရေအောက်သုံးနျူကလီးယားလက်နက်စနစ်ကို ယနေ့ (ဇန်နဝါရီလ ၁၉ ရက်)တွင် စမ်းသပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစမ်းသပ်မှုသည် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်ခြင်းမျိုးသာဖြစ် ကြောင်း မြောက်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။ ယနေ့တွင် လုပ်ဆောင်ခဲ့သော ရေအောက်နျူကလီးယားလက်နက်စနစ်စမ်းသပ်မှုကို မြောက်ကိုရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
KCNA သတင်းဌာနက"DPRK Academy of Defence Science လက်အောက်မှာရှိတဲ့ ရေအောက်လက်နက်စနစ်အဖွဲ့အစည်းဟာ ကိုရီးယားအရှေ့ပင်လယ်မှာ တည်ဆောက်နေတဲ့ Haeil-5-23 ရေအောက်သုံးနျူကလီးယားလက်နက်စနစ်ရဲ့ အရေးကြီးတဲ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ရေအောက်နျူကလီးယားတုန့်ပြန်ရေးပုံစံကို ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီဖြစ်ခဲ့ပါတယ်"ဟု ရေးသားဖော်ပြထားသည်။
ထို့ပြင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့၏ စစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယား၏ လုံခြုံရေးကိုခြိမ်းခြောက်နေကြောင်း မြောက်ကိုရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယား နှင့်ဂျပန်တို့သည် ဒေသတွင်းတွင် စစ်ရေးလေ့ကျင့်နေမှုများကို မရပ်တန့်ပါက ဆိုးရွားသောအကျိုးဆက်များနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောဆိုခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် ပြီးခဲ့သည့်နှစ်တွင် လျှို့ဝှက်လက် နက်ဟု အမည်ပေးထားသော ရေအောက်သုံးနျူကလီးယားဒရုန်းအပါအဝင် စမ်းသပ်မှုအများအပြားကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါရေအောက်သုံးနျူကလီးယားဒရုန်းသည် ရေဒီယိုသတ္တိကြွဆူနာမီကိုဖန်တီးနိုင်ပြီး ရန်သူများ၏သင်္ဘောများကို ချေမှုန်းပစ်နိုင်ကြောင်း အမည်မဖော်လိုသော စစ်တပ်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
မြောက်ကိုရီးယားဘက်က သတိပေးမှုများရှိနေသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပြီးခဲ့သည့်နှစ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်းကြောင့် တင်းမာမှုများမြင့်တက်နေချိန်တွင် အဆိုပါစမ်းသပ်မှုထွက်ပေါ်လာခြင်းဖြစ် သည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် လက် နက်အများအပြားကို စမ်းသပ်မှုများအပါအဝင် အင်အားပြသမှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက အနောက်အုပ်စုနိုင်ငံများကို မယုံကြည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြော
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ