အီရန်နိုင်ငံ နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်အစိုးရအဖွဲ့ အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၉
ပါကစ္စတန် ဝန်ကြီးချုပ်က အီရန်နိုင်ငံနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်စစ်တပ် အပြင် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲတွေနဲ့ ဇန်နဝါရီလ ၁၉ ရက်မှာ အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခဲ့ကြောင်းသိရပါတယ်။
အီရန်နဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖြိုခွင်းတယ်လို့ပြောဆိုပြီး အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ အီရန်နိုင် ငံက ၎င်းတို့နိုင်ငံကို ဆန့်ကျင်နေတဲ့ ပါကစ္စတန်နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သလိုပါကစ္စတန်နိုင်ငံကလည်း အီရန်နိုင်ငံအတွင်းရှိ ပါကစ္စတန် ဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့တွေကို ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
ပါကစ္စတန်နဲ့ အီရန်တို့ဟာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း သံတမန်တွေကိုလည်းအပြန် အလှန်ခေါ်ယူထားပြီးဖြစ်ကြောင်းသိရပါတယ်။ ပါကစ္စတန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက "ပါကစ္စတန်ဝန်ကြီးချုပ်ဟာ ဇန်နဝါရီလ ၁၉ ရက်မှာ နိုင်ငံလုံခြုံရေးကောင်စီအစည်းအဝေးကိုခေါ်ယူခဲ့တယ်။ ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်နဲ့ထောက်လှမ်းရေးအဖွဲ့အကြီးအကဲတို့တက်ရောက်မယ်"လို့ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တော့ အီရန် နဲ့ ပါကစ္စတန်နိုင်ငံကြား ဖြစ်ပွားနေတဲ့တင်းမာမှုများကို အစွမ်းကုန်သည်းခံချုပ်တည်းဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က "ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ပါကစ္စတန် နဲ့ အီရန်နိုင်ငံကြားဖြစ်နေတဲ့တင်းမာမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်စေလိုတယ်။ နိုင်ငံအချုပ်အခြာ အာ ဏာပိုင်နက်တွေကို လေးစားမှုအပြည့်နဲ့ဆောင်ရွက်စေလိုတယ်"လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားများနေခြင်းကြောင့် ပဲစင်းငုံနီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ