Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောင်းဆရာမတစ်ဦးကို လက်ပြန်ကြိုးတုတ် သတ်ဖြတ်မှု နှင့် ပါတီဝန်းရံသူ(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်မှု တံတားဦးမြို့နယ်တွင် ဖြစ်ပွား

Pearl (NSS) - ဇန်နဝါရီ ၁၈

တံတားဦးမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးကို လက်ပြန်ကြိုးတုတ် သတ်ဖြတ်မှု နှင့် ပါတီဝန်းရံသူ(၂)ဦးကို ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ 


ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာသို့ အကြမ်းဖက်သမားများက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး  ဦးစိုးမြင့်ထွန်း (၅၃)နှစ် နှင့် မသက်နွယ်အောင် (၄၂)နှစ် ဖမ်းဆီးခေါ်ဆောင်၍ လုပ်ကြံသတ်ဖြတ်သွားခဲ့ကြောင်းသိရသည်။ 

ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ဦးစိုးမြင့်ထွန်းနှင့် မသက်နွယ်အောင်တို့သည် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၆နာရီ ၅၀မိနစ်ခန့်တွင်  တံတားဦးမြို့နယ်၊ တပယ်ကျေးရွာသို့ အကြမ်းဖက်သမားများက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး တပယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းဆရာမ ဒေါ်မီမီထွန်း(၄၁) နှစ်ကို ဖမ်းဆီးခေါ်ဆောင်၍  လက်ပြန်ကြိုးတုပ်ကာ ထပ်မံ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

"အဲဒီလိုမျိုး ဆရာမတွေ ရက်ရက်စက်စက်အသတ်ခံရတာမျိုးတွေ ကြားလိုက်တိုင်းလည်း စိတ်မကောင်းဘူး။ ဒီလိုမျိုး မကြား ဝံ့မနာသာတွေ မကြားရဲဘူး။ ကြားလည်း မကြားရက်ဘူး။ စိတ်မကောင်းလည်း ဖြစ်တယ်။ ပညာရေးဝန်ထမ်းတွေနဲ့ အပြစ်ဘာမှ မရှိတဲ့ လူတွေကို မျိုးစုံစွပ်စွဲပြီး ကြောက်လန့်အောင် ခြောက်လှန့်ပြောဆိုနေတာတွေကလည်း တော်တော်စိတ်နာစရာကောင်းတယ်"ဟု ပညာရေးဝန်ထမ်းတစ်ဦးက NSS ကိုပြောသည်။ 

ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်လည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာတွင် နေထိုင်သော  အထက်တန်းပြဆရာမတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအထွက်ရှိ စက်လှေဆိပ်တွင် လက်ပြန် ကြိုးတုတ်၍ လည်ပင်းအားဓားဖြင့်လှီးဖြတ်ကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ကျောင်း ဆရာ၊ ဆရာမဦးရေ (၁၀၀)နီးပါး နှင့် ပြည်ခိုင်ဖြိုးပါတီဝင်၊ ထောက်ခံသူ နှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်ခန့်သည် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အကြမ်းဖက်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံထားရကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်ပြည်သူများသည် တိုက်ပွဲကြောင့် ပြန့်ကျဲနေသည့်အတွက် အကူအညီလုံးဝမရသေးသူများလည်း ရှိနေဟု ALP တာဝန်ရှိသူပြော

RECENT POSTS
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved