တပ်မတော်၏ တရုတ်နိုင်ငံထုတ် FTC- 2000G တိုက်လေယာဉ်ကို ကချင်လက်နက်ကိုင်အဖွဲ့ KIA ပစ်ချခဲ့ဟုဆို
မြူနစ် (NSS) - ဇန်နဝါရီ ၁၇
တပ်မတော်၏ တရုတ်နိုင်ငံထုတ် FTC – 2000G အမျိုးအစား တိုက်လေယာဉ်ကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က တိုက်ခိုက်ပစ်ချခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဒေသ၌ ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် တပ်မ တော်၏ FTC – 2000G တိုက်လေယာဉ်ကို KIA အဖွဲ့က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်၏ ဂျက်ဖိုက်တာတစ်စင်းကို ထပ်မံပစ်ချနိုင်ခဲ့ကြောင်း KIA အဖွဲ့ကလည်း မီဒီယာများကို အသိပေးပြောဆိုထားပြီး ၎င်းတိုက်လေယာဉ်ကို တရုတ်နိုင်ငံထုတ် လေယာဉ်ပစ်လက်နက် FN-6 ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြော ဆိုမှုများ ရှိနေသည်။
သို့သော် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများအနေဖြင့် နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာဖြေကြားခြင်းမျိုး မရှိသေးပေ။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဒေသတစ်ဝိုက်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့ကြား ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ယခုရက် ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
အလားတူ ကချင်လက်နက်ကိုင်အဖွဲ့ KIA သည် ပြီးခဲ့သော ဇန်နဝါရီလ ၃ ရက်တွင်လည်း KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ နာ ဖော့တောင်ကြောတစ်ဝိုက်တွင် တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထုံးဘို-မြစ်ငယ်ကားလမ်း၌ အမျိုးသားတစ်ဦး ကားကြိတ်ခံရကာ ဦးခေါင်းကြေဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး မိသားစုကို ဆက်သွယ်ရန်ခက်ခဲနေ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ