ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ကို မီးနဲ့မကစားစေလိုကြောင်း တရုတ်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၇
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး မီးနဲ့ကစားတာမျိုးမလုပ်စေလိုကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်ဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာရဲ့မှတ်ချက်စကားတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုချိန်မှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတရဲ့မှတ်ချက်စကားတွေက တရုတ်နိုင်ငံရဲ့မူဝါဒကိုချိုးဖောက်ခြင်းဖြစ်သလို တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမျိုးဖြစ်ကြောင်းတရုတ်အစိုးရကပြောပါတယ်။
ဖိလစ်ပိုင်သမ္မတက ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ထိုင်ဝမ် သမ္မတအသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်နဲ့အခြားနိုင်ငံတွေကြား တရားဝင် ဆက်ဆံခြင်းတွေကိုဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။ တရုတ်အစိုးရဟာ သမ္မတ ဖာဒီနန်မာကိုစ့်ရဲ့မှတ်ချက်စကားတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီးကိုခေါ်ယူတွေ့ဆုံကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်းသိရပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်တွေဟာ ထိုင်ဝမ်ရေလက်ကြားနဲ့ပတ်သက်ပြီး ထားရှိတဲ့သဘောထားတွေကိုပြောင်းလဲမှာမဟုတ်သလို ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကိုလည်း ထိခိုက်စေမှာမဟုတ်ကြောင်း ပြောပါတယ်။ ဖိလစ်ပိုင်သမ္မတအနေနဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်စာအုပ်တွေများများဖတ်ဖို့လိုအပ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ပိုင်နက်အငြင်းပွားမှုတွေ ပိုမိုဖြစ်လာနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်၏ တရုတ်နိုင်ငံထုတ် FTC- 2000G တိုက်လေယာဉ်ကို ကချင်လက်နက်ကိုင်အဖွဲ့ KIA ပစ်ချခဲ့ဟုဆို
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ