ရေတာရှည်မြို့နယ်တွင် USDP ပါတီဝင်အမျိုးသမီးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်မှုဖြစ်ပွား
Pearl (NSS) - ဇန်နဝါရီ ၁၇
ရေတာရှည်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) ပါတီဝင် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က ပဲခူးတိုင်း ၊ ရေတာရှည်မြို့ နယ်၊ ဇေယျသိမ်ကျေးရွာအုပ်စု၊ ဇေယျသိမ်ကျေးရွာတွင် နေထိုင်သော USDP ပါတီဝင် တစ်ဦးဖြစ်သူ ဒေါ်ဌေးရီ (၅၈)နှစ်၏ နေအိမ်သို့ အကြမ်းဖက်အဖွဲ့ဝင်များရောက်ရှိလာပြီးနောက် ၎င်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သူ့အလောင်းကို ဇန်နဝါရီလ ၁၆ ရက်၊ မနက် ၇ နာရီလောက်မှာ ပြန်တွေ့တာ။ လည်ပင်းထိုးသွင်းဒဏ်ရာတွေ နဲ့ သေဆုံးနေတာ ၊ သေနတ်ဒဏ်ရာ မဟုတ်ဘူး။ အလောင်းမတွေ့ခင် တစ်ရက်ဆိုတော့ (၁၅)ရက်က လာဖမ်းသွားတာ။ သူက အိမ်မှာ တစ်ယောက်တည်းနေတာများတယ်။ အင်အားဘယ်လောက်နဲ့ လာဖမ်းလဲတော့ မသိဘူး။ အသက်ကလည်း ကြီးနေပြီ။ အမျိုး သမီးလည်းဖြစ်တယ်။ အခုလို မဖြစ်သင့်ဘူး"ဟု လုံခြုံရေးအဖွဲ့ဝင်နှင့်နီးစပ်သူက NSS ကို ပြောသည်။
အလားတူ (ဇန်နဝါရီလ ၁၅ ရက်) ကလည်း ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေးရွာတွင် နေထိုင်သော USDP ပါတီ၏ မြို့နယ်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅)နှစ်သည် ၎င်း၏ သမီးဖြစ်သူ မစုမြတ်သော်တာ (၁၉)နှစ်နှင့်အတူ ပိုးသတ်ဆေးဖြန်းရန် လယ်ထဲသို့သွားစဉ် အကြမ်းဖက် သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ပြည်ခိုင်ဖြိုးပါတီဝင်၊ ထောက်ခံသူ နှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်ခန့် သည် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းခံထားရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ကို မီးနဲ့မကစားစေလိုကြောင်း တရုတ်အစိုးရ သတိပေး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ