ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနှင့်ပတ်သက်ပြီး အမေရိကန်ကုမ္ပဏီ(၅)ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု တရုတ်အစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၇
ထိုင်ဝမ်ကို အမေရိကန်၏ နောက်ဆုံးအကြိမ်လက်နက်ရောင်းချမှုအား လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ စစ်ဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ(၅)ခုကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီလ(၇)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
ထိုင်ဝမ်သို့ အမေရိကန်၏ စစ်လက်နက်ပစ္စည်းများရောင်းချမှုသည် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ ဖြစ်ပွားစေသည့်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ထိုင်ဝမ်မှာ ၎င်း၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာပြောဆိုထားသော်လည်း အဆိုပါပြောဆိုချက်များကို ထိုင်ဝမ်အစိုးရက ငြင်းဆန်ပယ်ချထားကြောင်းလည်း သိရသည်။
ထိုင်ဝမ်ကျွန်းတွင် ဇန်နဝါရီလ(၁၃)ရက်မှာ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ အဆိုပါပိတ်ဆို့အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်ဝမ်ကျွန်း၏ မဟာဗျူဟာမြောက်သတင်းအချက်အလက်များကို ထိန်းသိမ်းရာ တွင် ကူညီပေးရန်အတွက် အမေရိကန်ဒေါ်လာသန်း(၃ဝဝ)တန်ဖိုးရှိ ပစ္စည်းကိရိယာများရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါပြောရေးဆိုခွင့်ရှိသူက "ထိုင်ဝမ်ကို မကြာသေးမီက လက်နက်ရောင်းချမှုတွေဟာ တရုတ်နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေ၊ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုတွေကို ဆိုးရွားစွာ ထိခိုက်စေပါတယ်" ဟု ပြောခဲ့သည်။
ပိတ်ဆို့အရေးယူမှုချမှတ်ခံရမည့် ကုမ္ပဏီများမှာ BAE Systems Land and Armaments ကုမ္ပဏီ၊ Alliant Techsystems Operations ကုမ္ပဏီ၊ AeroVironment ကုမ္ပဏီ၊ Viasat ကုမ္ပဏီ နှင့် Data Link Solutions ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရသည် အဆိုပါကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို သိမ်းယူသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံရှိ လူများ (သို့မဟုတ်) အဖွဲ့အစည်းများကို ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်းများမပြုလုပ်ရန် တားမြစ်ပိတ်ပင်သွားမည်ဖြစ် ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တရုတ်နိုင်ငံရှိ အမေရိကန်သံရုံးက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာနောက်ခံလူ ရော်နယ်အရိုဟိုကို ယူရိုသန်း(၈ဝ)ဖြင့် ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း ပြင်ဆင်နေ
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ