Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ်အရေး တင်းမာမှုအရှိန်မြင့်တက်နေတာတွေကို စိုးရိမ်မိပြီး ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ တောင်းဆို

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃၁ 

တောင်တရုတ်ပင်လယ်အရေး တင်းမာမှုအရှိန်မြင့်တက်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက  သတင်းထုတ်ပြန်လိုက်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေကြောင့် တင်းမာမှုမြင့်တက်လာရခြင်းဟာ ဒေသအတွင်း ငြိမ်ချမ်းရေးကို ခြိမ်းခြောက်နေပြီး အငြင်းပွားနေတဲ့ နိုင်ငံတွေကြား ငြိမ်းချမ်းစွာဆွေးနွေးစေလို ကြောင်း တိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပိုင်နက်နယ်မြေ ၈ဝ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်လို့ ပြောဆိုထားရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ 


အထူးသဖြင့် တရုတ်နိုင်ငံ နဲ့ ဖိလစ်ပိုင်နိုင်ငံကြား ပိုင်နက်နယ်မြေအငြင်းပွားမှုတွေ ပိုမိုအရှိန်မြင့်တက်လာခဲ့ပြီး တရုတ်စစ်သင်္ဘောတွေက ဖိလစ်ပိုင်စစ်သင်္ဘောတွေကို အငြင်းပွားပိုင်နက်နယ်မြေမှာ ဝင်တိုက်တာတွေရှိခဲ့ကြောင်း သိရပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေအတွက် အပြန်အလှန် ဝေဖန်ပြစ်တင်တာတွေလုပ်ဆောင်ခဲ့ရာ နှစ်ဖက်တင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အငြင်းပွားမှုတွေကိုလျော့ချဖို့၊ ခက်ခဲရှုပ်ထွေးမှုတွေကို အပြုသဘောဆောင် တဲ့ပုံစံမျိုးနဲ့ဖြေရှင်းဖို့၊ အစွမ်းကုန်သည်းခံကြဖို့ တောင်းဆိုထားပါတယ်။ အာဆီယံ နဲ့ တရုတ်နိုင်ငံကြား တောင်တရုတ်ပင်လယ်ဒေသမှာ code of conduct ဖန်တီးဖို့ ကြိုးပမ်းနေချိန်မှာပဲ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ရကြောင်း သိရပါတယ်။

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်အတွင်းရှိအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့လုပ်ရပ်တွေက ရန်စသလိုမျိုးဖြစ်နေကြောင်း ပြောဆိုထားပါတယ်။ ဖိလစ်ပိုင်အစိုးရက တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ဆက်ဆံရေးက အဆိုးဘက်ကိုဦးတည်နေကြောင်း မကြာသေးမီက ပြောခဲ့ဖူးပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရပ်ထားသည့် (၆)ဘီးကားကို HIJET ယာဥ်မှ ဝင်တိုက်မိခဲ့ရာ လူ(၆)ဦးထိခိုက်ဒဏ်ရာရ

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved