Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကို MNDAA ပူးပေါင်းအဖွဲ့တိုက်ခိုက်လာ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်

မြူနစ် (NSS) - ဒီဇင်ဘာ ၃၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကို MNDAA ပူးပေါင်းအဖွဲ့ တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ကိုးကန့်လက်နက်ကိုင် MNDAA ပူးပေါင်းအဖွဲ့သည် ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက်အစောပိုင်းမှစတင်ကာ ဒကစ(လောက်ကိုင်) ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


“လောက်ကိုင်မှာရှိတဲ့ ဒကစကို ကိုးကန့်လက်နက်ကိုင်တွေက မနက်ကတည်းက တိုက်နေတာ။ တော်တော်လေး ပြင်းထန်တယ်။ အခုလည်း တိုက်နေကြတုန်းပဲ။ တပ်ဘက်ကလည်း စစ်ကူတွေ လာပို့ပြီးတော့ အင်အားဖြည့်နေတာတွေ့ရတယ်။ ပြီးတော့ လေကြောင်းပစ်ကူတွေနဲ့ ချေမှုန်းတိုက်ခိုက်နေတာလည်း ရှိတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားသည်။

ဒကစ(လောက်ကိုင်) အား MNDAA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်လာသည့်အတွက် တပ်မတော်ဘက်ကလည်း လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

“လောက်ကိုင်မြို့ထဲမှာတော့ MNDAA အဖွဲ့တွေပဲ ကြီးစိုးနေကြတာ။ တပ်က သူ့စခန်းထဲမှာပဲ နေနေတာ။ အပြင်ထွက်ပြီး တိုက်ခိုက်တာမျိုးတော့ မတွေ့ရဘူး။ မနေ့က ညကလည်း ပလောင်ရွာမှာရှိတဲ့ တပ်စခန်းကို လက်နက်ကိုင်တွေ သိမ်းလိုက်တယ်လို့ ကြားတယ်။ အခုတော့ ဒကစအလှည့် ရောက်ပြီဆိုပြီးတော့ ပြောနေကြတာ ရှိတယ်။ မြို့ထဲမှာရှိတဲ့ အန်တီ တို့ အိမ်တွေလည်း တော်တော်လေးကို ပျက်စီနေပြီ” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။


MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအ ရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးကာလအတွင်း တပ်မတော်၏ လုံခြုံရေးစခန်းများ သိမ်းပိုက်ခံခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ဖူးပြီး လက်ရှိတွင် ၎င်းစစ်ဆင်ရေးသည် လောက်ကိုင်မြို့၌ ဆင်နွှဲနေလျက်ရှိသည်။

“အရင်ကဆိုရင် လောက်ကိုင်ကနေ ချင်းရွှေဟော်အထိ တပ်မတော်လုံခြုံရေးအဖွဲ့ရဲ့ ဂိတ်တွေက (၄)ဂိတ်လောက် ရှိတယ်။ အခုတစ်ခုမှ မရှိတော့ဘူး။ လောက်ကိုင်မြို့ထဲမှာဆိုရင် တိုက်ပွဲဖြစ်လို့ အိမ်တွေ၊ အဆောက်အဦးတွေ တော်တော်ပျက်စီးကုန်ပြီ။ အရင်ရက်ကဆိုရင် ရပ်ကွက်(၁)မှာရှိတဲ့ ဈေးလည်း မီးလောင်သွားတယ်။ တော်တော်လေးလည်း ပျက်စီးနေပြီ။ အန်တီတို့ အိမ်ဆိုရင် မှန်ကွဲသွားတာတွေ၊ ဘာတွေရှိတယ်” ဟု လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။

လက်ရှိတွင် MNDAA လက်နက်ကိုင်အဖွဲ့များအနေဖြင့် လောက်ကိုင်မြို့အတွင်းသို့ ဝင်ရောက်လာကာ အရပ်သားနေအိမ်များအပေါ်၌ ဝင်ရောက်နေရာယူလျက်ရှိပြီး မြန်မာလူမျိုးအပါအဝင် ဒေသခံများကို လောက်ကိုင်မြို့အတွင်းမှ ထွက်ခွာသွား ရန် အတင်းအဓမ္မနှင်ထုတ်နေမှုများရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စဥ့်ကိုင်မြို့အနီးကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved