အစ္စရေးကို စစ်လက်နက်ပစ္စည်းရောင်းချပေးတဲ့အမေရိကန်အစိုးရကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃၁
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းရောင်းချပေးခဲ့တဲ့ အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၅ဝ နီးပါးတန်ဖိုးရှိ ၁၅၅ မီလီမီတာ အမြှောက်ကျည်ဆံတွေ ရောင်းချပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန် အစိုးရဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက် အပြည့်အဝ စပွန်ဆာပေးနေကြောင်း၊ အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံက ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို ထောက်ခံနေသလို ပူးပေါင်းကြံစည်နေကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ က ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ဂါဇာစစ်ပွဲဟာ လက်ရှိအချိန်မှာ ရက်ပေါင်း အနည်းဆုံး ၉ဝ နီးပါးရှိလာပေမယ့် စစ်ပွဲကိုအဆုံးသတ်နိုင်ခြင်းမရှိသေးဘဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ က အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်ဟာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ နဲ့ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွတ်မြှောက်ချိန်အထိ စစ်ပွဲကို ဆက်တိုက်သွားဖို့ ဆုံးဖြတ်ထားပါ တယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲဖြစ်လာခဲ့ပြီး အမေရိကန်အစိုးရဟာ အစ္စရေးကို လိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေ ကူညီပေးနေကြောင်း သိရပါတယ်။
အမေရိကန်ဟာ ဒီဇင်ဘာလအစောပိုင်းတုန်းကလည်း အစ္စရေးကို ၁၂ဝ မီလီမီတာ တင့်ကားကျည်ဆံတွေ ရောင်းချ ပေးဖို့ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၂၁ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ဂါဇာဒေသကိုတိုက်ခိုက်ရာမှာ အရပ်သားတွေ ထိခိုက်ပျက်စီးမှု နည်းပါးအောင်လုပ်ဆောင်ဖို့ အစ္စရေးကို တိုက်တွန်းထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ပဲရစ်၊ လန်ဒန်မြို့တွေအပါအဝင် ကမ္ဘာကျော်မြို့တွေကို ကျော်ဖြတ်ပြီး ပြည်ပခရီးသွားလာရောက်မှု အများဆုံးမြို့အဖြစ် သတ်မှတ်ခံရ
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ