Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စောနယ်ဒါးဘိုမြ သမ္မတအဖြစ် တာဝန်ယူသော ကော်သူးလေအစိုးရတစ်ရပ် ဖွဲ့စည်းထူထောင်

မြူနစ် (NSS) - နိုဝင်ဘာ ၁၅

KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြ သမ္မတအဖြစ် တာဝန်ယူသော ကော်သူးလေအစိုးရတစ်ရပ် ထူထောင်ထားသည့် စာရွက်စာတမ်းအချို့ ပျံ့နှံထွက်ပေါ်လျက်ရှိသည်။


ကရင်အမျိုးသားအစည်းအရုံး(KNU)၏ KNDO တွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စောနယ်ဒါးဘိုမြသည် KNU မှခွဲထွက်ကာ ကော်သူးလေတပ်မတော်(KTLA)ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

လက်ရှိတွင် ကော်သူးလေအစိုးရအား ဖွဲ့စည်းတည်ထောင်ထားကြောင်း စောနယ်ဒါးဘိုမြ၏ လက်မှတ်ပါဝင်သည့် စာရွက်စာတမ်းအချို့သည် ပျံ့နှံ့လျက်ရှိသည်။

အဆိုပါစာရွက်စာတမ်းအချို့၌ အုပ်ချုပ်ရေး၊ တရားရေး၊ ကာကွယ်ရေးစသည့် အများပြည်သူတို့၏ အကျိုးစီးပွားများအတွက် နိုင်ငံရေးအရ ဦးဆောင်လမ်းညွှန်မှုပေးရန် လွတ်မြောက်နယ်မြေ၌ အခြေစိုက်သည့် အစိုးရတစ်ရပ် ထူထောင်ရန်ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ကော်သူးလေအစိုးရသည် ကော်သူးလေပြည်နယ် ကရင်နယ်မြေများတွင်းရှိ နိုင်ငံသားများနှင့် ပြည်သူများ၏အကျိုးကို ထမ်းဆောင်ရန် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်ဟု ရေးသားထားသည်။

ပြည်နယ်ဥသျှောင်သမ္မတအဖြစ် စောနယ်ဒါးဘိုမြက တာဝန်ယူမည်ဖြစ်ပြီး ဒုသမ္မတအဖြစ် စောဘဝါးနှင့် စောဆာဂေးဖိုးတို့က တာဝန်ယူမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ကော်သူးလေအစိုးရ၌ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စသော ဝန်ကြီးများကိုလည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါစာရွက်စာတမ်းပါ အချက်အလက်များကို အမျှော်အမြင်ရှိသည့် ကရင်လူထုအနေဖြင့် စိတ်ဝင်စားမှုမရှိကြောင်း နှင့် အဓိပ္ပာယ်မယ့်သည့်လုပ်ရပ်အဖြစ်မြင်ကြောင်း KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက NSS ကို သုံးသပ်ပြောကြားသည်။

“ကျွန်တော်လည်းပဲ ကရင်တွေထဲမှာ အဲဒီလိုအရူးထတဲ့ ကရင်အဖွဲ့တွေ များနေတော့ စိတ်တောင်မဝင်စားတော့ဘူး။ ကရင်တွေလည်း သိပါတယ်။ ဒီစာတွေက။ ကရင်လူထုထဲ အမျှော်အမြင်၊ အတွေးအခေါ်ရှိတဲ့ ကရင်တွေက ဒီစာတွေကို စိတ်မဝင်စားဘူး။ ဒါပေမယ့် စာနဲ့ပေနဲ့ ဖြစ်တဲ့အပေါ်မှာတော့ တစ်ချို့ကတော့ ဝေဖန်သုံးသပ်မှုတွေ ရှိလာတာပေါ့။ ဒါပေမယ့် ဒီစာတွေကတော့ ဘာမှမဟုတ်ပါဘူး။ အဓိပ္ပါယ်မဲ့ အလုပ်တွေပါ။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်တယ်”ဟု ပဒိုရွှေမောင်းက ပြောသည်။

စောနယ်ဒါးဘိုမြ ဦးဆောင်သော ကော်သူးလေတပ်မတော်(KTLA)အဖွဲ့ကို KNU တပ်မဟာ (၇)နယ်မြေအတွင်း လုံးဝချေ ချခွင့်ပြုမည်မဟုတ်ကြောင်း KNU ဘက်က သတိပေးထားဖူးသည်။

အလားတူ စောနယ်ဒါးဘိုမြ အစိုးရအဖွဲ့ထူထောင်မှုနှင့်ပတ်သက်၍ “ကရင်တွေရဲ့ အသိအမှတ်ပြုမှုကို ရမှာမဟုတ်ဘူး။ ဘယ်သူမှလည်း အသိအမှတ်မပြုဘူး။ တပ်မဟာ(၄)ကနေ KTLA ပါသွားတဲ့သူတွေ ပြန်လာနေကြတယ်။ KNU ဆီမှာပြန်လာနေတာ အတော်များနေပြီ။ သူ့မှာက အင်အားလည်းမများပါဘူး။ သူ့ရဲ့အစိုးရဆိုတဲ့အဖွဲ့မှာ ပါနေတဲ့သူတွေက အများအားဖြင့် နိုင်ငံခြားက လူတွေပဲ။ ပြည်တွင်းက မဟုတ်ဘူး” ဟု ကရင်တိုင်းရင်းသားခေါင်းဆောင်ပိုင်းအချို့နှင့် ဆက်နွယ်သူတစ်ဦးက NSS ကို ပြောသည်။

စောနယ်ဒါးဘိုမြသည် KNU လက်အောက်ခံဖြစ်သော KNDO ၏ စစ်ဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်ခဲ့ဖူးသူ ဖြစ်ပြီး ဝေါ်လေ၌ အစုလိုက်အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်၍ ၎င်းအား KNDO စစ်ဦးစီးချုပ်ရာထူးနှင့်တာဝန်မှ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ မဝင်ရောက်နိုင်သော်လည်း မိုးရွာသွန်းခြင်းများဖြစ်ပေါ်နိုင်

RELATED POSTS
RECENT POSTS
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်
29 Sep 2024
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”
29 Sep 2024
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
29 Sep 2024
ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
29 Sep 2024
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်
29 Sep 2024
လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော
29 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved