ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အာရပ်-အစ္စလာမ်မစ် ထိပ်သီးအစည်းအဝေးတက်ရောက်လာတဲ့ခေါင်းဆောင်တွေ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၂
ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ အာရပ်-အစ္စလာမ်မစ် ထိပ်သီးအစည်းအဝေးကိုတက်ရောက်လာတဲ့ နိုင်ငံတွေက ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့ တောင်းဆိုခဲ့သလို ဂါဇာဒေသရှိ ပါလက်စတိုင်းတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ငြင်းဆန်ပယ်ချထားကြောင်းသိရပါတယ်။
အစ္စရေးဟာ ကိုယ့်ကိုကိုယ်ခုခံပိုင်ခွင့်အရဆိုပြီး ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကိုတိုက်ခိုက်နေရာ အာရပ်-အစ္စလာမ်မစ်နိုင်ငံတွေက အဲဒီတိုက်ခိုက်မှုတွေကို ငြင်းဆန်ပယ်ချခဲ့တာဖြစ်ပါတယ်။
အာရပ်-အစ္စလာမ်မစ် ထိပ်သီးအစည်းအဝေးက "ဂါဇာဒေသကို အစ္စရေးကျူးကျော်တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာမျိုးဖြစ်တယ်။"လို့ ပြစ်တင်ရှုတ်ချထားပါတယ်။
ဒါ့ပြင် ဂါဇာဒေသကို တိုက်ခိုက်မှုတွေကို အဆုံးသတ်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခွင့်ပြုဖို့ အစ္စရေးနိုင်ငံထဲကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့နေခြင်းတွေကို ရပ်တန့်ဖို့ အာရပ်-အစ္စလာမ်မစ် ထိပ်သီးအစည်းအဝေးက တောင်းဆိုခဲ့ပါတယ်။ အာရပ်နဲ့ မွတ်စလင်နိုင်ငံခေါင်းဆောင်တွေဟာ အနာဂတ်ပါလက်စတိုင်းနိုင်ငံမှာ အနောက်ဘက်ကမ်းခြေမှ ဂါဇာဒေသကို သီးခြားဖြစ်စေမယ့် အဆိုပြုကမ်းလှမ်းချက်တွေကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ ပါလက်စတိုင်းပိုင်နက်အဖြစ် ဂါဇာဒေသနဲ့ အနောက်ဘက်ကမ်းခြေဒေသကို ပေါင်းစည်းထားရမှာဖြစ်ကြောင်း၊ အာရပ်-အစ္စလာမ်မစ် ထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အစ္စရေးဟာ အောက်တိုဘာလ ၇ ရက်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်မှုအဖြစ် ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်မှုတွေကို လက်ရှိအချိန်အထိ ပြုလုပ်နေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ