Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မူဆယ်၌ TNLA နှင့် SSPP အဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ SSPP ၏ မြို့နယ်မှူးအဆင့်ရှိသူနှင့် အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ

မြူနစ် (NSS) - နိုဝင်ဘာ ၈

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ယမန်နေ့(နိုဝင်ဘာလ ၇ ရက်)၊ နံနက်ပိုင်းတွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဘက်က ယနေ့ (နိုဝင်ဘာလ ၈ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

စယ်လန့်ကျေးရွာတွင် နေထိုင်သော ဒေသခံပြည်သူ စိုင်းမောဝ်အွန်ကို TNLA အဖွဲ့မှ ဖမ်းဆီးသွားခြင်းကိစ္စနှင့်ပတ်သက်၍ SSPP မူဆယ်မြို့နယ်မှူးဦးဆောင်သော တပ်ဖွဲ့က TNLA ထံသို့ အကျိုးအကြောင်းသိရှိရန်အတွက် သွားရောက်မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စိုင်းမောဝ်အွန် ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ SSPP မူဆယ်မြို့နယ်မှူး ဦးဆောင်သော (၇)ဦးသည် TNLA ထံ သွားရောက်မေးမြန်းစဉ်အချိန်တွင် ၎င်းဘက်က အင်အား(၁၀၀)ဝန်းကျင်ခန့်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ စတင်ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု SSPP/SSA ဘက်က ပြောသည်။

အဆိုပါအခြေအနေများကြောင့် စယ်လန့်ကျေးရွာအတွင်း၌ နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP ၏ မူဆယ်မြို့နယ်မှူးနှင့် အဖွဲ့ဝင်(၂)ဦးသည်လည်း စစ်သုံ့ပန်းအဖြစ် TNLA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ SSPP/SSA ဒုစစ်ဦးချုပ်စဝ်ငေါဝ်းဖအနေဖြင့် TNLA စစ်ဦးချုပ် တားဟိုပရန်ထံ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း စစ်သုံ့ပန်းများကို အရှင်လတ်လတ်သတ်ဖြတ်ပစ်ခဲ့သည်ဟု SSPP ဘက်က ထုတ်ပြန်ထားသည်။

“နှစ်ဖက် တိုက်ပွဲအတွင်း TNLA ဘက်က ၅ ဦးထက်မနည်း ကျဆုံးကာ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က တစ်ဦးကျဆုံးပြီး  မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး နှင့် တပ်သားတစ်ဦးကို TNLA ဘက်က အရှင်ဖမ်းဆီးပစ်သတ်ကာ အခြားသော ရဲဘော်များလည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်” ဟု SSPP အဖွဲ့က ပြောသည်။

TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသော စိုင်းမောဝ်အွန်သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိုင်းမောဝ်အွန်အား အမြန်ဆုံးပြန်လည်လွှတ်ပေးရန်အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်ရေးရာကော်မတီက တောင်းဆိုထားသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က တစ်စုံတစ်ရာထုတ်ပြန် ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်
29 Sep 2024
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”
29 Sep 2024
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
29 Sep 2024
ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
29 Sep 2024
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်
29 Sep 2024
လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော
29 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved