ဆီးရီးယားနှင့်အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ သီတင်းပတ်တစ်ပတ်အတွင်း အနည်းဆုံး (၁၃)ကြိမ် တိုက်ခိုက်ခံရ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
အီရတ်နှင့်ဆီးရီးယားနိုင်ငံရှိ အမေရိကန် နှင့် ၎င်း၏ မဟာမိတ်တပ်ဖွဲ့ဝင်များ သည် ပြီးခဲ့သော သီတင်းပတ်အတွင်း ဒရုန်းများ၊ ရော့ကတ်ဒုံးကျည်များပစ်ခတ်တိုက်ခိုက်ခံရမှု အနည်းဆုံး (၁၃)ကြိမ်တွေ့ကြုံခဲ့ရကြောင်းသိရသည်။
အစ္စရေးနှင့်ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ် ကြားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားနှင့် အီရတ်ရှိ လက်နက်ကိုင်အဖွဲ့များသည် အစ္စရေး၏ မဟာမိတ်ဖြစ်သော အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ကြောင်းသိရသည်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ပတ်ရိုင်ဒါက " အောက်တိုဘာလ ၁၇ ရက်ကနေ ၂၄ ရက်အထိ အမေရိကန် နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ အီရတ်နိုင်ငံမှာ ၁၀ ကြိမ်၊ ဆီးရီးယားနိုင်ငံမှာ သုံးကြိမ် တိုက်ခိုက်ခံခဲ့ရတယ်။ ဒရုန်းတွေ၊ ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးဖြစ်တယ်။ အဲဒီပစ်ခတ်မှုတွေဟာ အကြိမ်ရေ နည်းပါးပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ပတ် သက်ပြီး ထုတ်ဖော်ဝန်ခံထားတဲ့အဖွဲ့မရှိသေးဘူး၊ အီရန်နိုင်ငံက ကျောထောက် နောက်ခံပေးထားတဲ့လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်တာမျိုးဖြစ်နိုင်တယ်" ဟု ပြောသည်။
၎င်းက အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များသည် လက်ရှိထက်ပိုမိုတိုက်ခိုက်ခံရနိုင်ချေများလာဖွယ်ရှိနေကြောင်း ထပ်မံပြောဆိုထား သည်။
ISIS လက်နက်ကိုင်အဖွဲ့ကိုတိုက်ခိုက်ရန်အတွက် အမေရိကန်နိုင်ငံသည်ဆီးရီးယားနိုင်ငံတွင်တပ်ဖွဲ့ဝင်အရေအတွက် ၉၀၀၊ အီရတ်နိုင်ငံတွင် တပ်ဖွဲ့ဝင်အရေအတွက် ၂၅၀၀ ကျော်ဖြန့်ကြတ်ချထားကြောင်း သိရသည်။ အမေရိကန်အစိုးရသည် အဆိုပါတိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ခဲ့ရာ ကြီးမားသောထိခိုက်ဆုံးရှုံးမှုများမရှိခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်လယ် ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၀၀)ကျော်ကို ရောင်းချနိုင်ခဲ့
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ