Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသနှင့် အနောက်ဘက်ကမ်းခြေဒေသတို့တွင် သေဆုံးသူ ၂၂ဝဝ ကျော်အထိ မြင့်တက်လာ

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၄ 

အစ္စရေး နှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ကြားဖြစ်ပွားလျက်ရှိနေသည့်စစ်ပွဲကြောင့် အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၂၂၆၉ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁ဝဝဝဝ နီးပါးဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးက ပြောသည်။ ဟားမက်စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေး နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးက ဟားမက်စ်အဖွဲ့များ အခြေစိုက်နေသည့် ဂါဇာဒေသ နှင့် အနောက်ဘက်ကမ်းခြေဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 


အစ္စရေး၏ ၇ ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာဒေသ နှင့် အနောက်ဘက်ကမ်းခြေဒေသတို့တွင် လူပေါင်း ၂၂၆၉ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူများထဲမှ ၂၂၁၅ ဦးက ဂါဇာဒေသမှဖြစ်ကြောင်း သိရသည်။ အစ္စရေး ၏ ဗုံးကြဲမှုကြောင့် အနောက်ဘက်ကမ်းခြေဒေသတွင် လူပေါင်း ၅၄ ဦးသေဆုံးကာ ၁ဝဝဝ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 


အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် မြေပြင်ထိုးစစ်ဆင်နွှဲမှုစတင်လိုက်ပြီး တိုက်ပွဲအရှိန်ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။ လူဦးရေ ၁ သန်း ကျော်ရှိနေသည့် ဂါဇာဒေသတွင် နေထိုင်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း သိရသည်။ 


ဂါဇာဒေသတွင်နေထိုင်သူများကို ၂၄ နာရီအတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်တောင်းဆိုချက်က မဖြစ်နိုင် ကြောင်း၊ အချိန်တိုးပေးသင့်ကြောင်း ဗြိတိန်အစိုးရက တိုက်တွန်းတောင်းဆိုထားသည်။ အစ္စရေး နှင့် ပါလက်စတိုင်းကြားဖြစ်ပွားနေသည့်စစ်ပွဲကြောင့် သေဆုံးသူ၊ဒဏ်ရာရသူနှင့် နေရပ်စွန့်ခွာသူအရေအတွက်သည် တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လာခဲ့ပြီး ဂါဇာဒေသတွင် လူနေအဆောက်အဦးပေါင်း ၁၃ဝဝ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သောပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၅)ဦးအနက် တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

RECENT POSTS
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်
26 Sep 2024
BRICS အဖွဲ့မှာပါဝင်ဖို့ အာဖဂန်နစ္စတန်အစိုးရလိုလားနေ
26 Sep 2024
Joker: Folie A Deux ဇာတ်ကားအတွက် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိလာတော့မယ်လို့ လေဒီဂါဂါ ပြော
26 Sep 2024
အမေရိကန်အမျိုးသားတစ်ဦးက အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈) ချောင်းဖြင့်ပစ်မှတ်ကို ထိမှန်အောင်ပစ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်
26 Sep 2024
နိုင်ငံ့သစ္စာဖောက်ဝန်ထမ်းနှင့် အကြမ်းဖက်သမား (၇၀ဝဝ)ထက်မနည်း ရန်ကုန်လေဆိပ်မှမထွက်ခွာမီ ဖမ်းဆီးနိုင်ခဲ့
26 Sep 2024
အိန္ဒိယ ဒုံးကျည်စမ်းသပ်မှု သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့
26 Sep 2024
ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား
24 Sep 2024
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved