ကျောက်တံခါးမြို့၌ PDF အဖွဲ့မှ ပစ်ချတိုက်ခိုက်ခဲ့သော Drop Bomb တစ်လုံး လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - အောက်တိုဘာ ၆
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် PDF အဖွဲ့မှ ပစ်ချတိုက်ခိုက်ခဲ့သော Drop Bomb တစ်လုံး လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၃ ရက်၊ ညနေ ၃ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် မပွင့်ဦးသည် ၎င်းမိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့မှ စစ်တောင်းမြစ်တစ်ဖက်ခြမ်း ကျောက်ကြီးမြို့နယ်ဘက်မှနေ၍ Drone ယာဉ်လွှတ်တင်ကာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးပစ်ချတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ခြံဝန်းအတွင်းသို့ကျရောက်ကွဲခဲ့ရာ မပွင့်ဦး(၂၁)နှစ်တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ PDF အဖွဲ့မှ Drone ဖြင့် ဗုံးတစ်လုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါရပ်ကွက်တွင်နေထိုင်သည့် ဦးဌေးဝင်း၏ နေအိမ်ပေါ်သို့ PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှုမရှိခဲ့သော်လည် ဦးဌေးဝင်း(၆၂)နှစ်၏ နေအိမ် အမိုးသွပ်၊ မျက်နှာကျက်တို့ပျက်စီးသွားခဲ့ပြီး၊ စုစုပေါင်း ငွေကျပ်(၅)သိန်းခန့်် ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
ထို့နောက် အကြောင်းမဲ့ ဗုံးပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ(၆) ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ