ညဈေးတွင် တရားမဝင်အလုပ်လုပ်နေသောမြန်မာနိုင်ငံသားများ နှင့် အိန္ဒိယနိုင်ငံသားတစ်ဦးကို မလေးရှားအာဏာပိုင်များ ဖမ်းဆီး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများသည် ကီဒက်ပြည်နယ်က Taman Ria Jaya အမည်ရှိ ညဈေးကို ပြီးခဲ့သောရက်ပိုင်းတွင် စီးနင်းရှာဖွေချိန်အတွင်း မြန်မာနိုင်ငံသား ၅ ဦး နှင့် အိန္ဒိယနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကီဒက်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Mohd Ridzzuan Mohd Zain က ၎င်းတို့သည် ပတ်ဝန်းကျင်၏ သတိပေးတိုင်ကြားချက်ကို လက်ခံရရှိခဲ့ပြီးနောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော နိုင်ငံခြားသား ၆ ဦးထဲသည် အသက် ၁၅ နှစ် နှင့် ၄၅ နှစ်အရွယ်ကြားရှိသူများဖြစ်ကြောင်း ပြောသည်။
အဆိုပါနိုင်ငံခြားသား ၆ ဦးသည် တရားမဝင်အလုပ်လုပ်ကိုင်နေသည်ဟု သံသယရှိသည့်အတွက် စီးနင်းဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကီဒက်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ညွှန်ကြားရေးမှူးက "ဖမ်းဆီးခဲ့သူတွေထဲ ကနေ (UNHCR) ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ အခြားမြန်မာ နိုင်ငံသား ၄ ဦးနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်သွားဖို့ များပါတယ်" ဟု ပြောသည်။
လက်ရှိအချိန်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများသည် ဖမ်းဆီးထားသူ ၅ ဦးကို ထပ်မံစစ်ဆေးရန်အတွက် ကီဒက်ပြည်နယ် ရဲတပ်ဖွဲ့ထံလွှဲပြောင်းပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Air KBZ လေကြောင်းလိုင်းအစား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲ
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ