Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ပရီဂိုဇင် သေဆုံးစေခဲ့တဲ့ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
ရုရှားသမ္မတပူတင်က Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ပရီဂိုဇင် သေဆုံးစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုဟာ ဒုံးကျည်နဲ့ ပစ်ချခံရတာမျိုးမဟုတ်ဘဲ လေယာဉ်အတွင်း ပေါက်ကွဲစေတဲ့ဗုံးနဲ့ တိုက်ခိုက်ခံရခြင်းမျိုး ဖြစ်နိုင်ဖွယ်ရှိနေ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပရီဂိုဇင် ဦးဆောင်ပြီး ကြေးစားတပ်ဖွဲ့ခေါင်းဆောင်တွေ လိုက်ပါလာတဲ့ ပုဂ္ဂလိကလေယာဉ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ မှာ စိန့်ပီတာဘရက်စ်မြို့ကို သွားရောက်ချိန်အတွင်း လေထဲမှာ ပေါက်ကွဲသွားခဲ့ရာ ပရီဂိုဇင် အပါအဝင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူတွေမှာ Wagner အဖွဲ့ခေါင်းဆောင်ပရီဂိုဇင်၊ လက်ထောက်ခေါင်းဆောင် နှစ်ဦး၊ ပရီဂိုဇင်ရဲ့သက်တော် စောင့် ၄ ဦး နဲ့ လေယာဉ်မှူးသုံးဦးတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ စုံစမ်း စစ်ဆေးချက်အရဆိုရင်တော့ လေယာဉ်အတွင်းပိုင်းထဲမှာပဲ ပေါက်ကွဲပျက်စီးပျက်ကျခဲ့တာဖြစ်ကြောင်း ရုရှား သမ္မတပူတင် က ပြောပါတယ်။
ရုရှားသမ္မတ က "လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့သူရဲ့ခန္ဒာကိုယ်တွေမှာ လက်ပစ်ဗုံး အပိုင်းအစတွေ တွေ့ရှိခဲ့တယ်" လို့ ပြောပါတယ်။ လေယာဉ်ဟာ ပြင်ပက ထိခိုက်တာမျိုး မတွေ့ရဘူး" လို့ ပြောပါတယ်။
လေယာဉ်ပျက်ကျသွားခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ဒုံးကျည်နဲ့ပစ်ချခံရ တာဖြစ်ကြောင်း ကနဦး စတင်ပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ဟာ လေယာဉ်ပျက်ကျရာမှာ စုံစမ်းစစ်ဆေး ချက် အသေးစိတ်အခြေအနေများကိုတော့ ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါကြေးစားတပ်ဖွဲ့ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားစစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အငြင်းပွားမှု တွေဖြစ်ပွားခဲ့ကာ မော်စကိုမြို့အထိ ချီတက်မှုတွေရှိခဲ့ဖူးပါတယ်။ ဘီလာရုစ့်သမ္မတ လူကာရှန်ကိုရဲ့ ကြားဝင် စေ့စပ်မှုကြောင့် ကြေးစားတပ်ဖွဲ့ရဲ့ချီတက်မှုတွေ အဆုံးသတ်ခဲ့ပေမယ့် ရုရှားအစိုးရက ကြေးစားတပ်ဖွဲ့တွေကို နိုင်ငံ အတွင်းမှာမထားဘဲ ဘီလာရုစ့်နိုင်ငံကို ပြောင်းရွှေ့ခွင့်ပေးခဲ့သလို စစ်မှုထမ်းလိုသူတွေကိုလည်း စစ်မှုထမ်းခွင့် ပေးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ