ကျောက်ကြီးမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား KNU၊PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ ဆို
NSS - အောက်တိုဘာ ၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား KNU၊ PDF ပူးပေါင်းအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၃ ရက်၊ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်တွင် ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာအနီး ကျောက်ကြီး-နတ်သံကွင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၃ မိုင် ၁ ဖာလုံရှိ ခရုမြောင်း ကွန်ကရစ်တံတား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ခရုမြောင်းတံတားမှာ အလျားပေ(၈ဝ)၊ အကျယ် (၁၈)ပေခန့်ရှိကာ ၎င်းတံတားအား KNU၊ PDF ပူပေါင်းအဖွဲ့မှ လာရောက်၍ မိုင်းထောင်ဖောက်ခွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲခဲ့ရမှုကြောင့် ခရုမြောင်းတံတား၏ ကွန်ကရစ်လက်ရန်း၊ ကြမ်းခင်း နှင့် တံတား အောက်ခြေတို့ ပျက်စီး သွားခဲ့သောကြောင့် မော်တော်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
ထို့နောက် မိုင်းထောင်ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ပရီဂိုဇင် သေဆုံးစေခဲ့တဲ့ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကို ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ