Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ပွဲကို ကရင်လူထုအများစုက မလိုလားသော်လည်း စစ်ပွဲကိုအမှီပြု အကျိုးအမြတ်ရနေသူအချို့က တိုက်ပွဲများကို ဖန်တီးနေဟု ပဒိုရွှေမောင်း ဝေဖန်

မြူနစ် (NSS) - အောက်တိုဘာ ၆

ကရင်လူထုအများစုက စစ်ပွဲကို မလိုလားသော်လည်း စစ်ပွဲကိုအမှီပြုကာ အကျိုးအမြတ်ရနေသူအချို့က တိုက်ပွဲများကို ဖန်တီးနေကြောင်း ပဒိုရွှေမောင်းက ဝေဖန်ပြောကြားသည်။


KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းအား NP News သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်းရှိ ကရင်လူထုအများစုသည် စစ်ပွဲများကို မလိုလားကြောင်းနှင့် တိုက်ပွဲများမဖြစ်ရန် တောင်းဆိုနေမှုများရှိကြောင်း သိရသည်။


“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းဖို့က လူထုအများစုရဲ့ဆန္ဒပါ။ ငြိမ်းချမ်းစေချင်တယ်။ စစ်ပွဲကို ရပ်စေချင်တယ်။ စစ်ပွဲ နောက်ထပ်မဖြစ်စေချင်ဘူး။ အဲဒါက လူထုတွေရဲ့အများစုဆန္ဒပါ။ ဒါပေမယ့် နှစ်ရှည်လများ စစ်ပွဲတွေ ဖြစ်ပေါ်လာ တဲ့အပေါ်မှာ စစ်ကြောင့် အကျိုးဖြစ်ထွန်းမှု၊ သူတို့အတွက် အကျိုးစေရှိတဲ့ဟာတွေ စစ်ပွဲကို ဖန်တီးပြီးတော့မှ အကျိုးအမြတ်ရရှိအောင် လုပ်နေတဲ့လူတစ်ချို့ ရှိနေသလိုပဲလို့ ကျွန်တော်အနေနဲ့ အဲဒီလိုမျိုးပဲပြောချင်တယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကို အမှီပြုပြီးတော့မှ အကျိုးဖြစ်ထွန်းတဲ့ လူတွေပေါ့နော်။ စစ်ကိုအကြောင်းပြုပြီးတော့မှ သူတို့ရဲ့အကျိုးရှိအောင်၊ သူတို့အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ လူတစ်ချို့ရှိတာပေါ့နော်။ အဲဒါအနည်းစုပေါ့။ အဲဒီ လူတွေကတော့ စစ်ပွဲကို မဖြစ်ဖြစ်အောင် ဖန်တီးလိုတဲ့ဆောင်ရွက်မှုကတော့ ရှိနေတယ်” ဟု ပဒိုရွှေမောင်းက ပြောသည်။


လက်ရှိတွင် ကရင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲများသည် လူထု၏တောင်းဆိုမှုအရ ဖြစ်ပေါ်လာ သည့်တိုက်ပွဲများ မဟုတ်ကြောင်းနှင့် စစ်ပွဲကို အမှီပြုကာ ကိုယ်ကျိုးရှာနေသူအချို့က ဖန်တီးနေသည့်တိုက်ပွဲများ သာဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

ဆက်လက်ပြီး ပဒိုရွှေမောင်းက “ဘယ်လူထုကမှ တိုက်ပွဲကို ပြန်ဖော်ပါ။ ဗမာ့တပ်မတော်ကို တစ်ခါတည်း အကုန်အစင်    သုတ်သင်ရှင်းလင်းတိုက်ခိုက်ပစ်လိုက်ပါလို့ တောင်းဆိုတဲ့လူထုတွေကိုတော့ ကျွန်တော် မတွေ့ဘူး။ ဒါပေမယ့် စနစ်ပေါ့နော်။ စစ်ကိုဖြစ်စေတဲ့ စနစ်ကိုတော့ သူတို့ မလိုချင်တာတော့ အမှန်ပဲ။ သို့ပေမယ့် တိုက်ပွဲကို တော့ သူတို့ မလိုချင်ပါ ဘူး” ဟု ပြောသည်။


၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ကရင်ပြည်နယ် အတွင်း၌ KNU အဖွဲ့အစည်းလက်အောက်ရှိ KNLA၊ NUG လက်အောက်ရှိ PDF ပူးပေါင်းအဖွဲ့များ နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

“လူတွေကတော့ ဒုက္ခရောက်နေပြီ။ ကျွန်တော်တို့ ဒေသမှာဆိုလို့ရှိရင်လည်းပဲ စစ်ကြောင့် ပြေးရှောင်နေရတယ်။ အိုးအိမ်တွေလည်း ပျက်တယ်။ ပြေးနေရတယ်ဆိုတော့ ရှိသမျှဟာတွေ အကုန်လုံးပျက်စီးကုန်ပြီ။ အခုဆိုလို့ရှိရင် စစ်ဖြစ်တဲ့နေရာ ကျေးရွာလူထုအများစုကတော့ ဒုက္ခရောက်ကုန်ပြီဖြစ်တယ်။ ဒါကြောင့်မို့လို့ ရှေ့ဆက် လူထုတွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေကနေ လွတ်ကင်းဖို့အတွက်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံး ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ဖို့ လိုတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ပြည်သူလူထုခံစားနေရသည့် ဒုက္ခဆင်းရဲများမှ ကင်းဝေးစေရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြရန်လည်း KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗုံးခွဲတိုက်ခိုက်ဖွယ်ရှိတယ်လို့ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရှိ လေဆိပ် ၄ဝ ကျော်ကို လုံခြုံရေးအမြင့်ဆုံး တပ်လှန့်ထား

RECENT POSTS
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်
26 Sep 2024
BRICS အဖွဲ့မှာပါဝင်ဖို့ အာဖဂန်နစ္စတန်အစိုးရလိုလားနေ
26 Sep 2024
Joker: Folie A Deux ဇာတ်ကားအတွက် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိလာတော့မယ်လို့ လေဒီဂါဂါ ပြော
26 Sep 2024
အမေရိကန်အမျိုးသားတစ်ဦးက အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈) ချောင်းဖြင့်ပစ်မှတ်ကို ထိမှန်အောင်ပစ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်
26 Sep 2024
နိုင်ငံ့သစ္စာဖောက်ဝန်ထမ်းနှင့် အကြမ်းဖက်သမား (၇၀ဝဝ)ထက်မနည်း ရန်ကုန်လေဆိပ်မှမထွက်ခွာမီ ဖမ်းဆီးနိုင်ခဲ့
26 Sep 2024
အိန္ဒိယ ဒုံးကျည်စမ်းသပ်မှု သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့
26 Sep 2024
ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား
24 Sep 2024
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved