ဆီးရီးယား စစ်တက္ကသိုလ်သင်တန်းဆင်းပွဲအတွင်း ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူပေါင်း ၁ဝဝ ကျော် သေဆုံး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ Homs ဒေသရှိ စစ်တက္ကသိုလ်သင်တန်းဆင်းပွဲအတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၄ ဦး အပါအဝင် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်အခြေစိုက်လူအခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Syrian Observatory for Human Rights က " အောက်တိုဘာ ၅ ရက်က ဆီးရီးယားစစ်ဘက် အကယ်ဒမီသင်တန်းကျောင်းသင်တန်းဆင်းပွဲကို ဒရုန်းနဲ့ တိုက်ခိုက် မှုဖြစ်ပွားခဲ့တယ်။ လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့တယ်။ သေဆုံးသူအားလုံး တစ်ဝက်ကျော်က စစ်သင်တန်း ကျောင်းမှ တက်ရောက်နေသူတွေဖြစ်တယ်။ လူပေါင်း ၁၂၅ ဦး ဒဏ်ရာရခဲ့တယ်" လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုထားတဲ့ အဖွဲ့အစည်းမရှိကြောင်း သိရပါတယ်။ ဆီးရီးယားအစိုးရ ကတော့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းတွေဟာ စစ်ဘက် အကယ်ဒမီသင်တန်းကျောင်းမှာ သင်တန်း ဆင်းမယ့်အရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
အဆိုပါစစ်တက္ကသိုလ်သင်တန်းကျောင်း သင်တန်းဆင်းပွဲကို ကာကွယ်ရေးဝန်ကြီး အလီမာမွတ်အာဘတ် ရောက်ရှိ ခဲ့ပြီး ဒရုန်းနဲ့တိုက်ခိုက်မှုမဖြစ်ပွားခင် မိနစ်ပိုင်းအလိုမှာ ပြန်သွားခဲ့တဲ့အတွက် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။ မျက်မြင်တွေ့ရှိသူတစ်ဦးက "စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ အသိအမှတ်ပြုလက်မှတ်တွေ ပေးပြီး ချိန်မှာ လူတွေဟာ ပြန်ဖို့ စီစဉ်ကြတယ်။ အဲဒီအချိန်မှာ ကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ခဲ့တယ်" လို့ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်က ပြည်တွင်းစစ် စတင်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ပြည်တွင်းစစ်မှာ ပါဝင် ဆက်နွယ်နေခဲ့ကြောင်း၊ သမ္မအာဆက်ဒ်ဟာ ရုရှား နဲ့ အီရန်နိုင်ငံတို့ရဲ့စစ်ရေးအကူအညီများကို ရယူကာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု အထောက်အပံ့ရထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖြိုခွင်းနိုင်ခဲ့ကာ နိုင်ငံပိုင်နက် နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သုဝဏ္ဏ၌ ခရီးသည် သုံးဦးက Taxi ယာဉ်မောင်းအား ဓားဖြင့် တိုက်ခိုက်ကာ ကားလုယက်သွား
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ