အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကီဗင်မက္ကာသီ အယုံကြည်မရှိအဆိုတင်သွင်းခံရကာ ရာထူးမှဖယ်ရှားခံရ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၄
အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကီဗင်မက္ကာသီကို အယုံကြည်မရှိအဆိုတင်သွင်းပြီး အောက်တိုဘာလ ၃ ရက်မှာ ရာထူးကနေဖြုတ်ချလိုက်ကြောင်းသိရပါတယ်။
မက္ကာသီကို အောက်လွှတ်တော်အတွင်း ဥက္ကဋ္ဌအဖြစ် အယုံအကြည်မရှိကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ မက္ကာသီကို ရာထူးမှဖယ်ရှားဖို့ ထောက်ခံမဲ ၂၁၆မဲ၊ ကန့်ကွက်မဲ ၂၁၀ မဲ ရှိခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အောက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီဝင်များကြီးစိုးထားပြီး မက္ကာသီဟာလည်း ရီပတ်ဘလီကန်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် မက္ကာသီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အစိုးရဘတ်ဂျတ် ရန်ပုံငွေခွင့်ပြုပေးရေးနဲ့ပတ်သက်ပြီး အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီအမတ်များနဲ့ သဘောတူညီမှု စာချုပ်များချုပ်ဆိုခဲ့ရာ ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်များကြားအငြင်းပွားမှုတွေရှိခဲ့ပါတယ်။
ရီပတ်ဘလီကန်ပါတီအတွင်းရှိ သဘောထားတင်းမာတဲ့ အမတ်အချို့က အစိုးရကို ဘတ်ဂျက်ရန်ပုံငွေ ခွင့်ပြုမပေးဘဲ အစိုးရအေဂျင်စီများ Shutdown ဖြစ်လိုနေကြောင်းသိရပါတယ်။ မက္ကာသီနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ အမတ်တစ်ဦးဖြစ်တဲ့ Matt Gaetz က မက္ကာသီကို အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးမှဖြုတ်ချဖို့ ဦးဆောင်ခဲ့ကြောင်းသိရပါတယ်။ ဖလော်ရီဒါပြည်နယ်ရဲ့ ရီပတ်ဘလီကန်ပါတီ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Matt Gaetz က မက္ကာသီဟာ ယူကရိန်းကို အကူအညီများဆက်လက်ပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရနဲ့ လျှို့ဝှက်စာချုပ်များချုပ်ဆိုထားကြောင်း စွပ်စွဲမှုတွေရှိနေကြောင်းသိရပါတယ်။
မက္ကာသီဟာ အောက်တိုဘာလ ၃ ရက်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးကို ဆုံးရှုံးသွားခဲ့ပြီးနောက် ရီပတ်ဘလီကန်ပါတီ လွှတ်တော်ကိုယ်စားအချို့နဲ့ private meeting လုပ် ဆောင်ခဲ့ပြီး ၎င်းအနေနဲ့အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ မက္ကာသီဟာ ဇန်နဝါရီလမှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရပြီး Matt Gaetz အပါအဝင် ရီပတ်ဘလီကန်ပါတီအတွင်းရှိ လက်ယာစွန်းလွှတ်တော်ကိုယ်စားလှယ်အချို့က မက္ကာသီကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်ထားဖို့ ထောက်ခံမဲပေးတာမျိုးမရှိခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ်ဖြင့် ရွှေတံဆိပ်ရယူသွားခဲ့သည့် မြန်မာအမျိုးသားပိုက်ကျော်ခြင်းလုံးအသင်း
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ