ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှော့ပင်းမောစင်တာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူအများအပြား ထွက်ပြေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရှောပင်းမောတစ်ခုမှာ အောက်တိုဘာ ၃ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဈေးလာဝယ်သူများ ထွက်ပြေးခဲ့ရကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများရှိနေခဲ့ပြီး လူတစ်ဦးက ရှော့ပင်းမောအတွင်း သေနတ်ကိုင်ဆောင်ကာ ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘန်ကောက်ရဲတပ်ဖွဲ့က လက်ရှိအချိန်မှာ အခြေအနေတွေကို ထိန်းသိမ်းထားနိုင်ပြီး ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောဆိုထားပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ရုပ်သံဖိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ကလေးငယ်များ အပါအဝင် လူအများအပြားဟာ Siam Paragon အမည်ရှိ ရှော့ပင်းမောရဲ့တံခါးပေါက်ကို အလျင်မြန်ထွက်ပြေးနေခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်က ၎င်းအနေနဲ့ ဘန်ကောက်မြို့ရှော့ပင်းမောမှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များတင်ပြမှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Achayon Kraithong က ထိုင်းရဲချုပ်ဟာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့ ရှော့ပင်းမောရဲ့အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ဖြန့်ကြတ်ခဲ့ကြော်ငး သိရပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ ရှော့ပင်းမောအတွင်း ရောက်ရှိနေတဲ့လူတွေကို ရှော့ပင်းမောရှိ စားသောက်ဆိုင်ရဲ့ အမှောင်ခန်းထဲကို သွားရောက်ပုန်းခိုင်းခြင်းများလည်းရှိနေကြောင်း ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ကို အသုံးပြုပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကလည်း ရဲအရာရှိဟောင်းတစ်ဦးဟာ ကလေးထိန်း စင်တာကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်တပ်အရာရှိဟောင်းတစ်ဦးဟာလည်း ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Nakhon Ratchasima ပြည်နယ်ရှိ မတူညီတဲ့နေရာလေးခုကို သေနတ်နဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ ၂၉ ဦး သေဆုံးပြီး အနည်းဆုံး ၅၇ ဦး ဒဏ်ရာရခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်ချုပ်နဲ့ စောမူတူးစေးဖိုးတို့ တွေ့ဆုံမှုအပေါ်တုန်လှုပ်နေတဲ့ KNU၊ ပြည်ခိုင်ဖြိုးပါတီဝင်(၄)ဦး ထပ်အသတ်ခံရပြီး (၂ဝဝဝ)ကျော်ရှိလာ၊ လူငယ်လုပ်ငန်းရှင်တစ်ဦးကို Urban Owls အဖွဲ့သတ်ဖြတ် (၃-၁ဝ-၂ဝ၂၃)
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ