အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး မက်မီလေး စစ်ဦးစီးချုပ် ရာထူးကနေ အနားယူ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ဝ
အမေရိကန်ထိပ်တန်း ဗိုလ်ချုပ်ကြီးမက်မီလေးဟာ စစ်ဦးစီးချုပ်အဖြစ် (၄)နှစ်ကျော်ကြာတာဝန်ယူပြီးနောက် စက်တင်ဘာလ ၂၉ ရက်မှာ ရာထူးကနေ အနားယူသွားခဲ့ကြောင်းသိရပါတယ်။
မက်မီလေးဟာ အမေရိကန်စစ်တပ်ရဲ့ အာဖဂန်နစ္စတန်၊ အီရတ်၊ ပါမားနား နဲ့ ဟေတီနိုင်ငံတို့အပေါ် စစ်ရေးအရ ကျူးကျော်ဆောင်ရွက်မှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။ မက်မီလေး အမေရိကန်စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်းမှာ ၂၀၁၉ ခုနှစ်က ISIS အဖွဲ့ခေါင်းဆောင်ကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့သလို ၂၀၂၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာလည်း ယူကရိန်းတပ်ဖွဲ့တွေကို စစ်ရေးအကူအညီပေးနိုင်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန် ဗိုလ်ချုပ်ကြီးမက်မီလေးက "ကျွန်တော်တို့ဟာ ဘုရင်၊ ဘုရင်မ နဲ့ အာဏာရှင်တွေကို သစ္စာခံဖို့ ကျမ်းသစ္စာကျိန်ဆိုထားခြင်းမရှိဘူး။ ကျွန်တော်တို့ဟာအာဏာရှင်ကို လိုလားခြင်းမျိုးမရှိဘူး။ တစ်ဦးတစ်ယောက်အပေါ် သစ္စာမခံဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းသာလုပ်ဆောင်တာပါ"လို့ ပြောပါတယ်။
မက်မီလေးဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပေမယ့် လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ချီးကျူးခံခဲ့ရသူဖြစ်ပါတယ်။ မက်မီလေးဟာ စစ်ဦးစီးချုပ်ရာထူးကို အမေရိကန်လေတပ်တပ်ဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ချားလ်ဘရောင်းကို လွှဲပြောင်းပေးမှာဖြစ်ကြောင်းသိရပါတယ်။ ဘရောင်းဟာ လူမည်းတစ်ဦးဖြစ်ရာ အမေရိကန်စစ်ဦးစီးချုပ်ရာထူးကို နှစ်ပေါင်း (၂၀)ကျော်အတွင်း ခန့်အပ်ခံရတဲ့ ပထမဆုံးလူမည်းတစ်ဦးဖြစ်လာခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦး အိမ်ရှေ့ရှိသရက်ပင်၌ ကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့၌ ဖြစ်ပွား
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ