အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်နဲ့သားနှစ်ဦးတို့ လိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း နယူးယောက်မြို့ တရားသူကြီးပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၇
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ သူရဲ့သားတွေဖြစ်တဲ့ အဲရစ်ထရမ့်၊ ဒေါ်နယ်ထရမ့်ဂျူနီယာတို့ဟာ ၎င်းတို့ ပိုင်ဆိုင်မှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ လိမ်လည်နေခဲ့ကြောင်း နယူးယောက်မြို့ တရားသူကြီးတစ်ဦးက စွပ်စွဲဝေဖန်လိုက်ပါတယ်။
နယူးယောက်မြို့တရားသူကြီး Arthur Engoron ဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ် နဲ့ Trump Organization အဖွဲ့တို့ဟာ ပိုင်ဆိုင်မှု၊ ကြွယ်ဝချမ်းသာမှုတွေကို စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး အမှန်တကယ် ပိုင်ဆိုင်တဲ့ ပမာဏထက် ကျော်လွန်ကာ တင်ပြလိမ်လည်ထားကြောင်း ဆိုပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ သားတွေဟာ အခွန်လိမ်လည်မှုတွေရှိခဲ့သလို ပိုင်ဆိုင်မှုတန်ဖိုးထက် ကျော်လွန်တဲ့တန်ဖိုးကို ပြသပြီး၊ ငွေကြေးချေးငှားရယူမှုတွေကို နှစ်ပေါင်းများစွာကြာလုပ်ဆောင်ခဲ့ကြောင်း နယူးယောက်မြို့တရားသူကြီး က ပြောပါတယ်။
တရားသူကြီးဟာ ဒေါ်နယ်ထရမ့် နဲ့ သူရဲ့သားနှစ်ဦးတို့ကို နယူးယောက်မြို့မှာ အိမ်ခြံမြေ လုပ်ငန်းမှာ ပါဝင်လုပ်ကိုင် ခွင့်ပြုထားတဲ့လိုင်စင်ကို ပြန်လည်ရုတ်သိမ်းခဲ့သလို ဒေါ်နယ်ထရမ့်နဲ့သားနှစ်ဦးတို့ကို Trump Organization အဖွဲ့အစည်းက ဖယ်ထုတ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် တရားသူကြီးဟာ ဒေါ်နယ်ထရမ့်နဲ့ သားနှစ်ဦးတို့ကို လိမ်လည်မှုများကျူးလွန်ခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ ဒဏ်ရိုက်သွားဖို့ စီစဉ်နေ ကြောင်း သိရပါတယ်။
တရားသူကြီးက ဒေါ်နယ်ထရမ့်နဲ့ သူရဲ့အဖွဲ့စည်းတွေဟာ အမှန်တကယ် ပိုင်ဆိုင်ကြွယ်ဝတဲ့ပမာဏထက် စာရင်းပို လိမ်လည်တင်ပြပြီး၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အထိ ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေကနေ ငွေကြေးများကို အတိုးနဲ့ အများအပြား ချေးယူခဲ့ကြောင်း ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူရဲ့စုစုပေါင်း ကြွယ်ဝချမ်းသာမှုတွေအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ ကနေ ၃ ဒသမ ၆ ဘီလျံအထိ ရှိခဲ့တယ်လို့ လိမ်လည်တင်ပြခဲ့ကြောင်း နယူးယောက်မြို့တရားသူကြီးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာပြပွဲတွင် မြန်မာလုပ်ငန်းရှင်များပါဝင်ပြသရန် ဖိတ်ခေါ်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ