မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် တောင်ကိုရီးယားနှင့် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ထုတ်ဖော်ပြော
Pika (NSS) - စက်တင်ဘာ ၂၄
တရုတ်နိုင်ငံသည် အချိန်နှင့်အညီဖွံ့ဖြိုးတိုးတက်သော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အတွက် တောင်ကိုရီးယားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo ကို တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၊ ရုရှား နှင့် အမေရိကန်နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ယခုကဲ့သို့ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ Hangzhou မြို့တွင် ကျင်းပမည့် Asian Games ပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီ ရှီကျင့်ဖျင်သည် Han Duck-soo နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း (CCTV) သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာလ(၂၆)ရက်မှာ ကျင်းပမည့် တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား တို့၏ အကြီးတန်းအရာရှိများ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ တရုတ်သမ္မတရှီကျင့်ဖျင်က ယခုကဲ့သို့ ထုတ်ပြန်ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါ သုံးနိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုသည် လေးနှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပမည့် အစည်းအဝေးပွဲ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ သုံးနိုင်ငံကြားဆွေးနွေးပွဲကို ကြိုဆိုကြောင်း နှင့် အစည်းအဝေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မည့်ကိစ္စကို အလေးအနက်ထားစဉ်းစားသွားမည်ဖြစ်ကြောင်း Han Duck-soo ကို ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း သိရသည်။
သုံးနိုင်ကြားအစည်းအဝေး (သို့မဟုတ်) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်လည်ပတ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်၏ မှတ်ချက်များကို တရုတ်ဖက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမျိုးမရှိကြောင်း လည်း သိရသည်။ ထို့အပြင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် တောင်ကိုရီးယား၏ အပြုသဘောဆောင်သောဆန္ဒများကို တရုတ်နိုင်ငံက အလေးထားကြောင်း ရှီကျင့်ဖျင်က ပြောခဲ့သည်။
ယခုလအစောပိုင်းတွင် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သွားရောက်လည်ပတ်ခဲ့ပြီး နောက် တောင်ကိုရီးယား အပါအဝင် ၎င်း၏ မိတ်ဖက်နိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန် တို့နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား တင်းမာမှုများပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဒိုင်လူကြီးအန်သိုနီတေလာ၏ ဆုံးဖြတ်ချက်များကို မန်စီးတီးနည်းပြ ဝေဖန်ပြစ်တင်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ