Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကွင်းအတွင်းဝင်ရောက်ကာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည့် I.S.P.E FC နှင့် Yadanarbon FC ဒဏ်ငွေ (၁၀) သိန်း ပြစ်ဒဏ်ချမှတ်

သန့်ဇင် (NSS) - နိုင်ဝင်ဘာ ၄

သန်လျင်မြို့ သီဟဒီပကွင်း၌ အောက်တိုဘာ (၃၀) ရက်က ကျင်းပခဲ့သည့် Grand Royal M League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ၊ ပွဲစဉ်အမှတ် (၃၁) တွင် ကွင်းအတွင်းဝင်ရောက်ကာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည့် I.S.P.E FC နှင့် Yadanarbon FC အသင်းများ ဒဏ်ငွေ (၁၀) သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း  M League က ယနေ့(နိုဝင်ဘာ ၄ ရက်) တွင် ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာ (၂) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာလိဂ်အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ကာ အရေးယူပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

I.S.P.E FC နှင့် Yadanarbon FC အသင်းတို့သည် အောက်တိုဘာ(၃၀)ရက် က ကစားခဲ့သည့် ပွဲစဉ်တွင် ဒိုင်လူကြီးက ပွဲပြီးခရာမှုတ်ပြီးနောက် နှစ်ဖက်အသင်းသားများ၊ အုပ်ချုပ်/ နည်းပြအဖွဲ့ဝင်များနှင့် အရန်ကစားသမားများသည် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထို့ကြောင့် M League I & II 2026-27 Regulations ပါ စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၂)၊ အပိုဒ်ခွဲ (၈) နှင့် (၁၅) တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် I.S.P.E FC နှင့် Yadanarbon FC အသင်းတို့ကို ဒဏ်ငွေ ကျပ် (၁၀) သိန်းစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပွဲပြီးခရာမှုတ်ပြီးချိန်တွင် I.S.P.E FC အသင်းမှ ကျောနံပါတ် (၂၆) နိုင်လင်းဖြိုးသည် Yadanarbon FC အသင်းမှ ကျောနံပါတ် (၄၀) Felipe Mendes Ferrareze ရှေ့၌ အလွန်အကျူး အောင်ပွဲခံခဲ့ကြောင်း သိရသည်။

ယင်းလုပ်ရပ်သည် ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခြင်းဖြစ်ပြီး မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်စေခဲ့ သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၂)၊ အပိုဒ်ခွဲ (၁၈) အရ နိုင်လင်းဖြိုးကို ဒဏ်ငွေ ကျပ်(၃) သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။


အဆိုပါပွဲစဉ်အပြီးဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်၍ တာဝန်ကျဒိုင်လူကြီးအဖွဲ့၏ ဆောင်ရွက်ချက်များကို ဒိုင်ကော်မတီအနေဖြင့် ပြန်လည်စိစစ်သုံးသပ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသို့ ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားမှ CMP စက်ရုံ(၁၄၀ဝ) ခန့်က ထားဝယ် SEZ တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved