Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်ဖွဲ့ကွဲနေသည့် အိမ်ခြံမြေအသင်းကို ညီနောင် အသင်းအဖြစ် ပြန်လက်ခံမည့်ကိစ္စ့ UMFCCI ဖွင့်ဟ


စော  (NSS) - နိုဝင်ဘာလ ၄ 

နှစ်ဖွဲ့ကွဲနေသည့် အိမ်ခြံမြေအသင်းကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ရွေးကောက်တင် မြှောက်ပါက UMFCCI ၏ ညီနောင်အသင်းအဖြစ် ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI  ၏ အသင်း ရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှအသင်းသားများသည် အသင်းချုပ်၏ညှိနှိုင်း ဖျန်ဖြေမှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိခြင်း နှင့် အသင်းအဖွဲ့များ ဂုဏ်သိက္ခာကျဆင်း ဖွယ်ကိစ္စ ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် UMFCCI ၏ ညီနောင် အသင်းအဖြစ်မှ ယာယီ ထုတ်ပယ်ကြောင်း စာထွက်ပေါ်ခဲ့သည်။ 

" အိမ်ခြံမြေဝန်ဆောင်မှုအသင်းကျတော့ နှစ်ဖွဲ့ကွဲသွားတာပေါ့နော်။ အပေါ်ပိုင်းမှာ တာဝန်ယူ ထားတဲ့ အဖွဲ့တွေက နှစ်ဖွဲ့ကွဲသွားတယ်။ ကွဲသွားတဲ့ အချိန်မှာ ဒီ နှစ်ဖွဲ့လုံးကို ခေါ်ပြီးတော့ ညှိနှိုင်းပေးတာ ပေါ့နော်။ သူတို့ကို ဒီဖွဲ့စည်းပုံစည်းမျဉ်းအတိုင်း  လိုက်နာကြဖို့  ပြောတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း အတိုင်း လိုက်နာပြီးတော့ ဆောင်ရွက်ကြဖို့ ပြော တယ်။ အကြိမ်ကြိမ်လည်း ညှိနှိုင်းခဲ့တယ်။ တော်တော် လည်း ကြာပါပြီ နှစ်တွေ။  ဒါပေမဲ့ အဲဒါတော့ အဆင် မပြေခဲ့ဘူး။ အဆင်မပြေခဲ့ဘူးဆိုတာ ညှိနှိုင်းတယ်။ သူတို့က မလိုက်နာနိုင်ဘူးလေ။ မလိုက်နာနိုင်တော့ နောက်ဆုံးသူတို့ကို ညီနောင်အသင်းက ခဏဆိုင်းငံ့ ထားတယ်။ သူတို့တွေက အမှုတွေလည်း ဖြစ်နေကြ တယ်လေ"ဟု ၎င်းကပြောသည်။ 

အသင်းအတွင်း သဘောထားကွဲလွဲမှုများ ရှိနေပါက ပြန်လည်စည်းလုံးညီညွတ်မှုရှိစေရန် သက်ဆိုင်သူများကို ခေါ်ယူညှိနှိုင်းပေးလျက်ရှိရာ အချို့အသင်းများတွင် အဖွဲ့ကွဲနေခြင်းထက် အယူ အဆကွဲလွဲမှုများသာရှိနေ၍  သက်ဆိုင်ရာ အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများနှင့်အညီ အစည်း အဝေးခေါ် ယူကာ ပြန်လည်စေ့စပ်ညှိနှိုင်းပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

"အဓိကကတော့ သူတို့ရဲ့ အသင်းသား တွေအပေါ်မှာ မူတည်တာပေါ့။ သူတို့ အသင်းသား တွေရဲ့ ဆန္ဒ၊ နောက်ပြီးတော့ သူတို့က ဒီဟာကို ဖွဲ့ စည်းပုံစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်နိုင်ပြီ ဖြစ်နေတဲ့ အမှုကိစ္စတွေလည်း အားလုံးပြီးပြတ်သွားပြီ။ သူတို့ အသင်းကြီးကလည်း စည်းစည်းလုံးလုံးညီညီ ညွှတ်ညွှတ်နဲ့ ပြန်ပြီးတော့ ရွေးချယ်တဲ့ ဖွဲ့စည်း ပုံစည်းမျဉ်းအတိုင်း ရွေးချယ်တင်မြှောက်ပွဲတွေ ပြန် လုပ်မယ်။  ပြန်ပြီးတော့ နှစ်ပတ်လည် အစည်းအဝေး တွေလုပ်မယ်။ ပြန်လည်ရွေးကောက်တင်မြှောက်ကြ မယ်။ အားလုံးက သူတို့အသင်းသားတွေ အားလုံးက လည်း သဘောတူပြီးတော့လက်ခံကြတယ်ဆိုလို့ရှိ ရင် ဒါကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ညီနောင်အ သင်းအဖြစ် ပြန်ပြီးတော့ လက်ခံဆောင်ရွက်သွားမှာ"ဟု ၎င်းကဆက်လက် ပြောသည်။

UMFCCI လက်အောက်ရှိ ညီနောင် အသင်းများအနက် အိမ်ခြံမြေဝန်ဆောင်မှုအသင်း တစ်ခုတည်းသာ နှစ်ဖွဲ့ကွဲလျက်ရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)တွင်  ဦးခင်မောင်သန်း ဦး ဆောင်သော အသင်းနှင့် ဒေါ်မို့မို့အောင် ဦးဆောင် သော အသင်းဟူ၍ နှစ်ဖွဲ့ကွဲလျက်ရှိပြီး (၂၀၂၆-၂၀၂၉) သက်တမ်းအတွက် နှစ်ဖက်အသင်းစလုံးတွင် အသင်းသားများက ရွေးချယ်တင်မြှောက်ထားရာ ယခင်ဥက္ကဋ္ဌများဖြစ်သည့် ၎င်းတို့နှစ်ဦးစလုံးက ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ခံထားရကြောင်း သိရသည်။                                                                   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ နိုဝင်ဘာ (၁၂) ရက်တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာမည်

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved